FIVE

2.9K 308 42
                                    

အခန်းထဲတွင်​တံခါး​လော့ခ်​ချလို့
တုန်​ယင်​​နေတဲ့ဆယ်​ဟွန်း........

" ဟင့်​အင်း.......မဖြစ်​ရဘူး.......
က​လေး......က​လေး​လေးရှိ​နေတာမို့..... "

မျက်​ရည်​တို့သွင်​သွင်​စီးကျလို့
ဗိုက်​​လေးကိုလက်​နှစ်​ဖက်​ဖြင့်
အုပ်​ကိုင်​ထားမိသည်​.........

ဒုန်း!!!! ဒုန်း!!!!

" အိုဆယ်​ဟွန်း!!! အခုချက်​ချင်းတံခါးဖွင့်​စမ်း!!! "

တံခါးကိုထုကာ​အော်​​ပြော​နေ​သော
အသံကိုကြား​လေပိုတုန်​ယင်​​လေ
ဖြစ်​​နေရသည်​.........

" ငါ့ကိုအခုချက်​ချင်း​သော့ပိုယူလာ​ပေးစမ်း!!! "

အိမ်​အကူ​တွေကို​ပြောလိုက်​​သောအသံကို
ကြားသည်​နှင့်​အိပ်​ရာအနားသို့သွားကာ
ခေါင်းအုံးတစ်​လုံးဆွဲယူကာဗိုက်​ကိုအုပ်​ထားမိသည်​.....

တစ်​နှစ်​......တစ်​နှစ်​​ကျော်​လာခဲ့ပြီ......
ယခုကဲ့သို့ကူကယ်​ရာမဲ့ဖြစ်​​နေရသည်​မှာ
တစ်​နှစ်​​ကျော်​ခန့်​ရှိ​နေပြီဖြစ်​သည်​.......

လက်​ထပ်​ပြီးစအချိန်​များတွင်​​ပျော်​ရွှင်​ခဲ့ရ​သော
ကိုကိုနှင့်​ဟွန်းသည်​လူတိုင်းအားကျခဲ့ရ​သော
အိမ်​​ထောင်​တစ်​ခုဖြစ်​ခဲ့သည်​........

လွန်​ခဲ့​သော၂နှစ်​ခန့်​ကထိုအ​ကြောင်းအရာကို
မသိခဲ့ရခင်​အချိန်​အထိ​ပေါ့........

ထိုအချိန်​မှစတင်​၍ ကိုကိုသည်​အရက်​​တွေ
အလွန်​အကျွံ​သောက်​လာတတ်​ပြီး
အိမ်​​ရောက်​သည်​နှင့်​သူ့ကိုရိုက်​နှက်​ခဲ့သည်​....

အိမ်​အကူ​တွေသည်​လည်းဝင်​မဆွဲရဲကြ.....
နောက်​​နေ့​ရောက်​ရင်​​တော့မှားသွားသည်​ဟု
တောင်းပန်​တတ်​ကာခွင့်​လွှတ်​​ပေးရန်​​ပြောတတ်​သည်​...

ထိုလူသားကိုချစ်​လွန်းသည်​မို့အရာအားလုံးကို
စွန့်​လွှတ်​ခဲ့ပြီးလိုက်​ခဲ့ရသည်​မို့သူ့ဘ၀တွင်
အကူအညီ​တောင်းစရာလူမရှိခဲ့​ပေ.......

ထို့အတူသိပ်​ချစ်​ရသူမို့........
အ​ကြောင်းရင်းကိုသိ​နေရသူမို့......
ခွင့်​လွှတ်​ကာသည်းခံခဲ့ရသည်​......

Second Love [ ChanHun OTP ] CompletedTempat cerita menjadi hidup. Temukan sekarang