အပိုင်း (6)

2.1K 235 7
                                    

"Ya Park chanyeol ''

အိမ်ရှိအလုပ်သမားတွေရဲ့ မျက်စိက အကုန် လှေကားထိပ်မှာ အရုပ်ကိုကိုင် ညအိပ်ဝတ်စုံဝတ်ထားပြီး ဆံပင်တွေရှုပ်ပွနေတဲ့ Wu yifan ဆီမှာ

ထမင်းစားနေရင်းတောင် နင်ချင်သလိုဖြစ်သွားသည် ။

Wu yifan ဘာတွေဒီလောက်အော်နေတာလဲ

ဥက္ကဌကြီးကတော့ ပြုံးစိစိနဲ့

"ခါတိုင်းဆို အခန်းအပြင်ထွက်ဖို့မပြောနဲ့ အသံတောင်မကြားရတဲ့သူက ခုတော့ အော်ခေါ်လို့ပါလား ''

ဥက္ကဌကြီး၏အသံတွင် နွေးထွေးကြင်နာမှူအပြည့်ဖြင့် ။ Wu yifan ကို ကြည့်သောအကြည့်များတွင်လည်း သူ့သားကိုဘယ်လောက်ချစ်သလည်းမြင်နေရသည်။

ဝုန်းဝုန်းဒိုင်းဒိုင်း နဲ့ဆင်းလာပြီး ထမင်းစားပွဲတွင်ထိုင်နေဆဲ ကျွန်တော့်ကို လက်လာဆွဲ၏။

"လာ ငါ့ကိုမျက်နှာလာသစ်ပေး ''

ကျွန်တော်မှာ တအံ့တသြနှင့်မျက်လုံးကြီးပြူးမိသွားသော်လည်း ဥက္ကဌကြီးမှာ ပြုံးပြီးလိုက်သွားလိုက် ဟုပြော၏။

ကျွန်တော်လည်း Wu yifan ခေါ်သွားရာနောက်သို့ယက်ကန်ယက်ကန်ဖြင့် လိုက်သွားရလေ၏။

ထို့နောက် ကလေးလေးအတိုင်းပင် ရေချိုးခန်းထဲရောက်တော့ ထိုင်ခုံပေါ်တက်ထိုင်နေလေ၏။ ပြီးတော့မျက်လုံးမှိတ်ပြီး မျက်နှာကိုမော့ထားပေး၏။ ပြောချင်တာက မျက်နှာသစ်ပေးပါ ဆိုတဲ့သဘော ။...

မျက်နှာသစ်သွားတိုက်ပေးအပြီး မေးကြည့်ရသေးသည်

"Fanfan အီးအီးပါတည်ပေးရဦးမလား '' (•ิ_•ิ)?

-Wu's Minder-

ရေချိုးခန်းထဲကထွက်လာပြီးနောကိ ညအိပ်ဝတ်စုံကိုလဲခိုင်းရ၏။

"Fanfan မနက်စာစားရအောင် ''

"မစားချင်ဘူး ''

"ဘာလို့လဲ ''

"Mama မှမရှိတာ mama ကငါ့ကိုမျက်နှာသစ်မပေးတော့တာကြာပြီ ထမင်းလည်းမကျွေးဘူး ''

Aww Wu yifanရယ် ကျွန်တော် သနားတော့သနားမိသည်။

"ဒါဆိုဘာစားချင်လဲ ဘာမှမစားလို့မရဘူးနော် ပြီးတော့ မုန့်တွေချည်းပဲစားနေလို့မရဘူး ခါတိုင်း ဘာတွေစားလဲ ပြောကြည့် ''

Wu's Minder [Completed]Where stories live. Discover now