မိဘတွေကို သွားတွေ့တော့ ဥက္ကဌကြီးပါအိမ်ကိုလိုက်လာသည် ။ ပြောရရင် လာတောင်းရမ်းတဲ့သဘော.....။
"Omma.... သားပြန်လာပြီ''
မိမိမွေးနေ့ဖြစ်သည်မို့ ommaတို့ကလည်း ဆိုင်ပိတ်ထားသည် ။ မနေ့ညက လာမယ်လို့ ကြိုဖုန်းဆက်ထားသည်မို့ အဆင်သင့်ပြင်ပြီးစောင့်နေကြမှာအသေအချာပင်... ။အစ်မ yoora တို့လည်းရောက်နေကြမည်ထင်သည် ။ အိမ်မှာ ညစာသွားစားကြမည်ဖြစ်သည် ။"သြော်...ဆရာလည်းပါလာတာလား....ထိုင်ပါဦး''
အမေက ဧည့်ကြိုသည် ။
"Yoora စားစရာတွေသွားယူခဲ့ ဧည့်ခံရအောင်...''
Ommaက အစ်မကို မီးဖိုချောင်ထဲစားစရာတွေသွားယူခိုင်းသည် ။ ဖေ့ဖေ့(ဥက္ကဌကြီး)ကိုတွေ့တော့ အမေကဘယ်သူလဲလို့မေးသည်... ။
"ဒါနဲ့ ဒီက ဘယ်သူလဲမသိဘူး ''
"Wu yifan ရဲ့အဖေ.... '' ကျွန်တော်က ဝင်ပြောလိုက်တော့ အမေက ခေါင်းငြိမ့်သည် ။
"သြော် ဆရာ့အဖေလား....တွေ့ရတာဝမ်းသာပါတယ်ရှင်''
"ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ် ''
အစ်မက စားစရာတွေယူလာပြီးချပေးသည် ။ appa ရော ဘေးမှာရှိသည်မို့ တစ်မိသားစုလုံးအစုံအလင် ။ appa ကတော့ အနေအေးသူမို့ စကားသိပ်မပြော ....။ အစ်မရဲ့ကလေး (ကျွန်တော့် တူလေး)ရော ပါသည် ။ သူ့ယောကျာ်းတော့မပါ.... ။ တူလေးက တင်ပုလ္လင်ခွေထိုင်နေသော ကျွန်တော့်ပေါင်ပေါ်ကို တက်တာ ရင်ခွင်ထဲတွင်မှီ၍ အရုပ်ဆော့နေသည်.. ။ ဘာစကားမှမပြောဖြစ်ပဲ အားလူံးတိတ်ဆိတ်နေကြသည် ။ အမေက ထမင်းခူး ဇွန်းတပ်နေသည်မို့ ဇွန်းသံ ပန်းကန်သံကလွဲရင် ဘာမှမကြားရ...။
"Omma သားပြောစရာရှိလို့ ''
Ommaက အင်းတစ်လုံးတည်းပြောပြီး ဟင်းထည့်စရာရှိတာထည့်နေသည် ။
Wu yifan ကိုမော့ကြည့်မိတော့ စားပွဲအောက်က လက်ကို ဆုပ်ကိုင်ပြီး အားပေးသလိုကြည့်သည် ။
"စားလို့ရပါပြီ '' omma ကဟင်းတွေထည့်ရင်းပြောသည် ။
"ကောင်းကောင်းစားပါ့မယ် ''အကုန်လုံးကထမင်းစစားနေသည် ။
ESTÁS LEYENDO
Wu's Minder [Completed]
Fanficဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie