Part 25

1.3K 83 5
                                    


မုန်းပါနဲ့ဦး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မုန်းပါနဲ့ဦး

အပိုင်း (၂၅)

#မုန်းပါနဲ့ဦး

"ဟင်း.."

ဒီပါ သက်ပြင်းချလိုက်ပြီး ရင်ခွင်ထဲမှာ တိုးဝင်ခါ အိပ်မောကျနေသည့် ကောင်မလေးကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်..။

သူလုပ်ခဲ့တဲ့ အမှားတစ်ခု ကြောင့် ခံစားနေရတာ သိပေမဲ့ ဘာတွေ ဘယ်လို အစားထိုးပေးရမလည်း မတွေးတက်ခဲ့ပါ..။

ကိုယ့်ဘက်က ပိုပြီး ဂရုစိုက် ကြင်နာရမှာ သိပေမဲ့ များလွန်းလှတဲ့ လုပ်ငန်း ပြဿနာတွေကြောင့် ပျက်ကွက်ခဲ့ရသည်..။

အခုတော့လည်း နေမကောင်း ဖြစ်ပြီး ကတည်းက သူ့ဟာသူ သက်သာသလို တွေးရင်း ညအိပ်ပျော်သွားရင် ရင်ဘတ်ထဲ တိုးဝင်ခါ ခါးကို ဖက်၍ အိပ်တက်နေပြီ..။

နာရီ ကြည့်ပြီး ဖြည်းဖြည်းချင်းထလိုက်ခါ စောင်ကို ပခုံးအောက် လျော့ပြီး ဆွဲချပေးမိသည်..။

ပူပြီဆိုတာနဲ့ ငုတ်တုတ်ထထိုင်ပြီး ရှိသမျှ ချွတ်တက်သည့် အကျင့်ကြောင့် ဒီပါ ကိုယ်တိုင်ပဲ အပူအအေးမျှအောင် သတိထားပေးနေရသည်..။

"အကို.."

"အင်း..လာပြီ..."

ဒီပါ အခန်းထဲက ထွက်လာတော့ ဖိုးကောင်းက ၀ှီးချဲ အဆင်သင့် ပြင်ထားလို့ ထိုင်လိုက်ပြီး

"အခန်းကို အပြင်က ပိတ်ထားဖို့ ပြောလိုက်."

"ဟုတ်ကဲ့....အကို...ပန်းအချစ်ဦး နိုးလာရင် ဘယ်လို လုပ်မလည်း.."

"မနိုးသေးပါဘူး..မနေ့က ခရီးပန်းလာတော့ သူ ဒီနေ့ နောက်ကျနိုးလိမ့်မယ်.."

မုန်းပါနဲ့ဦး (Complete)Where stories live. Discover now