ဇာတ်သိမ်း

2.8K 232 21
                                    

5နှစ်ကြာပြီးနောက်

Chanyeol လည်းမီးဖွားပြီး တက္ကသိုလ်ဆက်တက်သည်..။  တက္ကသိုလ်ပြီး ဘွဲ့ရပေမယ့် ကလေးတစ်ဖက်နှင့် အသက်သုံးဆယ်ကျော် ကလေးဆိုးကြီးကို ထိန်းနေရတာကတစ်ဖက် အလုပ်မဝင်နိုင်သေး...။  မွေးထားတဲ့သားလေးကလည်း ယခုဆို လေးနှစ်အရွယ်...။ Wu yifan ကလည်း ကလေးနှင့် အပြိုင်ဆိုးသည်...။ သားသားကိုလည်း အလျော့မပေး ။ ကလေးနဲ့ အပြိုင်ဆော့ရင်လည်း တကယ်အကြိတ်အနယ်...။ သားက ငိုပြီးလာတိုင်လို့ Wu yifanကို ဆူငေါက်တဲ့အခါ သနားကမားရုပ်နဲ့ ဆူပုပ်နေတတ်လို့ သူ့ကိုပင်ပြန်ချော့ရသေးသည်....။.

Company သွားပြီးအလုပ်လုပ်ရင်ပုံစံကတစ်မျိုး....။ မျက်နှာထားတင်းတင်းဖြင့်ဆိုတော့ company ကရှိသမျှ ဝန်ထမ်းတွေအကုန် Wu yifan ကိုကြောက်သည့်အပြင် အလုပ်လုပ်ရာတွင် စေ့စပ်သေချာသည့်အတွက် အကုန်လုံးကလေးစားခံရသည်...။

ဒါပေမယ့် အိမ်ရောက်တဲ့အခါ ဥက္ကဌကြီး Wu yifan ကနေကလေးဆိုးကြီး Wu yifan ဖြစ်သွားတာကတော့ ထူးဆန်းသည်..။

လွန်ခဲ့တဲ့ငါးနှစ်က ဗိုက်ကိုဓားထိုးခံရတာ ဗိုက်ကိုမထိပဲ ခေါင်းကိုများထိသွားသလားပဲ ။

"Ar fanနဲ့ Fanfan ထမင်းစားမယ်.....''

မီးဖိုချောင်ထဲတွင် ထမင်းပွဲပြင်ဆင်ပြီးချိန်မှ ဆော့နေကြတဲ့သားအဖေနှစ်ယောက်ကိုခေါ်ရသည်...။

အဆော့မက်နေကြတော့ ခေါ်တာကိုလည်းမထူးသလို အဖက်မလုပ်...။ တကယ်မနိုင်ဘူး...။ ဖေဖေကတော့ မစောင့်တော့ဘူး စားတော့မယ်ဆိုပြီး စားနှင့်နေပြီ..။ နေဦး ဒီသားအဖနှစ်ယောက်တွေ့မယ်...။

"Ar fan ဖေဖေစိတ်တိုလာပြီနော်....တစ်နှစ်သုံးမှမလာရင် ဘာဖြစ်မယ်ဆိုတာသိတယ်လား... တစ်..နှစ်....''

ထိုအခါမှ ''လာပြီ...လာပြီ...'' ဟုဆိုပြီးသားအဖနှစ်ယောက်ကအပြေးလာကြသည်...။

"လက်ဆေးမယ်...fanfan က Ar fan ကိုလက်ဆေးပေးလိုက်..''

လက်ဆေးပြီးမှ ထမင်းစားပွဲကိုထိုင်...သားအဖနှစ်ယောက်လူံးကို ခွံ့ကျွေးရသည်...။ Wu yifan ကလည်း အရင်ကတည်းက ကျွန်တော် ခွံ့မကျွေးရင် ထမင်းမစားတော့ ကလေးရပြီးတဲ့ အချိန်ထိလည်း ကလေးနဲ့အပြိုင်ခွံ့ကျွေးမှစားသည်...။

Wu's Minder [Completed]Onde histórias criam vida. Descubra agora