NINE

2.7K 313 54
                                    

" အ​မေက.....ဘယ်​လိုလုပ်​...... "

ကိုကို့အ​မေ​ရောက်​လာမည်​ဟုလုံးဝ
မထင်​ထားမိခဲ့သည်​မို့ အရိုအ​သေ​ပေးရင်း
တအံ့တသြ​မေးမိသည်​..........

ဘတ်​ခ်​ဟျွန်းသည်​လည်းအနည်းငယ်​​တော့
စူးစမ်းသလိုကြည့်​​နေမိသည်​.........
ဆယ်​ဟွန်းကဘာ​ကြောင့်​ထိတ်​လန့်​​နေရသည်​ကို
သိချင်​၍ဆိုပိုမှန်​လိမ့်​မည်​.....

ဝတ်​​ကောင်းစားလှတို့အပြည့်​ဝတ်​ဆင်​ထား​သော
အစ်​ကိုရီဖန်​၏အ​မေ မျက်​နှာသည်​ခက်​ထန်​မှုတို့
အပြည့်​ဖြစ်​သည်​........

" မင်းကများရာရာစစတရားစွဲမယ်​......
ဟုတ်​လား.......အခုချိန်​မှ​လေ.......
ဒီလိုလုပ်​မယ်​ဆိုရင်​ကန့်​ကွက်​​နေတုန်းကတည်းက
နောက်​ဆုတ်​လိုက်​ပါလား......ဘာလို့ဇွတ်​အတင်း
လက်​ထပ်​ခဲ့ရတာလဲ......အခုမှငါ့သားဘ၀ကို
ဖျက်​ဆီးချင်​လို့လား.......ဟမ်​......ငါတို့​သွေးသားကို
လွယ်​ထားပြီးမှရာရာစစကွာရှင်းချင်​တာလား....... "

ဆေးရုံခန်းထဲ​ရောက်​သည်​နှင့်​အ​လောတကြီး
ပြောလာ​သောကိုကို့အ​မေ.......

" ​တောင်းပန်​ပါတယ်​......ကိုကိုကဒီတိုင်း
ကွာရှင်း​ပေးဖို့ကိုလက်​မခံလို့.....တရားစွဲဖို့
စီစဉ်​လိုက်​ရတာပါ....... "

" ​ကောင်းပြီ​လေ......ငါကလည်းမင်းကို
သိပ်​ကြည်​ဖြူခဲ့တာမှမဟုတ်​ဘဲ.......
ကွာရှင်းကြ​ပေါ့......အဲ့ဒီ့အစားက​လေး....
မင်း​မွေးလာမယ့်​ ၀ူအိမ်​​တော်​ရဲ့​သွေးသားကို
ငါတို့ဆီပြန်​​ပေးပါမယ်​ဆိုတဲ့ခံဝန်​ချက်​​တော့
လိုအပ်​လိမ့်​မယ်​........ "

ထိတ်​လန့်​သွားရသည်​ကဆယ်​ဟွန်းပင်​.....
ဟင့်​အင်း........မ​ပေးနိုင်​ဘူး......
ဘယ်​လိုရခဲ့တဲ့က​လေးမို့လို့လဲ.......

" ​တောင်းပန်​ပါတယ်​......က​လေးကို​တော့
လုံးဝမ​ပေးနိုင်​ပါဘူး.......အ​မေတို့ရဲ့
သွေးသားဆို​ပေမယ့်​လည်းကျွန်​​တော်​ရဲ့က​လေး...
ကျွန်​​တော်​ကိုယ်​တိုင်​၀မ်းနဲ့လွယ်​ထားရတဲ့
က​လေးကိုလုံးဝလက်​လွှတ်​မခံနိုင်​ပါဘူး...... "

Second Love [ ChanHun OTP ] CompletedWhere stories live. Discover now