"Fanfan စောင့်ရတာကြာသွားလား ''
"ရတယ် chan ကရော ဘာသွားလုပ်နေတာလဲ ''
"ဟိုဘာမှမဟုတ်ဘူး ဟီး''
ထိုစဉ် ဒရိုင်ဘာမှ သူရောက်နေပြီဖြစ်ကြောင်းဖုန်းဆက်လာခဲ့သည် ။
ကျွန်တော်တို့လည်း အိမ်သို့ပြန်လာခဲ့ကြသည် ။ အိမ်ပြန်လမ်းတစ်လျှောက် ဘာစကားမှမပြောဖြစ်ကြ ။ ခါတိုင်းဆို အရမ်းစကားများတဲ့ Wu yifanက ခုတော့ တိတ်ဆိတ်နေသည်မှာ ထူးဆန်းသည် ။ သူ့ကြောင့် ကျွန်တော် ဒဏ်ရာရသွားလို့ စိတ်မကောင်းဖြစ်ပြီး စကားမပြောတာနေမှာပါလေ ။ ကားတွင်းတိတ်ဆိတ်နေသည်မှာ အပ်ကျသံတောင်ကြားရတော့မည့်အလား ။ Wu yifan ကိုကြည့်လိုက်တော့ ကားမှန်ဘောင်ကို လက်တင်ထားကာ နားထင်လက်ထောက်၍ တစ်ခုခုကိုစဉ်းစားနေဟန်ရှိသည် ။ တစ်ခုခုတော့ တစ်ခုခုပဲ ။
အိမ်ရောက်တော့ fanfan ခနဟုဆိုကာ မျက်လုံးကို လက်ဖြင့်အုပ်လိုက်သည်။
"ဘာလုပ်မလို့လဲ ''
"ဘာမှမလုပ်ဘုး အသာနေပါ ''
"ကဲဖွင့်တော့ ''ဧညံ့်ခန်းထဲရောက်တော့ မျက်လုံးပိတ်ထားတာ လွှတ်ပေးလိုက်သည် ။
"မှောင်မဲနေတာပဲ ဘာမှမှမမြင်ရတာ ''
ထိုအချိန်တွင် မီးလင်းလာပြီး
"Happy birthday fanfan ''
အိမ်ရှိအလုပ်သမားအားလုံးကော ဥက္ကဌကြီးကော ကျွန်တော်ခေါ်ထားတဲ့သူငယ်ချင်းတွေ kai ကော baekhyun ကောက မွေးနေ့ဆုတောင်းစကားဆိုသည် ။
ထို့နောက် ကျွန်တော်က မွေးနေ့ကိတ်ယူလာပေးပြီး
"မှုတ်လိုက် fanfan... မွေးနေ့မှာပျော်ရွှင်ပါစေ ''
KAMU SEDANG MEMBACA
Wu's Minder [Completed]
Fiksi Penggemarဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကလေးမဟုတ်သည့်ကလေးကြီးကို ထိန်းရန် ဖြစ်လာသောအခါ..... Cover design by Fan Yeollie