FORTY-SEVEN

1.7K 165 33
                                    

ဒေါက်....ဒေါက်!!!!!

" ဝင်ခဲ့ပါ..... "

တံခါးခေါက်သံကြောင့်ရီဖန်လုပ်လက်စများကို
ခဏရပ်လို့အာရုံစိုက်လိုက်သည်။

" Park group ကဥက္ကဠပတ်ခ်ချန်းယောလ်
တွေ့ခွင့်တောင်းနေပါတယ် "

အနှေးနဲ့အမြန်တွေ့ကြုံရမည့်ကိစ္စမို့ရီဖန်
အထူးတလည်အံ့သြမနေတော့ပေ။

" ဝင်ခွင့်ပေးလိုက်ပါ။ ပြီးတော့......အရေးကြီး
ကိစ္စမရှိဘဲရုံးခန်းထဲကိုဘယ်သူမှမလာပါစေနဲ့ "

" ဟုတ်ကဲ့..... "

အတွင်းရေးမှူးထွက်သွားသည်နှင့်ရီဖန်စားပွဲမှ
ထကာဧည့်သည်တွေ့ခုံတွင်ထိုင်လိုက်သည်။

" ရောက်လာတာထင်ထားတာထက်မြန်သားပဲ။
ဒီထက်ကြာဦးမယ်ထင်ထားတာ........ထိုင်ပါဦး "

" ခင်ဗျားနဲ့အေးအေးဆေးဆေးစကားပြောဖို့အတွက်
ကျွန်တော်ရောက်လာတာမဟုတ်မှန်းသိမယ်ထင်တယ်။ "

" ဒါပေါ့.......မယုံနိုင်စရာကိစ္စကိုကြားလိုက်ရတာ
ဆိုတော့လည်းအမှန်အတိုင်းသိချင်လောက်ပြီပေါ့။ "

ချန်းယောလ်မျက်နှာသည်လိုအပ်သည်ထက်
ပို၍ခက်ထန်နေခဲ့ပါသည်။

" ဆယ်ဟီး.....ဆယ်ဟီးလေးကတကယ်ပဲ......
ဘယ်.....ဘယ်လိုလုပ်ဒီလိုဖြစ်ရတယ်ဆိုတာကို
တစ်ဆိတ်လောက်ရှင်းပြပေးပါ။ "

ချန်းယောလ်စိတ်လှုပ်ရှားလွန်းသည်မို့အသံ
ပင်အနည်းငယ်တုန်နေခဲ့ပါသည်။

" ကလေးမရနိုင်တော့ဘူးဆိုတာကိုသိပြီးတဲ့နောက်
သွေးသားကိုအရမ်းရူးသွပ်တဲ့ငါ့အတွက်ဟွန်းက
သူငယ်ချင်းဆရာဝန်နဲ့တိုင်ပင်ပြီးဖန်ပြွန်သန္ဓေသားကိုယူဖို့ဆုံးဖြတ်ခဲ့ကြတယ်။ အမှန်အတိုင်းပြောရရင်ဆေးရုံရဲ့ပေါ့ဆမှုကြောင့် DNA မှားသွားခဲ့တာ.......ဆယ်ဟီးလေးရဲ့အဖေအရင်းကပတ်ခ်ချန်းယောလ်ဖြစ်တယ်ဆိုတာကိုသိတာဆယ်ဟီးလေးရဲ့ကုသမှုအတွက်အဖေအရင်းကိုရှာရင်းနဲ့မှသိခဲ့ရတာ......ကိုယ်တိုင်လည်းသိသိချင်းအရမ်းထိတ်လန့်သွားခဲ့ရတယ်။ မဖြစ်နိုင်တာကြီးမဟုတ်လား။ ဘယ်လိုမှကိုမယုံကြည်နိုင်ခဲ့ဘူး။ "

Second Love [ ChanHun OTP ] CompletedTahanan ng mga kuwento. Tumuklas ngayon