မုန်းပါနဲ့ဦး
အပိုင်း (၁၉)
#မုန်းပါနဲ့ဦး
"ဟာ...ဒီနေ့ ငြိမ်လှချည်လား.."
"ကိုရူပါ စားလေ..."
"စားရတာတောင် အားနာတယ်...ကိုကိုရာ...ဘာတွေ တွေးနေလို့လည်း..ကော်ဖီတွေ အေးစက် ကုန်ပြီ.."
"အဟွင်း..ဒီက စဉ်းစား စရာတွေ ရှိနေလို့ပါ.."
"ညီမရေ..ကိုယ့်လူ ကိုယ် ကြည့်ထိန်းနော်...အဖိုး လည်း မရှိတော့နိုင်တဲ့သူက ညီမလေး ပဲ ရှိတော့တယ်..."
"ဟို...ဟုတ်..."
"ဦးဒီက ပေါင်မုန့်စားမလား အချစ် ထောပတ်ကြက်ဥ လုပ်ပေးမယ်.."
"ကောင်မလေး စားပါ...ဒီက ၀နေပြီ.."
ဘာမှမဖြစ်သလို ပုံမှန်အတိုင်း တုန့်ပြန်လာတော့ အချစ် ခေါင်းထဲမှာတောင် ကြက်သီးထသွားရသည်.။
ဦးဒီက က လူအေးသလောက် အရာရာမှာ လျင်မြန်ပြီး ကြောက်ဖို့ကောင်းတယ် ဆိုတာ အချစ်သိပါသည်..။
ဒါကြောင့် အားလုံးကို လိမ်လို့ရရင်တောင် ဦးဒီက ကို လိမ်လို့ရပါ့မလား စိုးရိမ်မိသည်..။
"ညီ..ညနေ စင်ကာပူ လိုက်သွားလိုက်နော်.."
"ဟာ..မသွားချင်သေးဘူး.."
"မရဘူး..ညီ...ဖေကြီးကို ဖုန်းဆက်ပြီးပြီ...ညနေ လိုက်လာလိမ့်မယ် ပြောထားတယ်.."
"ကိုကိုကလည်း ညီ......အင်းပေါ့လေ...အိမ်ထဲမှာ ဟန်းနီးမွန်းထွက်ချင်တာ သိသာပါတယ်...ကောင်းပါပြီဗျာ ရှောင်ပေးပါ့မယ်.."
ကိုကို က အချစ်နဲ့ ဦးဒီက ကို မျက်လုံးမှေးကြည့်ပြီး ပြောတော့ ဦးဒီက ကို လှမ်းကြည့်မိသည်..။
ESTÁS LEYENDO
မုန်းပါနဲ့ဦး (Complete)
De Todo"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...