Liu NiNi နဲ့တွေ့ပြီးနောက် တစ်ခုခုကိုပူပန်နေမိသည် ။ kelvin နဲ့အတူရှိနေတာပိုကြောက်ရသည် ။ မကောင်းတဲ့လူနှစ်ယောက်ပေါင်းပြီး ဘာတွေအကြံထုတ်ကြဦးမယ်မသိ ။
အစည်းအဝေးပြီးဖို့ မနက်ဖြန်တစ်ရက်လိုသေးသည် ။ တစ်ရက်ကလည်း တစ်နှစ်လောက်တောင်ကြာနေသလို...။ နေ့လည်ကျရင်လည်း တွေ့ဆုံပွဲတစ်ခု ။
သတိရတာက ခု Liu XiXi ဘယ်မှာလဲ ။ sehunကိုစုံစမ်းခိုင်းရဦးမည် ။ sehun ကိုဖုန်းဆက်ကြည့်လိုက်သည်။
"Sehun ငါ့ကို Liu XiXi အကြောင်းစုံစမ်းပေးထား''
"ဘာလို့လဲ GeGe သူတို့နဲ့က ဇာတ်လမ်းပြတ်သွားပြီးသားမဟုတ်ဘူးလား ''
"ဒီမှာ Liu NiNi နဲ့ kelvin နဲ့ကို အတူတွဲတွေ့ရလို့ ခု Liu group အခြေအနေဘယ်လိုလဲ ဆိုတာသိချင်တယ် ''
"ဟုတ်ပြီ GeGe''
Sehun နဲ့စကားခဏပြောပြီးဖုန်းချလိုက်မှ chanyeol အကြောင်းမမေးလိုက်ရမှန်းသတိရသည် ။
ဖုန်းပြန်ဆက်လိုက်ရင်ကောင်းမလား ။ ဘေးမှာ chanyeol လည်းရှိပါ့မလားမသိ ။ video call ခေါ်ကြည့်ရမလား။
-Wu's minder -
ထမင်းလည်းဆက်စားလို့မရတာနဲ့ အကိုက်အခဲပျောက်ဆေးသောက်လိုက်သည်။ ထိုအခါမှပဲ နေရထိုင်ရတာ နည်းနည်းသက်သာသွားသလိုလို ။
အဒေါ်ကြီးပြင်ပေးထားသော ထမင်းဘူးကိုယူပြီး ဆေးရုံသို့ထွက်လာလိုက်သည် ။ ဆေးရုံသို့ရောက်တော့ sehun ဖုန်းပြောနေတာနဲ့ကြုံသည် ။ Wu yifan ဆက်တာဖြစ်မည် ။အလုပ်ကိစ္စအကြောင်းမို့လားမသိ ခဏပြောပြီးတာနဲ့ဖုန်းချသွားသည် ။
Wu yifan များ ငါ့အကြောင်းတောင်မမေးဘူးလား ။ ဘာရယ်မဟုတ် စဉ်းစားပြီးဒေါသထွက်လာတာလား စိတ်မကောင်းဖြစ်တာပဲလား ။ အင်းလေ သူနဲ့ငါနဲ့က ဘာမှမှ မဆိုင်သေးတာဆိုတဲ့အတွေးနဲ့ပဲ ဖျောက်ပစ်လိုက်ရသည် ။
အခန်းထဲရောက်သွားမှာ sehun က ကျွန်တော့်ကို မြင်သည် ။
"Aww chanyeol ရောက်လာပြီလား ''
"အင်း....sehun အတွက် ထမင်းဘူးယူလာတယ် ''
ထို့နောက် ဥက္ကဌကြီးကိုလည်းနှုတ်ဆက်လိုက်သည် ။ ဥက္ကဌကြီးကတော့ ပြန်ပြီး အိပ်နေလေရဲ့ ။
ESTÁS LEYENDO
Wu's Minder [Completed]
Fanficဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie