"နေဦး ''
အခန်းပြောင်းရန်အထုတ်တွေဆွဲပြီး အပြင်ထွက်မယ်လုပ်တဲ့ကျွန်တော့်ကိုလှမ်းပြောသည်
"ဗျာ''
"ဘယ်သွားမလို့လဲ မင်းက ''
"အခန်းပြောင်းမလို့လေ fanfan ရဲ့ ''
"ပြောင်းပြီးဘာလုပ်မှာလည်း ''
တော်တော်အရစ်ရှည်တဲ့ သူဌေးသား (>_<)
"အိပ်ရမယ်လေ ''
"ငါနဲ့လာအိပ် ''
"ဗျာ ''
"အူကြောင်ကြောင်နဲ့ မင်းပဲသူငယ်ချင်းဆို အဲ့တော့လာအိပ်ပေး ''
ဒုက္ခပဲ လာအိပ်ပေးဆိုတာကဟုတ်ပါပြီ တစ်ညလုံးမအိပ်ပဲ ကစားခိုင်းနေရင်တို့ ကာတွန်းကားကူကြည့်ပေးပါဦးဆိုရင်တို့ အဲ့လိုဆိုဘယ်လိုလုပ်မလဲ ကြောက်လိုက်တာ Park chanyeol လေးအရမ်းကြောက်နေပါပြီ
"ဟုတ် fanfan ဒါပေမယ့် ဒီအိတ်လေးတွေတော့ အခန်းထဲသွားထားဦးမယ်နော် မျက်နှာသစ်သွားတိုက် ရေမိုးချိုးကိုယ်လက်သန့်စင်ပြီးရင် လာခဲ့မယ်နော် ''
ပြန်ဖြေတော့လည်းဘာမှပြန်မပြော Wu yifan ဟာ သူပြောပြီးသွားရင်တခြားသူတွေရဲ့အဖြေတို့ အမေးတို့ကို ဂရုမစိုက်တော့တဲ့ လူမျိုးလားမသိ
ကျွန်တော်က တစ်နေကုန်ရေမှမချိုးရသေး တစ်နေကုန်အခန်းထဲမှာ လူကညည်းစီစီနဲ့ မတက်ကြွဘူးဖြစ်နေတယ်
အခန်းထဲရောက်တော့ ခန္ဓာကိုယ်သန့်စင်ပြီး အဝတ်စားလဲ ပြီးတော့မှ Wu yifan ရဲ့အခန်းထဲလာခဲ့သည်
ကျွန်တော်သူ့ကိုတကယ်အံ့သြသည် ။ကျွန်တော်တို့တွေ့တာ ၂၄နာရီမပြည့်သေး ။Wu yifan ကိုကြည့်လိုက်ရင် ကစားရင်ကစားနေ မဟူတ်ရင် ကာတွန်းကြည့်နေတတ်သည် ။တခါတလေ အိပ်ရာထဲနေရင်းဖုန်းသုံးနေသည် ။ဘာတွေကြည့်လို့ကြည့်နေမှန်းတော့မသိပါ ။ကျွန်တော်က သူ့အိပ်ယာပေါ်ထိတော့လိုက်စပ်စုလို့မှမရပဲ ။
ခုလည်းအခန်းထဲဝင်လိုက်တော့ ခုနကအတိုင်း ကာတွန်းကားအကြည့်မပျက်။ အေးပါ Wu yifan ခင်ဗျားပဲကောင်းတယ် ။
ကိုရီးယားမှာရုန်းကန်လှုပ်ရှားနေရတာ ကျွန်တော်တစ်ယောက်တည်းလား? (╯︵╰,)
VOCÊ ESTÁ LENDO
Wu's Minder [Completed]
Fanficဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie