.
မုန်းပါနဲ့ဦး
အပိုင်း (၁)
#မုန်းပါနဲ့ဦး
"ကဲ...ဒီတစ်ခါ မချမ်းသာရင် သေ မြေကြီးတောင် ရမှာမဟုတ်ဘူး.."
"ဟား..ဟား..ဘာဖြစ်လာပြန်ပလည်း..ဘကျော်ရာ.."
"ငါ ဘာရလာလည်း မင်းမသိသေးလို့ပါ...ဒီမှာ.."
ဝါကျင့်ကျင့် စက္ကူ အထုတ်ကလေးကို မီးဖိုဘေးက ခုံလေးပေါ် တင်လိုက်တော့ လှအောင် က လက်ထဲက ဆေးပေါ့လိပ်ကို ပြာချွေချလိုက်ပြီး လက်ကြားညှပ်ခါ စက္ကူထုတ်ကို မထူးဆန်းသလို ယူကြည့်သည်..။
ဒီကောင် ဘကျော်က ရသမျှ ကျောက်ခဲ အပိုင်းအစ အားလုံးကို ပြည်တန် ပတ္တမြား ထင်နေတာကလည်း ဒုက္ခ တစ်မျိုးပင်..။
လှအောင် ခပ်ဖြည်းဖြည်း ခပ်လေးလေးပင် စက္ကူခေါက်ကို ဖွင့်နေချိန် စိတ်ထဲ တစ်မျိုးတော့ ဖြစ်ရသည်..။
"ဟာ...ဒါလား.."
"အေး.."
"မင်း..ဒါဘယ်က ဆေးတာလည်း.."
"ဟဲဟဲ...ခိုးတွင်းဝင်ပေး လာတာလေ.. ကံပေါ်လာပြီ...ဟေ့.."
"ချီး...ဟိုကောင် ၀င်းမောင် ကော ဘာရလည်း.."
"ဒီနေ့ သူ မလိုက်ဘူး..ပွဲစား တစ်ယောက်နဲ့ တွေ့ဖို့ ရှိတယ် ပြောတာပဲဟ.."
"ဟူး...မင်းကံပေါ့ကွာ...ငါ့သူငယ်ချင်းရတော့ ငါလည်း မုဒိတာ ပွားရတယ်.."
"အေးပါကွာ...ငါ သိပါတယ်...မင်းက သူတော်ကောင်းဖြစ်ပြီး ခုချိန်ထိ ကံမကောင်းသေးတာတော့ ငါလည်း စိတ်မကောင်းဘူး သူငယ်ချင်းရာ...ညနေ ငါတို့ တူတူ သွားကြမယ်...ငါကံတွေ မင်းကို ကူးအောင်လေ..ဟား..ဟား.."
ESTÁS LEYENDO
မုန်းပါနဲ့ဦး (Complete)
De Todo"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...