Part 17

1K 79 0
                                    


မုန်းပါနဲ့ဦး

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

မုန်းပါနဲ့ဦး

အပိုင်း (၁၇)

#မုန်းပါနဲ့ဦး

"ဖိုးဖိုး...ဒီမှာ လိမ္မော်သီးစားပါဦး.."

"အေး...ငါ့သမီးက လိမ်မာလိုက်တာကွာ...သမီး အိမ်မှာချည်းနေရတာ ပျင်းရင် အပြင်လေး ဘာလေးထွက် ပါလား.."

"အချစ်က လျှောက်သွားချင်ပေမဲ့ ဦးဒီက နဲ့ သွားလို့ မရဘူးလေ..."

"ဟုတ်သားပဲ...ကဲ ဒါဖြင့် ရူပါ လိုက်ပို့လိုက်ကွာ.."

"ဗျာ..."

ရူပါက မျက်လုံးပြူးဖြင့် ဗျာလိုက်တော့ စပျစ်သီး အခွံပါးလေး နွှာနေရာမှ ခဏရပ်၍ တစ်ချက်ကြည့်လိုက်သည်..။

"မဖြစ်ဘူး ထင်တယ်..ဖေကြီး...ရူပါက အလုပ်တွေနဲ့လေ..."

"ဖိုးကောင်း နဲ့ သွားပါလား..ပန်းအချစ်ဦး.."

သူမကို ပါ တစ်ဆက်တည်းလှည့်ပြီး ပြောလိုက်တော့ မျက်နှာက အလိုမကျစွာဖြင့် နှုတ်ခမ်းစူ ခေါင်းငုံ့နေတာ သိပေမဲ့ မသိချင်ယောင်သာ ဆောင်ထားလိုက်သည်..။

"ဖိုးကောင်းကို အချစ်က ဘယ်လို ပူဆာမလည်း.."

"လိုချင်တာတွေ ၀ယ်လို့ရအောင် ပိုက်ဆံပေးလိုက်မယ်လေ..."

"နေပါစေတော့...အချစ် မသွားချင်တော့ပါဘူး..."

"ကဲပါ... ကျွန်တော်မျိုး ကိုယ်တိုင် လိုက်ပို့ပါ့မယ်...စိတ်တော် အလိုကျပါရဲ့လား မယ်တော် ပန်းအချစ်ဦးရယ်.."

"ဟင်..တကယ်လား.."

"အင်း..."

"ကျေးဇူးတင်ပါတယ်..ဖိုးဖိုး.."

"ဟေ.."

"ဟား..ဟား..."

"ခုတော့ မဖြစ်သေးဘူး...လဆန်းပိုင်းလောက် အလုပ်ပါးမှ လိုက်ပို့မယ်လေ..."

မုန်းပါနဲ့ဦး (Complete)Donde viven las historias. Descúbrelo ahora