"Repeat လုပ်ထားလိုက် ''
ကျွန်တော် အံ့သြသွားသည် ။
Wu yifan ဟာ တကယ်ကြီးပြန်ကောင်းနေပြီလားဝေခွဲမရ။ ကလေးစိတ်ဆို ။ ကလေးတစ်ယောက်က All of me လိုမျိုး အင်္ဂလိပ်သီချင်းကိုကြိုက်တယ်ပြောပါ့မလား ။ပြီးတော့ repeat လည်းလုပ်ထားခိုင်းသေးသည် ။ တကယ်နားမလည်တော့ဘူး ခင်ဗျားက ဘယ်လိုလဲ Wu yifan....။
လောလောဆယ်ကတော့ Wu yifan မွေးနေ့ ဘာမှထပ်မစဉ်းစားချင်တော့ ။ တကယ်လို့ သူပြန်ကောင်းလာရင် လည်း အလုပ်ထွက်လိုက်ရုံပဲဟာ ။ ဘာခက်တာမှတ်လို့ ။..Wu yifan ပြန်ကောင်းလာရင် ကျွန်တော့်ကို မမှတ်မိခဲ့ရင်ကော.. ?..။
တွေးကြည့်ရင် စိတ်မကောင်းဖြစ်မိသည်မို့ ဆက်မတွေးတော့။ lotte world ရောက်ရင် ဘာလုပ်မယ် ဘာလုပ်မယ်ပဲစဉ်းစားမိသည် ။LOTTE WORLD IN SEOUL
Lotte world ကိုတော့ ရောက်လာပြီ ။ သောကြာနေ့မို့ လူတွေတော့ ပိတ်ကြပ်မနေ။
ရောက်တော့ နေ့လည်နေပူကြီးမို့ Lotte world indoor အတွင်းက ကစားစရာရှိတာတွေကစားကြသည် ။ နေပူဒဏ်မခံရအောင်ဖြစ်သည် ။
CZYTASZ
Wu's Minder [Completed]
Fanfictionဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie