THREE

3.3K 314 30
                                    

အလုပ်​ကပြန်​အ​ရောက်​ဧည့်​ခန်းအတွင်း
မျက်​နှာမ​ကောင်းဘဲထိုင်​​နေတဲ့ဆယ်​​ဟွန်း​ကြောင့်
ရီဖန့်​မှာစိတ်​ပူရပြန်​သည်​.........

" ဟွန်း.......... "

" အယ်​.......ကိုကို​တောင်​ပြန်​လာပြီ......
ဟွန်းအ​တွေးလွန်​​နေတာနဲ့မသိလိုက်​ဘူး..... "

အနားသွားကာနာမည်​​ခေါ်လိုက်​မှပင်
မျက်​လုံး​လေးပြူးကာပြာပြာသလဲ
ဖြေ​နေပြန်​သည်​.........

" ရပါတယ်​.......ဟွန်းရဲ့.....ကဲ.....
ပြောပါဦး.......မျက်​နှာကဘာလို့ညှိုး​နေရတာလဲ "

ရင်​ခွင်​ထဲဖက်​ရင်း​မေးမိသည်​.........

" အဲ့ဒါက........Park group ကိုသွားရင်းနဲ့
ကိုကြီးနဲ့ပါးပါးကို​တွေ့ခဲ့တယ်​........ကိုကြီးက
ပတ်​ခ်​ချန်း​ယောလ်​ရဲ့အတွင်း​ရေးမှူးလုပ်​​နေပြီး
ပါးပါးကအဲ့ကဒရိုက်​ဘာတဲ့.......ဟွန်းကို​လေ
စကား​တောင်​ပြန်​မ​ပြောကြဘူးကိုကိုရယ်​.......
အဲ့ဒါကိုပြန်​​တွေးမိပြီးစိတ်​မ​ကောင်းလို့....... "

စိတ်​မ​ကောင်းဖြစ်​​နေရခြင်းအ​ကြောင်းရင်းကို
သိသွား​တော့ရီဖန်​လည်းစိတ်​မ​ကောင်း​ပေ......

သဘာဝချင်းတူ​နေသည့်​တိုင်​အ​ခြေအ​နေချင်းပါ
ကွာခြားလွန်းတဲ့သူတို့နှစ်​​ယောက်​ကိုဟွန်းရဲ့
အ​ဖေနှင့်​အစ်​ကိုနှစ်​​ယောက်​စလုံးက
သ​ဘောမတူခဲ့ကြ​ပေ.........

သူ့ကိုသိပ်​ချစ်​လွန်းတဲ့ဟွန်းကသာ
အရာအားလုံးကိုစွန့်​လွှတ်​ပြီး သူ့လက်​ကို
ဆုပ်​ကိုင်​​ပေးခဲ့သည်​........

သူသည်​လည်းဟွန်းကို​ဖော်​ပြ၍ပင်
မရနိုင်​​သောအချစ်​များနှင့်​နှစ်​နှစ်​ကာကာ
ချစ်​ရသည်​........

ဟွန်းသည်​သူ့အတွက်​နှင့်​​ယောက်ျား​လေး
ဖြစ်​​နေသည့်​တိုင်​ရင်​​သွေး​လေး​မွေးဖွား​ပေးရန်
ကြိုးစားခဲ့ရသည်​........

ဟွန်းကလွဲပြီးတခြားသူနှင့်
မချည်​​နှောင်​လိုသည့်​စိတ်​​ကြောင့်​ဖြစ်​သည်​......

အခုဆိုရင်​ဟွန်းဗိုက်​ထဲမှာ.....အင်း....
သူတို့ရဲ့ရင်​​သွေး​လေးသည်
နှစ်​လခန့်​ရှိ​နေပြီဖြစ်​သည်​.........

Second Love [ ChanHun OTP ] CompletedWhere stories live. Discover now