Part 30

1.3K 82 4
                                    


မုန်းပါနဲ့ဦး

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

မုန်းပါနဲ့ဦး

အပိုင်း (၃၀)

#မုန်းပါနဲ့ဦး

"ပန်းအချစ်ဦး.."

"ဟင်.."

"လာ..ဆင်း.."

အချစ် ကားတွေ လူတွေကို လိုက်ငေးနေချိန် လက်ကိုဆွဲကိုင်ပြီး ခေါ်လာတော့ ကြောင်စီစီ ဖြင့် ပါလာရသည်..။

"ဒါဘာလည်း..သြော်..သြ.....ဟိုမှာ တွေ့ရတာ..သိတယ်...ကရ၀ိတ်.."

"အင်း.."

"ဟာ...ဖြည်းဖြည်းလေ.."

အချစ် ကျောပိုးအိတ်ကို ဆွဲပြီး အပြေးလျှောက်သွားတော့ ရဲဇာနည်က အနောက်ကနေ ပြေးလိုက်ရတော့သည်..။

"လှလိုက်တာ.."

"..."

"ဟိုဘက်က ဘာတွေရောင်းလို့ လူအုံနေတာလည်း.."

"ကော်ဖီလေ...ရုပ်ရှင်မင်းသား တစ်ယောက် ကိုယ်တိုင်ရောင်းနေတာ.."

"ဈေးကြီးမှာပဲ.."

"မကြီးပါဘူး..ပုံမှန်ဈေးပဲ.."

"ဟုတ်လား...သွားကြရအောင်.."

"ပိုက်ဆံပါလို့လား.."

အချစ်ကို ပိုက်ဆံပါလားလို့ မေးလိုက်တော့ အောင့်သပ်သပ် ဖြင့် ခေါင်းရမ်းလိုက်ခါ ခပ်သွက်သွက်ပဲ ကျော်လာခဲ့လိုက်သည်..။

"လာပါ.."

အချစ်လက်ကိုဆွဲပြီး ပြေးတော့ အချစ်လည်း ပျော်သွားခါ ရုပ်ရှင်မင်းသား ဘယ်သူလည်းလို့ ခြေဖျားထောက် ကြည့်မိသည်..။

"ပုလိုက်တာ.."

"အ.."

"ဘယ်သူလည်း.."

"အဆိုတော်ပဲ ...."

"သွားကြည့်ဦးမယ်...အဲ..ပိုက်ဆံပေးဦးနော်..."

မုန်းပါနဲ့ဦး (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