TWENTY-THREE

2.3K 315 47
                                    

" ဟွန်း....... "

ဆယ်​ဟွန်း​ကျောင်း​ရှေ့ကိုမင်​​ဆော့နှင့်​အတူ
ထွက်​လာ​တော့​ကားတံခါးမှီကာရပ်​​စောင့်​​နေ​သော
ချန်းကို​တွေ့ သည်​မို့အံ့သြမိသွားသည်​။

ရင်​ထဲလည်းအနည်းငယ်​​ပျော်​ရွှင်​သွားမိသည်​။

အ​နောက်​၀တ်​စုံအမည်း​ရောင်​ဖြင့်​အ​ရောင်​​ပြောင်း
ထား​သော blonde hair ကို gel ဖြင့်
နောက်​သို့လှန်​တင်​ထား​သောချန်းသည်​ဆယ်​ဟွန်း
အမြင်​တွင်​အ​တော်​ခန့်​ညားလွန်း​နေသည်​။

မိန်းက​လေးအ​တော်​များများကလည်းတီးတိုး​ပြောလို့
သိ​အောင်​တမျိုး မသိ​အောင်​တမျိုးခိုးကြည့်​​နေကြသည်​။

ကိုကိုအိမ်​လာသည်​နှင့်​ဆုံပြီးကတည်းက
ချန်းနှင့်​သူမ​တွေ့သည်​မှာတစ်​ပတ်​ခန့်​ပင်​ရှိပြီဖြစ်​သည်​။

ကိုကြီးဆီလည်းလာမလည်​​တော့သလို.....
ဆယ်​ဟီး​လေးဆီပါမသွားသည်​မို့သမီး​လေးကပါ
တ​မေး​မေးနှင့်​ဖြစ်​​နေ​တော့သည်​။

နေမ​ကောင်းများဖြစ်​​နေမလားဟုစိုးရိမ်​မိ​သော်​လည်း
ဖုန်းဆက်​​မေးမြန်းချင်​သည့်​စိတ်​ကိုမဖြစ်​သင့်​ဘူး
ဟူ​သောအသိစိတ်​ကတားဆီးသည်​။

ချန်းနှင့်​သူသည်​အ​တော်​ကိုအ​လှမ်းကွာလွန်းသည်​။
ဥစ္စာပစ္စည်းမပြည့်​စုံသည့်​တိုင်​ ဆယ်​ဟွန်းသည်​ကား
ကွာရှင်းပြီးသားတစ်​ကိုယ်​​တော်​က​လေးအ​ဖေ
ဖြစ်​​နေခဲ့သည်​မဟုတ်​လား။

ချစ်​သည်​ဆိုတိုင်း​ရှေ့ဆက်​မတိုးသင့်​ပါဘူး.......

" ဧည့်​သည်​နဲ့တူတယ်​.......ဆယ်​ဟွန်းရား.......
အဲ့ဒါဆိုငါသွား​တော့မယ်​​နော်​........ "

အ​တွေးထဲနစ်​​မျော​နေ​သောဆယ်​ဟွန်းသည်
မင်​​ဆော့စကား​ကြောင့်​အသိကပ်​ရသည်​။

" အင်း.......သွား​တော့မလို့လား....... "

" ဟုတ်​တယ်​​လေကွာ.....ငါမှမလို​တော့ပဲကို.....
အဆင်​​ပြေပါ​စေကွာ....... "

ပြုံးစစနှင့်​ပခုံးကိုဆုပ်​ကိုင်​လို့​ပြောသွားတဲ့မင်​​ဆော့
စကား​ကြောင့်​ဆယ်​ဟွန်းလန့်​သွားရသည်​။

Second Love [ ChanHun OTP ] CompletedDonde viven las historias. Descúbrelo ahora