အပိုင်း (1)

5.2K 273 10
                                    

"မင်း ဘာလို့ ဒီအလုပ်ကိုလျှောက်ချင်တာလည်း ''

"ဗျာ ကျွန်တော်စိတ်ဝင်စားလို့ပါ ''

"ဘာကြောင့်စိတ်ဝင်စားရတာလည်း ''

ကျွန်တော့်မှာရုတ်တရက်ဖြေစရာမရှိ ဘယ်လိုဖြေရမှန်းမသိ

အတွေးများက လွန်ခဲ့သော ၁ရက်ဆီသို့ 

"မင်း အလုပ်ထွက်တော့ ''

"ဗျာ...ကျွန်.. ကျွန်တော် ''

"တော်တော့ မင်းကလေ အကြောင်းပြချက်တွေအရမ်းများတယ် ဒီတခေါက်လည်း မဖြစ်နိုင်တဲ့ ဆင်ခြေတွေပေးဦးမှာမလား ဟိုတခေါက်က ရေတွေပြောင်အောင်မသုတ်လို့ ဧည့်သည်တယောက်ချော်လဲပြီးပြီ ခါးကျိုးအောင်တောင်းပန်ခဲ့ရတာမမှတ်သေးဘူး ခုလည်း ဧည့်သည်အပေါ်ကို ဟင်းရည်တွေမှောက်ကျပြန်တယ် မင်းဘယ်လိုရှင်းမလည်း ဒါတောင် ပန်းကန်တွေကျကွဲတာမပါသေးဘူး ဒီ့ထက်လစာထပ်ဖြတ်ရင်လည်း မင်းတပြားမှရမှာမဟုတ်တော့ဘူး ဒါ့ကြောင့်ထွက်လိုက်တော့ မင်းလိုလူမျိုးကအမြဲနမော်နမဲ့နဲ့ အမှိုက်လောက်တောင်သုံးစားမရဘူး''

အဲ့လို ပြစ်ပြစ်နှစ်နှစ်ပြောခံရတာကြားတော့ ကျွန်တော်တကယ်စိတ်မကောင်းပါ ဆူတာကလည်း အလုပ်ပြီးလို့ အလုပ်သမားတွေစုဝေးချိန်ဖြစ်သည် အားလုံးရှေ့မှာဆူခံရတာကိုလည်းရှက်မိသည်

ကျွန်တော် အလုပ်လုပ်နေတာ  ကိုးရီးယားက ကြယ် ၅ပွင့်ဟိုတယ်ရဲ့ စားသောက်ဆိုင်မှာ အလုပ်သမားတွေလည်းအများကြီး ဧည့်သည်ဆိုသည်မှာလည်း အထက်တန်းစားတွေချည်း

ညနေက ဧည့်သည်တယောက်အပေါ်ကို ဟင်းရ်ာအနည်းငယ်မှောက်ကျသွားသည် ထိုမှစ၍ပြသနာတက်တော့သည်

ဧည့်သည်အပေါ် ဟင်းရည်တွေဖိတ်ကျတာက ကျွန်တော့်အမှားဆိုပေမယ့် ရေပြောင်အောင်ကြမ်းမသုတ်မိတာနဲ့ ပန်းကန်ကွဲတာက ကျွန်တော့်အပြစ်မဟုတ်

ကျွန်တော့ကိုကြည့်မရတဲ့ seojun နဲ့ haesong လက်ချက်သာဖြစ်သည်
ကျွန်တော် ပြောင်အောင်သုတ်ပြီးသားကြမိးပြင်ပေါ်ကို သက်သက် ရေတွေဖိတ်အောင်လုပ်ထားတာမျိုး ဆေးပြီးသားပန်းကန်တွေစီထားတာကို သူများတွေမသိချိန်တိုက်ချလိုက်တာမျိုး ပြီးရင်ကျွန်တော့်ကိုလွှဲချလိုက်တာမျိုး ဒီအကြောင်းတွေကိုလည်းလေကုန်ခံပြီးရှင်းမပြချင်တော့
ပြောလည်းယုံမှာမှ မဟုတ်ပဲ

Wu's Minder [Completed]Where stories live. Discover now