အပိုင်း (20)

2.1K 215 14
                                    

"Chan ထတော့...ကိုယ်ကဒီနေ့လေယာဉ်တက်ရမှာ... chan က PaPaကိုစောင့်ရှောက်ပေးထား...'' ရင်ခွင်ထဲက အကောင်ပေါက်ကို ပါးတစ်ဖက်ဆွဲညှစ်ကာနှိုးရသည်။ တကယ်ဆို အစောကြီးကတည်းကနိုးနေမိတာ.... chanyeol အိပ်တာလေးဒီတိုင်းကြည့်နေတာ ကြည့်ရင်းနဲ့ပိုချစ်ဖို့ကောင်းလာသည်။

"ဒီနေ့သွားတော့မှာလား....ခနလေး ဒီအတိုင်းလေးနေချင်လို့ ..'' ရင်ခွင်ထဲတိုးမှီလာရင်းပြောသည် ။ အိပ်ယာထစမို့ အသံအစ်အစ်လေးက နဂိုကတည်းကသြရှရှအသံနဲ့ပေါင်းစပ်လိုက်တော့ လူကိုတောင်ရူးသွပ်စေနိုင်သည်။

"ဒါနဲ့မေးစရာရှိတယ် အိမ်ကိုဘယ်တုန်းကဝယ်လိုက်တာလဲ ''

"မင်းနဲ့ကိုယ် အတူအိပ်ပြီးတဲ့နေ့ကတည်းက''

"အမ်'' အံ့သြ၍ ရင်ခွင်ထဲမှနေ၍ ခေါင်းမော့ကာကြည့်မိသည် ။ ထိုအခါ နှာခေါင်းကိုဆွဲညှစ်လာသည် ။

"အံ့သြသွားတာလား ''

"အင်း ''

"ဘာကိစ္စရှိရှိ ကိုယ့်ကိုယုံကြည်ပေးပါ ..ထတော့ ပြီးရင်ဆေးရုံကိုသွားရအောင်''

-Wu's Minder -

"Sehun မင်း chanyeol ဆိုတဲ့ကောင်လေးကိုဘယ်လိုသဘောရလဲ ''

"ရိုးရိုးသားသားနဲ့ ချစ်စရာလေးပါ ။ တော်တော်လည်းသည်းခံတတ်တဲ့ပုံပါပဲ ။ ပြီးတော့ GeGe ကလည်း သူ့ကိုအရမ်းသဘောကျတဲ့ပုံပဲ ။ ''

"မင်းကရော Yifan ပြန်ကောင်းပြီဆိုတာသိနေတာလား....ငါပဲမသိတာထင်တယ်...ငါ့ကိုလိမ်ထားကြတာပေါ့လေ မင်းတို့က''
ဥက္ကဌကြီးက စိတ်တိုသလိုနှင့်ဟာသနှောကာပြောသည် ။

"မဟုတ်ပါဘူး ဦးလေးကလည်း... ပြီးတော့ chanyeol ကလည်း သိတာမကြာလောက်ဘူး... အန်တီတို့ကိုလုပ်ကြံသူတွေကိုသိပေမယ့် သက်သေမရှိလို့ လျို့ဝှက်စုံစမ်းနေတာာ.။.ဒါကြောင့်ဦးလေးကိုမပြောပြဖြစ်တာ..။.ခုကျလည်းအခြေအနေကတစ်မျိုးပေါ့....။ဒါနဲ့ ဦးလေး chanyeol နဲ့ Gege ကိုရစ်ကြည့်ပါ့လား..။.ကျွန်တော်က Gege တုန့်ပြန်မှုကိုအရမ်းသိချင်နေတာ....။ ဦးလေးနဲ့ Chanyeol ကြားဗျာများနေမှာပဲ  ''

Sehunကအကြံပေးတော့နှစ်ယောက်လုံးပြိုင်တူရယ်မိကြသည်။

"ဟားဟား....မင်းကတော့နှောက်ပြီ ။ yifan အကြောင်းမသိတာလည်းမဟုတ်ဘူး ။ သူကလိုချင်ရင်ရအောင်ယူတတ်တဲ့အကျင့်ရှိတာကို..။ ဘာပဲဖြစ်ဖြစ် မင်းပြောတဲ့အတိုင်းလုပ်ကြည့်ရတာပေါ့ ''

Wu's Minder [Completed]Donde viven las historias. Descúbrelo ahora