မျက်နှာသစ်ပြီးအခန်းထဲခေါ်လာတော့ မှန်တင်ခုံရှေ့သွားထိုင်သည် ။
ဘာလုပ်မလို့ပါလိမ့်လို့ မှန်တင်ခုံရှေ့ကြည့်လိုက်တော့ skincare product တွေ ။
အံမယ် လူကသာကလေးစိတ် ကျပ်မပြည့်သလိုလိုနဲ့ အလှအပကျ ဂရုစိုက်တတ်သား ။ဒီအချိန်ကျ လူကြီးစိတ်ပြန်ပေါက်နေလို့လားမသိ။ သေချာတာကတော့ Wu yifan ဟာထူးဆန်းသည်။
သူက တစ်ချို့အချိန်တွေကျ လုံးဝကလေးလိုပေမယ့် တချို့အချိန်တွေကျ တကယ့်လူကြီးလူကောင်းတစ်ယောက်လိုပါပဲ။ နောက်ကျရင်လည်း ဘယ်လိုထူးထူးဆန်းဆန်းတွေလုပ်ဦးမယ်မသိ ။ဒီလို skincare လုပ်တာကြည့်ရရင်တော့ ရေကတော့ ကျိန်းသေပေါက်ချိုးမှာပဲ ။
Wu yifan အရင်တုန်းက အလှအပကိုတော်တော်ဂရုစိုက်ခဲ့တဲ့သူဖြစ်ရမည် ။
သေချာကြည့်မှ Wu yifan အခန်းထဲမှာ ပုံအကြီးကြီးချိတ်ထားတာမြင်သည် ထို့နောက် photo stand လေးတွေလည်း များစွာရှိသည်ပဲ။ အခန်းထဲတစ်နေ့လုံးနေလာတာ ခုမှထိုပုံတွေကိုမြင်သည် ။
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. Suit ဝတ်ထားတဲ့ Wu yifan ကအတော်ကြည့်ကောင်းပါလားတွေးမိသည် ။ ခုပုံစံနဲ့များတခြားစီ
"Fanfan ''
"အင်း ''
"Fanfan ရေရောချိုးလား ''
"ချိုးတယ်''
ဘယ်အချိန်ချိုးတာလည်းဆိုတာတော့မေးမကြည့်မိသေး။
"ခေါင်းကော လျှော်လား ''
"လျှော်တယ်လေ''
"တစ်ခါလျှော်ရင် အချိန်ဘယ်လောက်ကြာလဲ ''
"၁၀ စက္ကန့် ''
O.o
ဆယ်စက္ကန့်နဲ့ခေါင်းလျှော်တာ တော်ရုံစကေးနဲ့တော့မရ ။သိချင်တာတွေနောက်နေ့မှဆက်မေးတော့မည်။ နောက်နေ့လည်းဒီမျက်နှာကြီးတွေ့နေရဦးမှာပဲ ။လောလောဆယ်တော့ အရမ်းအိပ်ချင်နေပြီ လူက တဝါးဝါးနှင့် သန်းမပြီးတော့
![](https://img.wattpad.com/cover/182988067-288-k161097.jpg)
ESTÁS LEYENDO
Wu's Minder [Completed]
Fanficဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie