Perth နဲ့ Plan အလုပ်သွားလုပ်ရင်အိမ်မှာတစ်ယောက်
ထဲနေခဲ့ရတာကို ငြီးငွေ့မိတယ် သူတို့နှစ်ယောက်အတွက်
လူပိုတစ်ယောက်လိုခံစားရတယ် တစ်နေ့တစ်နေ့သူတို့ပြန်
လာတာကိုစောင့်နေရတာ မစောင့်ချင်တော့ဘူး
Plan : လာလေ အိမ်ပြန်ကြမယ်
Perth နဲ့ Plan က အလုပ်ကနေအိမ်ပြန်လမ်းကိုလျှောက်
လာကြတယ်
Plan : Perth မင်းဘာလို့ပိုက်ဆံအဲ့လောက်ရှာနေတာလဲ
Perth : Saint ကအရင်ထဲကကျန်းမာရေးသိပ်ကောင်းတဲ့
သူမဟုတ်ဘူး သူ့ကျန်းမာရေးအတွက်ငါပိုက်ဆံကြိုစု
ထားမှဖြစ်မယ်လေ
Plan : အေး သူဘာမှမဖြစ်ခင်မင်းအရင်လဲသွားလိမ့်မယ်
Perth : ငါကခံနိုင်ရည်ရှိပြီးသားပါ သူ့ကိုသာစိတ်ပူနေတာ
ချမ်းချမ်းသာသာနေလာခဲ့ရတော့ ငါသူ့အတွက်လို
လေသေးမရှိထားနိုင်ပါ့မလား ပူရတယ်
Plan : Perth မင်းအခုတောင်လိုတာထက်ပိုပါတယ်ကွာ
Saint လည်းအဲ့လိုမထင်လောက်ပါဘူး
Perth : inn ငါ့အမြင်မှာလည်းသူပျော်နေပါတယ်
စကားပြောနေရင်းနဲ့ မိုးတွေကဖွဲဖွဲလေးကနေရွာချလာတယ် နှစ်ယောက်လုံးခေါင်းကိုလက်နဲ့အုပ်ပြီး ဘေးကဆိုင်တစ်
ဆိုင်မှာမိုးဝင်ခိုနေလိုက်တယ်
Plan : မိုးကလည်းကွာ
Perth : ကောင်းကင်ကလည်းမည်းနေတာပဲ တော်တော်နဲ့
တိတ်မယ့်ပုံမပေါ်ဘူး
မိုးကလည်းရွာ မိုးတွေကလည်းခြိမ်းဆိုတော့ Saint တစ်
ယောက်ထဲအိမ်မှာနေရင်းကြောက်နေမိတယ် သတိရလို့
နာရီကိုကြည့်လိုက်တော့မှ Perth ပြန်လာမယ့်အချိန်တောင်
ရောက်နေပြီ
Perth : Saint ငါ့ကိုစောင့်နေမှာ ငါပြန်မှဖြစ်မယ်
Plan : နေပါဦး ဒီလောက်မိုးတွေရွာနေတာကို
Perth : သိပါတယ် ဒါပေမယ့် သူတစ်ယောက်ထဲအိမ်မှာငါ
စိတ်မချဘူး မင်းပြီးမှလိုက်ခဲ့ ငါပြန်နှင့်မယ်
Plan : Hey Perth Perth
Plan အော်ခေါ်လည်းမကြားတော့ဘူး Perth ကအမြန်
ခြေကိုသုတ်ချေတင်ပြီးပြေးတော့တယ် အိမ်မှာ Saint တစ်
ယောက်ထဲကြောက်လန့်နေမှာ ပြီးတော့ သူပြန်မလာသေး
လို့လည်းစိတ်ပူနေလိမ့်မယ် မိုးရေစိုတာပြသနာမရှိပါဘူး Saint ဆီပြန်ဖို့ပဲပိုအရေးကြီးတယ်
Perth ထင်ထားတဲ့အတိုင်းပါပဲ Saint ကအိမ်ရှေ့မှာထီးတစ်
လက်ကိုဆောင်းပြီးပြန်လာမယ့်လမ်းကိုမျှော်နေတယ်
Perth အခုထိပြန်မလာသေးတော့ မိုးခြိမ်းတာလည်းလန့်မနေ
တော့ဘူး Perth ပြန်လာမယ့်လမ်းကိုသူဆက်လျှောက်သွား
လိုက်တယ်
Saint : သူထီးလည်းမပါဘူး
Perth မိုးမိပြီးပြန်လာမှာစိုးလို့ အတတ်နိုင်ဆုံးအမြန်သွား
လိုက်တယ် လမ်းထိပ်ရောက်တော့ Perth ကိုတွေ့လိုက်ရ
တယ် သူ့တစ်ကိုယ်လုံးလည်းစိုရွှဲနေတော့စိတ်ပူပြီးအမြန်
ထီးဆောင်းပေးဖို့ပြေးသွားလိုက်တယ်
Saint : Perth
