မုန်းပါနဲ့ဦး
အပိုင်း (၂၇)
#မုန်းပါနဲ့ဦး
"လူစီဖာလေးရေ...."
အချစ် ဆိုဖာပေါ် ပစ်ချထိုင်လိုက်ပြီး လူစီဖာကို ပွေ့ချီလိုက်တော့ ကိုယ်ပေါ်က ရုန်းပြီး ဦးဒီက ဆီကို ပြေးသွားသည်..။
ဦးဒီက က သွားဖြူတွေ တစ်စွန်းတစ ပေါ်အောင် ပြုံးပြီး ကောက်ချီခါ နမ်းလိုက်တော့ အချစ် စိတ်ထဲ အလိုမကျမှု ဖြစ်လာရပြန်သည်..။
အဲ့ဒီ့ လူကြီးကလေ....လူကို စကားပြောရင်တောင် အဟွင်းဆိုပြီး သွားပေါ်အောင် မပြုံးဖူးပေမဲ့ ကြောင်ကို ကျတော့ ချစ်တက်လိုက်တာ ပြုံးဖြီးနေတာပဲ...။
ကြောင်စုတ်ကလည်း အမြင်ကပ်ဖို့ တကယ်ကောင်းတယ်...အဲလိုမှန်းသိရင် အခန်းထဲ ပိတ်ခဲ့မိတာ ဦးဒီက ကို မပြောခဲ့ပါဘူးနော်..။
"သမီး ထမင်းစားတော့မလား...ကြီးကြီး ပြင်ထားမယ်.."
"စားတော့ဘူး..အချစ်တို့ စားခဲ့ပြီ.."
"ကားအကြာကြီး စီးလာတော့ ပင်ပန်းနေမှာပဲ...နားလိုက်လေ...ရေတော့ မချိုးနဲ့တော့ နောက်ကျနေပြီ.."
"ကြီးကြီးရဲ့ သမီး ရေမချိုးတာ လေးရက် ရှိပြီ.."
"ဟေ..ဟုတ်လား..အေးပေါ့....မေဖူးက အခန်းထဲမှာ အိတ်ကို တွေ့တော့ သမီး အိတ်ကျန်ခဲ့ပြီ.ဆိုပြီး...စိတ်ပူနေတာ...."
"ကောင်မလေး က ကားနောက်ခန်း ၀င်လိုက်လာတာ..ဒီက တောင် မသိဘူး.."
"ဟင်..ဟုတ်လား..သမီးရယ်..."
"ဟဲ..ဟဲ..အချစ်လိုက်ချင်တာကို ...ဦးဒီက မှ မခေါ်တာလေ...အဲတော့ ရတဲ့ နည်းနဲ့ လိုက်ရတာပေါ့..."
VOCÊ ESTÁ LENDO
မုန်းပါနဲ့ဦး (Complete)
Diversos"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...