" ခင်ဗျား ဘယ်အချိန်ထိအမှန်တရားကို
ဖုံးကွယ်ထားဖို့စိတ်ကူးထားတာလဲ........ ”" ဟက်......ဘာကိုပြောချင်နေပြန်တာလဲ.... "
ခပ်မဲ့မဲ့ပြုံးလို့မသိချင်ယောင်ဆောင်နေခဲ့ပေမဲ့
ရင်ထဲမှာတော့ကမ္ဘာပျက်သလိုတုန်လှုပ်နေခဲ့ပါတယ်။" ဆယ်ဟီး.......အခုဝူဆယ်ဟီးဖြစ်နေတဲ့ဆယ်ဟွန်း
ရဲ့သမီးလေးကပတ်ခ်ဆယ်ဟီးဖြစ်နေတယ်ဆိုတာ
ခင်ဗျားသိပြီးသားပဲလေ.......ဘယ်အချိန်မှ
အကုန်လုံးကိုဖွင့်ပြောမယ်စိတ်ကူးထားလဲ...... ”" ပတ်ခ်ဆယ်ဟီး......ဟက်....ဘယ်သူ့သဘောနဲ့
ဒီလောက်ထိပိုင်စိုးပိုင်နင်းပြောရတာလဲ......
ဥပဒေအရတော့ဆယ်ဟီးလေးကငါနဲ့ဆယ်ဟွန်းရဲ့တရားဝင်သွေးသားပဲ......... ”ကြောက်ရွံ့စိတ်ကိုထိန်းချုပ်လို့ဒေါသ
ထွက်သလိုပြောနေခဲ့တဲ့ရီဖန်..........တစ်နေ့ဒီလိုအချိန်ကိုရောက်လာမည်ဆိုတာ
သိပေမယ့်လည်းတကယ်တမ်းရောက်လာတော့
ဟန်မဆောင်နိုင်အောင်ကြောက်နေမိပါသည်။အစကတည်းကပင်မပိုင်ဆိုင်တော့သည်မို့
ဆုံးရှုံးရမှာကြောက်သည့်စိတ်နှင့်ပေါ့......." ပြီးတော့......ဆယ်ဟွန်းကငါ့ကိုထားပြီး
ဘယ်တော့မှထက်သွားမှာမဟုတ်ဘူး........ "ဘာကိုဂရုမစိုက်သည့်ပုံစံဟန်ဆောင်နေရတဲ့ရီဖန်.....
" ပျော်နေတယ်ထင်လား!!!! ခင်ဗျားးရဲ့သိပ်ချစ်တယ်ဆိုတဲ့
ခေါင်းစဉ်အောက်မှာချုပ်နှောင်ခံထားရတဲ့
ဆယ်ဟွန်းကခင်ဗျားရင်ခွင်ထဲမှာပျော်နေတယ်
လို့ထင်နေတာလား!!!!! "အမြင့်ဆုံးကိုရောက်ခါမှရိုက်ချခံလိုက်ရသလို
အထိနာစေသောစကားပင်ဖြစ်သည်။ဘယ်လိုပုံစံမျိုးပင်ဖြစ်နေပါစေ.......
ချစ်ရသူကအခုသူ့ရင်ခွင်ထဲမှာမဟုတ်လား။ဘာကိုမှမြင်အောင်မကြည့်နိုင်ပါပဲအချစ်
တစ်ခုတည်းတွင်သာချောင်ပိတ်မိနေခဲ့ပါသည်။" ဒါပဲပြောချင်တာဆိုရင်တော့ပြောလို့ပြီးပြီ
ထင်ပါတယ်.........ဆယ်ဟွန်းစောင့်နေလောက်
တာမို့သွားခွင့်ပြုပါဦး........ "
STAI LEGGENDO
Second Love [ ChanHun OTP ] Completed
Fanfictionအချစ်ဆိုတာလူတစ်ယောက်ကို နူးညံ့သွားအောင်စွမ်းဆောင်နိုင်သည်တဲ့လား....... အချစ်ဆိုတာ လူတစ်ယောက်ကို နူးညံ့သွားအောင်စွမ်းဆောင်နိုင်သည်တဲ့လား...... M-preg