စကားဆက်ပြောမလို့ လူကမောနေတာနဲ့ ''GeGeလေဆိပ်ကိုလာတဲ့ လမ်းမှာ car accident ဖြစ်လို့တဲ့'' ပဲပြောရသေးတယ် ဘာ....ဆိုပြီး လဲကျသွားသော Chanyeol ကြောင့် ထိတ်လန့်သွားရသည် ။
"Chanyeol... ထပါဦး....chanyeol '' ပါးကိုပုတ်နှိုးပေမယ့် နိုးမလာတာနဲ့ ပွေ့ကာ ဆေးရုံကိုအမြန်ပြေးရသည် ။ လေဆိပ်ထဲမှာဆိုတော့ အတော်ကို့ယို့ကားယားတော့ နိုင်လှသည် ။
ဆေးရုံရောက်တော့ ဆရာဝန်က စမ်းသပ်ကြည့်နေသည် ။
"ဟို...ဒီလူက လူနာရှင်လား ''
"အင်း....အဲ့လိုပြောလို့ရပါတယ် ''
"လူနာရှင်ဆို တစ်ချက်လောက် ရုံးခန်းကိုလိုက်ခဲ့ပေးပါလား '' ခေါ်သွားသော ဆရာဝန်ကြောင့် ရုံးခန်းထဲလိုက်သွားရသည် ။
"ထိုင်ပါဦး..''
"လူနာနာမည်က Park chanyeol နော် '' ဆရာက တစ်ချက်မေးသည်။
"ဟုတ်ပါတယ် ''
"Park chanyeol မှာ ကိုယ်ဝန်ရှိနေတာပါ ။ နှစ်ပတ်ရှိပါပြီ ''
"ဗျာ...ဘယ်လိုဖြစ်လို့ '' ကြားကြားချင်း ကိုယ့်နားတောင် ကိုယ်မယုံနိုင် ။ chanyeol ကယောကျာ်းလေးလေ ။ ဘယ်လို ကိုယ်ဝန်ရှိနိုင်မှာလဲ ။
"ဟုတ်ပါတယ်... ကိုယ်ဝန်က နှစ်ပတ်ရှိပါပြီ ။ သတိမထားမိကြဘူးထင်တယ် ။ အန်တာတို့် အနံ့မခံနိုင်တာတို့လေ.....မသိကြဘူးလား''
"ဟင့်အင်းဆရာ မသိဘူး ''
"Park chanyeol မှာ မွေးရာပါ သားအိမ်ပါလာပုံပေါ်တယ်..... ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နိုင်တာ ။ လောလောဆယ် သွေးအားအတော်နည်းနေပါတယ်.... ခုလိုအချိန်မှာ တစ်ခုခု မကောင်းသတင်းတို့ စကားတို့်ကြားသွားလို့ မခံနိုင်ပဲလဲကျသွားတာ ''
ကြားတဲ့စကားတွေကို ယုံတောင်မယုံနိုင် ။ အိမ်မက်လိုကြီး ။ GeGe ကြားရင် ဘယ်လိုနေမယ်မသိ ။ ကျွန်တော်ကအံ့သြမိသလို ဝမ်းသာမိသည် ။ တူလေးဖြစ်ဖြစ် တူမလေးဖြစ်ဖြစ်ရတော့မှာကိုး...။
"ဒါနဲ့ လူနာရှင်က Park chanyeol ရဲ့အမျိုးသားလား .....အားနာပေမယ့် Park chanyeol က ယောကျာ်းလေးနဲ့အတူနေမိလို့ ဒီလိုကိုယ်ဝန်ရှိသွားတာပါ ''
DU LIEST GERADE
Wu's Minder [Completed]
Fanfictionဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie