FINAL

1.6K 157 31
                                    

" ရောက်နေတာကြာပြီလား။ "

Bar တစ်ခုရဲ့အတွင်းဘက်ကျကျနေရာတွင်
စောင့်နေတဲ့ချန်းယောလ်ရှေ့ကထိုင်ခုံမှာ
ဝင်ထိုင်ရင်းရီဖန်မေးလိုက်သည်။

" အခုပဲရောက်တာပါ။ ဘာပြောချင်လို့လဲ
မြန်မြန်ပြောပေးပါလား။ "

စားပွဲပေါ်ကဝီစကီခွက်ကိုတစ်ငုံသောက်ရင်း
ချန်းယောလ်စိတ်မရှည်စွာပြောမိသည်။

အခုချိန်တွင်ထိုလူသားကမြင်နေရခြင်းက
ချန်းယောလ်အတွက်လုံးဝအဆင်မပြေပေ။

နားထဲကြားယောင်မိနေတဲ့ငိုသံသဲ့သဲ့လေးက
ချန်းယောလ်ရဲ့နာကျင်ရခြင်းအကြောင်းရင်း
ဖြစ်သည်။

" စိတ်ရှည်ပေးပါ။ ဘာအကြောင်းရင်းမှ
မရှိဘဲ....ဒီတိုင်း လက်ဆောင်ပေးချင်လို့ "

စားပွဲပေါ်တင်ပေးလာတဲ့စက္ကူအိတ်ကို
ချန်းယောလ်မယုံကြည်နိုင်စွာယူကြည့်မိသည်။

ဒီတစ်ခါရောဘယ်လိုထိုးနှက်ချက်မျိုးနှင့်
လူကိုအနိုင်ယူဦးမှာပါလိမ့်။

အထဲကထွက်လာတဲ့စာချုပ်ကြောင့်ချန်းယောလ်
မျက်လုံးတို့ပြူးကျယ်ကုန်ရတော့သည်။

ကွာရှင်းစာချုပ်တဲ့လား။ ဝူရီဖန်ရော ဟွန်းရော
နှစ်ယောက်စလုံးလက်မှတ်ထိုးထားပြီးဖြစ်တဲ့
ကွာရှင်းစာချုပ်ကို ကိုင်ထားတဲ့ချန်းယောလ်ရဲ့
လက်တွေသည်အံ့သြမှုကြောင့်တုန်ယင်နေသည်။

" ဒါ......ဒါက....... "

" ဟုတ်တယ်။ မင်းမယုံနိုင်တဲ့ဟာပဲ။ ငါနဲ့ဟွန်းရဲ့
နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲခြင်းစာချုပ်လေ။
ဒါလေးမြင်ရတာကိုအဲ့လောက်ထိအံ့သြနေရမှ
ဖြစ်မှာလား။ တကယ်ပဲ......ဟင်း...... "

မျက်စိရှေ့မှာကြောင်အနေတဲ့ချန်းယောလ်ကို
ကြည့်ရင်းရီဖန်သက်ပြင်းချမိသည်။

နှစ်ယောက်စလုံးကဘယ်လိုတောင်အပြုအမူတွေ
တိုက်ဆိုင်နေရတာလဲမသိဘူး။

ရင်နာလိုက်တာ ဟွန်းရယ်။ အခုတော့ကိုယ်
ဟွန်းကိုတကယ်ကြီးစွန့်လွှတ်လိုက်ရပြီပေါ့။

" တကယ်......ခင်ဗျား တကယ်ပဲဟွန်းကို
လက်လွှတ်ပေးလိုက်တာလား။ "

Second Love [ ChanHun OTP ] CompletedWhere stories live. Discover now