Saint ကထီးဆောင်းပေးဖို့ပြေးလာခဲ့ပေမယ့် ကျောက်တုံး
ကိုခိုက်မိပြီး ချော်လဲကျသွားတယ်
Perth : Hey Saint
Perth ကချော်လဲကျသွားတဲ့ Saint ဆီကိုပြေးပြီးလာထူ
လိုက်တယ်
Perth : ဖြေးဖြေးထ ဘာလို့ပြေးလာတာလဲ
Perth ကဆေးဘူးယူလာပြီး အခန်းထဲမှာထိုင်နေတဲ့ Saint
ရဲ့လက်လေးကို ဆွဲယူလိုက်တယ်
Perth : လက်မှာပွန်းသွားပြီ
Perth က Saint လက်ကိုဆေးလိမ်းပေးလိုက်တယ်
Perth : ဘာလို့အပြင်ထွက်လာတာလဲ
Saint : Perth ထီးမှမပါသွားတာ စိတ်ပူလို့ပေါ့
Perth : ကို့ကိုစိတ်ပူတာ အခုတော့မင်းဒဏ်ရာရပြီမလား
Saint နောက်ဆိုအိမ်မှာပဲစောင့်နေပါ ကိုနောက်ကျ
ရင်ဖုန်းဆက်နေကျပဲကို နောက်အဲ့လိုအပြင်ထွက်
စောင့်တာမျိုးမလုပ်နဲ့ ကြားလား
Perth ကြည့်ရတာတကယ်စိတ်ဆိုးနေတဲ့ပုံပေါ်လို့ Saint
ကခေါင်းလေးပဲညိမ့်လိုက်တယ်
Perth : ဘယ်နားထိသေးလဲ ခြေထောက်လည်းပွန်းသွား
တာပဲ သွေးစလေးတောင်ထွက်နေတယ်
Perth ကဆေးလိမ်းပေးမယ်လုပ်တော့ Saint ကသူ့ခြေ
ထောက်ကိုအတင်းနောက်ဆုတ်လိုက်တယ်
Perth : ဘာလုပ်တာလဲ
Saint : ကျွန်တော့်ဘာသာလိမ်းလိုက်ပါ့မယ် ပေးပါ
Perth : ကိုလုပ်ပေးလို့မရဘူးလား ဘာဖြစ်လို့လဲ
Saint : ခြေထောက်ကို Perth မလိမ်းပေးပါနဲ့ ကို့ဘာသာ
လုပ်ပါ့မယ်
Perth : Saint
Perth ကအသံကျယ်ကျယ်နဲ့တစ်ချက်အော်လိုက်တော့မှ
Saint လည်းဘာမှဆက်မပြောဘဲ ငြိမ်နေလိုက်တယ်
Saint : Arr နာတယ်
Perth ကတမင်ဖိလိမ်းပေးပြီးတော့မှ Saint အော်လိုက်လို့
ပြုံးချင်ချင်ဖြစ်သွားတယ်
Saint : သူများနာလို့အော်တာကို လှောင်နေတာလား
Perth :မဟုတ်ပါဘူး တစ်ခြားနာတဲ့နေရာရှိသေးလား
Saint: မရှိပါဘူး ရပါပြီ
Perth : ပြောစကားနားမထောင်တဲ့ ကလေးဆိုးလေး
Perth ကလှောင်ပြုံးနေတဲ့ မျက်နှာလေးနဲ့ပြောလိုက်တော့
မှ Saint လည်းပြန်ရီနိုင်တော့တယ်
Perth ကတဘက်လေးကိုယူပြီး Saint ရဲ့ရေစိုနေတဲ့ဆံသား
လေးတွေကိုသုတ်ပေးလိုက်တယ်
Saint : ရပါတယ် ကျွန်တော့်ဘာသာသုတ်လိုက်ပါ့မယ်
Perth လည်းခေါင်းတွေစိုနေတာ မသုတ်ဘူးလား
Perth : စကားအရမ်းများတယ်နော် အသံသေးသေးလေးနဲ့
သိပ်ပြောနိုင်တယ်
Saint : Perth ကလည်း Perth ချမ်းနေမှာစိုးလို့ပြောတာကို
Perth ကပြုံးပြီး Saint ကိုအနောက်ကနေပခုံးလေးကိုဖက်
ထားလိုက်တယ်
Saint : ဘာလုပ်တာလဲ
Perth : ကိုချမ်းနေရင် မင်းကိုဖက်ထားမှာပေါ့ မင်းကိုယ်က
နွေးနေတာပဲလေ
Saint : Perth ကလေ တကယ်နောက်တယ်
Perth : မင်းကနောက်ချင်စရာကောင်းတာကို ငြိမ်ငြိမ်နေ
မင်းခေါင်းခြောက်မှ ကို့ဘာသာသုတ်လိုက်မယ် ကိုက
မိုးမိလည်းဘာမှမဖြစ်ဘူး မင်းသာဖျားမှာစိုးရတယ်
Saint : မဖျားပါဘူး
Plan : ဟေ့ကောင်တွေ မင်းတို့ကလည်းပိုလွန်းတယ်နော်
အပြင်ကနေတဲ့ငါတောင်ကြားရတယ်
Perth : မင်းကဘာလို့ ချောင်းနားထောင်နေရတာလဲ
Plan : မနားထောင်ပါဘူးကွာ ငါအပြင်မှာညစာစားဖို့ပြင်နေ
ရင်းကြားလို့ပါ ထွက်လာခဲ့တော့ ညစာစားရအောင်
Perth : inn လာ Saint
ညသန်းခေါင်အိပ်ပျော်နေတဲ့အချိန် ညည်းသံတွေကိုကြား
နေရပါလား Perth ကသေချာနားစွင့်လိုက်တော့မှဘေးမှာ
Saint ဆီကညည်းတဲ့အသံပဲ သူမီးတွေကိုအမြန်ထဖွင့်လိုက်
တယ်
Perth : Saint Saint
စောင်ကိုလည်းအတင်းခြုံထားတော့ Perth ကနဖူးကိုစမ်း
လိုက်တယ် သူအဖျားတက်နေတာပဲ
Perth : Saint ကိုပြောသားပဲ မင်းဖျားမယ်လို့
Perth က Saint ကိုဆွဲထူလိုက်ပြီးအပေါ်ကကုတ်အင်္ကျီ
တစ်ထပ်ကိုထပ်ပြီးဝတ်ပေးလိုက်တယ်
Saint : ဘယ်သွားဖို့လဲ
Perth : ဆေးရုံသွားရမှာပေါ့ မင်းဒီလောက်ဖျားနေတာကို
ဘာလို့ကို့ကိုမနှိုးလိုက်တာလဲ
Saint : မသွားချင်ဘူး ဆေးသောက်ရင်ကောင်းသွားမှာ
Perth : မင်းမျက်နှာတစ်ခုလုံးဖြူဖတ်ဖြူလျော့ဖြစ်နေပြီလေ
ထပါ သွားရအောင်
Saint ကလက်ကိုအတင်းလွှတ်ချပြီး ပြန်လှဲချလိုက်တယ်
Saint : မသွားဘူး
Perth : Saint ဘာလို့ခေါင်းမာနေတာလဲ
Saint : ဆေးလေးသောက်ပြီးအိပ်လိုက်ရင်သက်သာသွားမှာ
ပါ ရိုးရိုးအအေးမိတာလောက်ကိုသွားဖို့မလိုပါဘူး နော်
မနက်ဆိုအဖျားကျသွားမှာပါ
Perth လည်းပြောမနိုင်တော့တဲ့အဆုံး သူ့စောင်ကို Saint
အပေါ်ထပ်ခြုံပေးလိုက်တယ် Saint ကိုဆေးတိုက်ပြီးတော့မှ အပြင်ထွက်ပြီးရေဇလားနဲ့အဝတ်ကိုယူပြီး နဖူးပေါ်ကိုအဖျားကျအောင်တင်ပေးထားတယ် အဝတ်ကနွေးသွားရင် ပြန်ပြီး
ရေထဲပြန်ထည့် ပြန်လဲပြီးတင်ပေးရတယ် သူပင်ပန်းနေပေ
မယ့်အိပ်ဖို့တောင်အချိန်မရှိတော့ဘူး အိပ်ဖို့ကိုလည်းမစဉ်းစား
နိုင်သေးပါဘူး Saint အဖျားကျဖို့ကသူ့အတွက်ပိုအရေးကြီး
တယ်
Perth : တော်သေးတယ် အဖျားပြန်ကျသွားပြီ
မနက်ငါးနာရီထိုးနေပြီ သူတစ်ရေးမှမအိပ်ရသေးဘူး
Saint ဘေးမှာခဏလေးလှဲချနေရုံနဲ့ ပင်ပန်းလွန်းလို့ချက်ချင်း
အိပ်ပျော်သွားတယ် Saint ကဘေးမှာအိပ်နေတဲ့ Perth ကို
ကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်
ကံတရားကိုအစကတော့ကျေးဇူးတင်ခဲ့တယ် ဒါပေမယ့်
အခုတော့မေးစရာမေးခွန်းတွေအများကြီးရှိလာခဲ့ပြီ ဘာလို့
ကျွန်တော်တို့ကိုဆုံခွင့်ပေးခဲ့ရတာလဲ ကျွန်တော်ကြောင့် Perth ပင်ပန်းနေရတာကို ဘယ်လိုစိတ်မျိုးနဲ့ဆက်ကြည့်ရမလဲ
Part 12 ( the end )