1

1.6K 57 1
                                    

ကိုကိုရေကျွန်တော်ရဲ့အဝေးမှာကိုကိုပျော်နေပြီလား ဒါမှမဟုတ်ကျွန်တော့်ကိုလွမ်းနေမှာလား
ကိုကိုကျွန်တော့်ကိုအရမ်းချစ်မှန်းကျွန်တော်သိပါတယ် ကျွန်တော်လဲကိုကို့ကိုအရမ်းချစ်ခဲ့ပါတယ် ကျွန်တော်တို့ဘယ်လောက်ပဲချစ်ခဲ့ပါစေ ရက်စက်လွန်းတဲ့ကံကြမ္မာကြောင့် အခုလိုဝေးကွာနေရတာ ဒါပေမယ့်ကိုကိုအမြဲမှတ်ထားပေးပါ ကိုကို့ကိုကျွန်တော်အမြဲချစ်နေမယ်ဆိုတာကိုပေါ့

~~~~~~~~~~~~~~~

ကလေးရေအရမ်းလွမ်းတယ်ကွာ ကလေးလက်လေးကိုအမြဲဆုပ်ကိုင်ထားချင်ပေမယ့် ကိုကိုတို့နှစ်ယောက်ကိုရက်ရက်စက်စက်ခွဲတဲ့ကံကြမ္မာကြောင့်အခုလိုရက်ရက်စက်စက်ရှင်ကွဲကွဲနေရတာ ရင်ထဲကဒဏ်ရာကသေလောက်အောင်နာကျင်ပေမယ့်ကိုကိုကျိတ်မှိတ်ခံစားနေတယ် တနေ့မှာကလေးနဲ့ပြန်တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပဲ ကိုကိုအသက်ဆက်နေတာပါ ကလေးရေသိပ်ချစ်တယ်ကွာ

~~~~~~~~~~

ကိုကိုရေ မိုးတွေရွာနေတယ် မိုးရွာတော့ကိုကို့ကိုပိုလွမ်းလာတယ် တချိန်ကမိုးရေထဲမှာကိုကိုနဲ့အတူပျော်ပျော်ရွှင်ရွှင်ဆော့ခဲ့ကြတာကိုပြန်လွမ်းမိနေတယ်
မိုးစက်လေးတွေရေမင်းတို့ကငါ့အလွမ်းကိုများသိနေကြသလားကွာ

~~~~~~~~~~~

ကလေးရေမိုးတွေရွာတော့တချိန်ကမိုးရေထဲမှာကလေးပေးခဲ့တဲ့အနမ်းလေးတွေကိုသတိရမိတယ်ကွာကိုကိုနှုတ်ခမ်းပါးမှာအခုထိစွဲထင်နေတုန်းပဲ ကိုကိုမျက်ရည်တွေမိုးနဲ့အပြိုင်ကျဆင်းနေရပြီ ကလေးရေသိပ်လွမ်းပါတယ်ကွာ

~~~~~~~~~

ကိုကိုရေဒီနေ့ကိုကိုနဲ့တူတဲ့လူတစ်ယောက်ကိုကျွန်တော်တွေ့မိတာ ကိုကိုလို့ထင်ပြီးအနောက်ကနေပြေးလိုက်မိသွားတယ် အနီးရောပ်မှကိုကိုမဟုတ်မှန်းသိလိုက်ရတယ် ကျွန်တော့မျက်လုံးထဲမှာ မြင်ြမင်သမျှအရာတွေအားလုံးကိုကိုကိုလို့ပဲထင်နေမိတယ် ကိုကိုရေသိပ်လွမ်းတယ်ဗျာ

~~~~~~~~~~~

ကလေးရေဒီနေ့ကိုကိုကလေနဲ့အတူသွားစားခဲ့ဖူးတဲ့ဆိုင်လေးကိုပြန်ရောက်သွားတယ် အဲ့မှာကလေးနဲ့အတူရိုက်ခဲ့တဲ့ဓာတ်ပုံလေးရယ် စာလေးတွေရယ်ကိုပြန်တွေ့တော့ကလေးကိုပိုလို့သတိရလာတယ်ကွာ အဲ့တုန်းကကိုကိုတို့သိပ်ပျော်ခဲ့ကြတာနော် ဓာတ်ပုံထဲမှာကလေးကကို့ပါးကိုနစ်ဝင်သွားအောင်ကိုနမ်းနေတာဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလဲ ပြီးတော့ဘယ်တော့မှမခွဲဘူးဆိုပြီးစာထဲမှာရေးခဲ့တယ်နော်အခုတော့ကိုကိုတို့ချစ်ရက်နဲ့ခွဲနေကြရပြီ ကလေးရေအမြန်ဆုံးပြန်ဆုံရပါစေကွာ

ကံကြမ္မာ Where stories live. Discover now