THIRTY

2K 292 57
                                    

" ဟွန်း....... "

ကျောင်း​ရှေ့မှာအခန့်​သားရပ်​​စောင့်​​နေတဲ့
ချန်းကို​တွေ့သည်​နှင့်​နှုတ်​ခမ်းပါးတို့​ကွေးညွတ်​ကာ
ဝမ်းသာအားရပြုံးမိ​တော့သည်​။

" မင်းလူကြီး​ရောက်​လာပြီဆို​တော့ငါမလို​တော့ဘူး​ပေါ့ "

" ရား!!! ကင်​မ်​မင်​​ဆော့!!! "

ခပ်​တိုးတိုးစ​​နောက်​လို့ပခုံးကိုတိုက်​ကာထွက်​​ပြေး
သွားတဲ့မင်​​ဆော့​ကြောင့်​ဆယ်​ဟွန်းက​တော့
ဆွေ့​ဆွေ့ခုန်​ရင်းကျန်​ရစ်​ခဲ့​တော့သည်​။

" ချန်း​ပြော​တော့ဒီ​နေ့မအားဘူးဆို........
အ​ရေးကြီးဧည့်​သည်​နဲ့ညစာ စားဖို့ချိန်​ထားတယ်​ဆို.... "

ချန်းဆီအ​ပြေးသွားကာ​မေးမြန်းမိ​တော့သည်​။

" ဟုတ်​တယ်​​လေ...... "

" ဟင်​.....အဲ့ဒါဆိုဟွန်းကိုလာကြိုတာကျ​ရော..... "

ဆယ်​ဟွန်းနားမလည်​သည်​မို့​မေးကြည့်​မိသည်​။

" ဒီမှာ​လေ......အ​ရေးကြီးဧည့်​သည်​.......
ကိုယ့်​ရဲ့VVIP ​လေးက....... "

ဆယ်​ဟွန်းရဲ့နှာ​ခေါင်းထိပ်​ကိုခပ်​ဖွဖွညှစ်​လို့
အသည်းယားစွာ​ပြောမိ​တော့သည်​။

" ချန်းက​လေ.......သိပ်​ပိုတာပဲ.......
ဒီတိုင်းဟွန်းနဲ့ညစာ စားမယ်​​ပြောလည်းရတာကို.... "

ချန်းကကားတံခါးဖွင့်​​ပေးသည်​တွင်​အခန့်​သား
ဝင်​ထိုင်​ရင်းပွစိပွစိ​ပြော​တော့ခပ်​ဟဟရယ်​သည်​။

" မတူဘူး ဟွန်းရဲ့......ထူးခြားတယ်​........
ဒီညကကိုယ်​တို့နှစ်​​ယောက်​အတွက်​ထူးခြားတယ်​ "

ချန်း​ပြောသည်​ကိုဆယ်​ဟွန်းက​တော့
နားမလည်​နိုင်​ဖြစ်​​နေပြန်​သည်​။

" ကဲ......​တွေးလို့မရရင်​လည်းမ​တွေးပါနဲ့​တော့.....
ဒီတိုင်းပဲကိုယ့်​​နောက်​လိုက်​ခဲ့​နော်​......သမီးကိုလည်း
စိတ်​မပူနဲ့.....​ဂျောင်​ဆူးတို့ ဘတ်​ခ်​ဟျွန်းတို့က
သေချာ​ထိန်းထား​ပေးပါမယ်​တဲ့........ "

ချစ်​သူသက်​တမ်းနှစ်​လအတွင်းချန်းသည်
အ​တော်​ကိုကြိုးစား​နေပုံရသည်​။

Second Love [ ChanHun OTP ] CompletedDonde viven las historias. Descúbrelo ahora