FOUR

3.1K 274 42
                                    

" ဟာ......ကိုကြီးကလည်း........
တစ်​ခုတည်းပါဆို......စားချင်​လို့ပါ​နော်​ "

" မရဘူး......ဗိုက်​​အောင့်​မယ်​...... "

" အန်​ချင်​​နေလို့ပါဆို......တစ်​ခုတည်းပါ​နော်​ "

" စားတာအရမ်းများ​နေပြီ​လေ.....အိုဆယ်​ဟွန်း!!! "

" ပါးပါး​ရေ........ "

အော်​လိုက်​သည်​​ကြောင့်​နှုတ်​ခမ်းကြီးဆူကာ
ပါးပါးကိုသွားတိုင်​​နေပြီဖြစ်​ရမည်​.......

မဆူလို့လည်းမရ.......အစားအ​သောက်​ပျက်​​ကာ
အမြဲလိုလိုအန်​တတ်​သူသည်​ အရမ်းချဉ်​လွန်း​သော
အသီး​တွေကိုသာခံတွင်း​တွေ့တတ်​သည်​........

အနည်းငယ်​စားသည်​ကိုမ​ပြောလို........
အရမ်းများလွန်းလျှင်​ဗိုက်​ထဲက
က​လေးကိုထိခိုက်​မည်​ကိုစိုးရိမ်​၍ဖြစ်​သည်​.....

၃လရှိ​နေပြီဖြစ်​​သောဗိုက်​​လေးသည်
အခုတွင်​​တော့ခပ်​စူစူ​လေးဖြစ်​​နေပြီဖြစ်​သည်​.....

အလုပ်​တက်​ရက်​များတွင်​ထမင်းဘူး
လာပို့​ပေးကာ.......ပိတ်​ရက်​အချို့တွင်​​တော့
အိမ်​တွင်​လာ​နေတတ်​သည်​.......

ပင်​ပန်းမည်​ကိုစိုးရိမ်​၍မလာရန်​​ပြော​သော်​လည်း.....
ဟွန်းကအိမ်​မှာဆိုရင်​တစ်​​ယောက်​တည်းမို့
ပျင်းလို့ပါဆို​သောစကား​ကြောင့်​စိတ်​မ​ကောင်း​ပေ.....

ချမ်းသာလွန်းသူရဲ့အိမ်​​ထောင်​ဘက်​မို့
အလုပ်​သမားအပြည့်​အစုံနှင့်​​နေရ​သော်​လည်း.....
မိသားစုထက်​​တော့ပို၍ပြည့်​စုံမည်​မဟုတ်​​ပေ......

ကိုကိုကပိတ်​ရက်​မှာ​တောင်​အလုပ်​​တွေ
ရှုပ်​​နေတတ်​တာဆို​သောစကားသည်​ပင်
စိတ်​မ​ကောင်းဖြစ်​​စေသည်​........

ချစ်​သူ​ကိုရွေးချယ်​ခဲ့သူ​ဖြစ်​​သော်​ညား......
မိသားစုက​တော့​ထွေး​ပွေ့ထားသင့်​သည်​.....

" ပါးပါး​ရေ......ကိုကြီးကသားစားချင်​​နေတာကို
မစားရဘူးတဲ့......... "

ဧည့်​ခန့်​ထဲမှသတင်းစာဖတ်​​နေ​သော
ပါးပါးဆီသွားချွဲ​နေပြန်​သည်​........

Second Love [ ChanHun OTP ] CompletedМесто, где живут истории. Откройте их для себя