အပိုင်း (13)

2.4K 203 17
                                    

ဒုတိယနေ့

ထုံစံအတိုင်း နိစ္စဒူဝအလုပ်တွေလုပ်ပြီး ဆိုင်သို့ထွက်ခဲ့ကြသည်။

ဈေးထဲက အဒေါ်ကြီးတွေက သတင်းဖြန့်ထားသည်ထင်၏။

ကျောင်းသူကလေးမလေးတွေလည်း ဆိုင်ကိုလာစားကြ၏။ အာရုံကတော့အတော်နောက်သည်။

Wu yifan ကလည်းပြုံးဖြည်းနေတာပဲ ။ ဘေးနားကကောင်မလေးတွေကလည်းတရုန်းရုန်းနဲ့ ။ အတော်ပျော်နေတယ်ပေါ့လေ ။ စိတ်ထဲမှာဘာကိုဘဝင်မကျနေမှန်းတော့မသိ ။

"Fanfan ပန်းကန်တွေသွားဆေးချည် '' ကောင်မလေးတွေကြားထဲက Wu yifan ကိုအော်ပြောလိုက်သည် ။

Aww aa ဆိုပြီး သွားဆေးမယ်လုပ်တော့လည်း ကောင်မလေးတွေကိုနှုတ်ဆက်နေရတာ မပြီးသေး ။ အတော်ကို သံယောဇဉ် အမျှင်တွေမပြတ်နိုင်ဖြစ်နေတာပေါ့လေ ။ပန်းကန်တွေ ဆေးစမ်း
Wu yifan... ><

တော်ပြီနောက်နေ့ကျ Wu စံအိမ်ကိုမြန်မြန်ပြန်တော့မယ် ။ Wu yifan ကိုလည်းဆိုင်ကိုလာမကူခိုင်းတော့ဘူး ။
ဟိုကောင်မလေးတွေကလည်း Wu yifan ပြန်ထွက်လာမည်အထင်နှင့် ခုထိကိုဆိုင်ထဲကနေမထွက်ကြသေး ။ ဟေးလားဝါးလားနှင့် အတော်မျက်စိနောက်သည် ။ ヽ(o'皿′o)ノ

"Wu yifan ဒီနေ့ ပန်းကန်ပဲဆေးလိုက်တော့ အဲ့အခန်းထဲကကိုထွက်မလာနဲ့တော့ '' ဟုပြောလိုက်သည် ။ ကောင်မလေးတွေကတော့ ခနနေတော့ထပြန်သွားလေသည် ။ မျက်နှာတွေကလည်း မဲ့ရွဲ့နေတာပဲ ။

ဆိုင်မှာ လူတွေအကုန်ရှင်းသွားသည်အထိ Wu yifanကထွက်မလာသေး။အသာလေး မီးဖိုခန်းထဲဝင်ကြည့်လိုက်တော့ ဖုန်းဖြင့်
သတင်းတစ်ခုကိုစိတ်ဝင်တစားဖတ်နေဟန်။ အလိုမကျသလို မျက်ခုံးနှစ်ခုကိုလည်း တွန့်ချိုးထားလေသည် ။
ကျွန်တော့်ကို Wu yifan ကကျောပေးကာ ဖုန်းသုံးနေသဖြင့် ဖုန်းထဲကဘာကြည့်နေသလဲဆိုတောကိုတော့မြင်နိုင်သည်။

ကြည့်လိုက်တော့ တရုတ်စာတွေ ။ ကျွန်တော်နားမလည်ပါ။ ပြန်ထွက်လာလိုက်တော့ တောက် ခေါက်သံတစ်ချက်ကြားလိုက်ရပါ၏။ Wu yifan ဒေါသထွက်နေတာလား ။

"Fanfan ရေ ပန်းကန်တွေဆေးလို့မပြီးသေးဘူးလား ။ စားကြစို့လေ။ ပြီးရင်အိမ်ပြန်ကြစို့ ''

Wu's Minder [Completed]Onde histórias criam vida. Descubra agora