Mom : သားလေး ဆင်းလေ
အကောင်းစားဇိမ်ခံကားပေါ်ကနေ Saint ကဆင်းလာခဲ့
တယ် သူတို့ရောက်နေတာဆေးရုံရှေ့ ထိုင်းမှာအကောင်းဆုံး
ဆေးရုံကြီးထဲကိုသူလျှောက်လာခဲ့တယ်
Suu : Arr နာတယ်
ဆေးထိုးလို့နာနေတဲ့ညီမလေးကို Perth ကဖက်ထား
လိုက်တယ်
Perth : ဘာမှမဖြစ်ဘူးနော် ကိုကို့ညီမလေးကသတ္တိရှိတယ်
မလား
Suu : ဟုတ်ကဲ့
D : လူနာရှင်လား စကားခဏလောက်ပြောချင်လို့ဆွေးနွေး
ခန်းကိုလိုက်ခဲ့ပေးပါ
Perth : Suu ဒီမှာထိုင်နေနော် ကိုကိုပြန်လာခဲ့မယ် ဒါလေး
ဆော့နေနော်
Perth ကသူ့ညီမလေးလက်ထဲကိုဘောလုံးလေးထည့်ပေး
ခဲ့တယ်
Mom : သား အမေဆရာဝန်နဲ့စကားပြောလိုက်ဦးမယ် ထိုင်
နေဦးနော်
Suu ကဆော့နေရင်းနဲ့သူ့ဘောလုံးလေးက Saint ထိုင်နေ
တဲ့ခုံအောက်ကိုလှိမ့်ဝင်သွားတယ်
Suu : ငါ့ဘောလုံးလေး
Saint အနားကိုဘောလုံးကောက်ဖို့သွားလိုက်ပေမယ့်
Saint ကသူ့ကိုမျက်လုံးစိမ်းနဲ့စိုက်ကြည့်နေတယ်
Saint : ဘာလဲ
အသံကအစကြောက်ဖို့ကောင်းတယ်
Suu : ခုံအောက်က ဘောလုံးလေးလိုချင်လို့
Saint : မင်းဆော့စရာနေရာရှားနေတာလား ဝေးဝေးနေစမ်း
အော်လိုက်တော့ကလေးကကြောက်ပြီးထငိုလိုက်တယ်
Saint : ပါးစပ်ပိတ်ထား ငါနားငြီးတယ် သွား
Mom : ဒီကလေးကဘယ်ကလဲ သား အထဲဝင်မယ် လာ
Saint နဲ့သူ့အမေကဆရာဝန်အခန်းထဲကိုဝင်သွားတယ်
Perth ကအခန်းထဲကထွက်လာတော့သူ့ညီမလေးကဘာလို့ငို
နေရတာလဲ
Perth : Suu ဘာဖြစ်လို့လဲ
Suu : ကြောက်တယ် ကိုကို
Perth : ဘာဖြစ်တာလဲ မငိုရဘူးလေ လိမ္မာတယ်လေ နော်
အရုပ်လေးရော
Suu ကခုံအောက်ကိုလက်ညိုးထိုးပြလိုက်တော့ Perth ကငုံ့
ပြီးဘောလုံးလေးကိုကောက်ပေးလိုက်တယ်
Perth : ရော့ အိမ်ပြန်ကြမယ်နော် မငိုနဲ့တော့
Saint ကဆရာဝန်ကိုလုံးဝမျက်နှာလှည့်မကြည့်ဘူး ပြော
နေတာလည်းပြန်မဖြေဘူး
D : အစားထိုးခွဲစိတ်လိုက်ရင်ကောင်းသွားမှာပါ အခုလည်း
ဆေးပုံမှန်သောက်ရင်အဆင်ပြေပါတယ်
Saint : ဘယ်အချိန်ထိသောက်နေရမှာလဲ
D : ဒါကတော့ ဆေးသောက်နေမှ
Saint : မပျောက်နိုင်ဘဲ သက်သာဖို့သောက်နေရမှာလား
ပင်ပန်းနေပြီ ဘာလို့ငယ်ငယ်ထဲကသောက်နေတာအ
ခုထိမကောင်းသေးတာလဲ
ကျွန်တော်ကအပြင်ပုံကသာမာကြောရက်စက်တာပါ
အတွင်းစိတ်ကပိုးသားလိုကိုနူးညံ့ပါတယ် အားငယ်တတ်တယ် သေရမှာကိုကြောက်တယ် ငယ်ငယ်ထဲကခံစားရတဲ့နှလုံး
ရောဂါကြောင့်လောကကြီးကိုအရွဲ့တိုက်နေခဲ့တာပါ
Perth ကကလေးကိုကုန်းပိုးပြီးအိမ်ကိုလမ်းလျှောက်လာခဲ့
တယ်
Suu : ခုနကအကိုကြီးကကြောက်ဖို့ကောင်းတယ် ကိုကို့လို
မကြင်နာတတ်ဘူး
Perth : ဟုတ်လား ဒါဆို ကိုကို့ညီမလေးလက်ထပ်ရင်အဲ့လို
လူမျိုးရှောင်နော်
Suu : လက်မထပ်ပါဘူးနော် ကိုကိုနဲ့ပဲနေမှာ
Perth : ချစ်စရာလေး မုန့်စားချင်လို့လား
Suu : တကယ်ပြောတာပါ
ဘေးနားမှာမီးပွိုင့်ကြောင့်ကားတွေကပိတ်နေတယ် Saint
ကတံခါးကနေ Perth နဲ့ကလေးလေးကိုလှမ်းမြင်နေရတယ်
ခုနကသူအော်လိုက်တဲ့ကလေးလေးပဲ
Saint : သူ့ဘဝလေးကောင်းလိုက်တာ
Mom : ဘာကိုလဲ သားဘာကိုပြောတာလဲ
Saint : မဟုတ်ပါဘူး
သူ့မှာသူ့ကိုချစ်ပေးမယ့်သူရှိတယ် သူ့အကိုလား အဖေလား
တော်တော်ချစ်တတ်တဲ့ပုံပဲ အားကျမိပါတယ် ကလေးရယ်
မင်းဘဝကအရမ်းလှပနေတာပါ ကျန်းကျန်းမာမာနဲ့တစ်ခြား
ကလေးတွေလိုတန်းတူဆော့ကစားနိုင်တယ်လေ ငါကတော့
ငယ်ငယ်ထဲကအချုပ်ကျနေသလိုပါပဲ ငါ့ရောဂါကြောင့်တစ်ခါ
မှမကစားခဲ့ဖူးဘူး
Plan : ပြန်လာပြီလား အိပ်ပျော်လာတာလား
Perth : inn ငါအထဲမှာသွားသိပ်လိုက်ဦးမယ်
Perth ကအထဲကထွက်လာပြီး Plan ဘေးမှာထိုင်လိုက်
တယ်
Plan : မင်းအလုပ်သစ်ရပြီလား
Perth : ရှာနေတုန်းပါပဲကွာ မထူးသေးဘူး
Plan : Suu အတွက်အချိန်တစ်လလောက်ပဲရှိတော့တယ်
Perth : သိပါတယ် ငါလည်းဘာလုပ်ရမလဲမသိတော့ဘူး
ပိုက်ဆံလည်းလိုနေတယ်
Plan : Perth သူကနောက်ဆုံးအချိန်ရောက်နေတာ ငါတို့
လည်းမတတ်နိုင်ဘူးလေ
Perth : ငါနဲ့ဆင်းဆင်းရဲရဲနေရတဲ့ဘဝကလွတ်မြောက်သွား
တာပေါ့ကွာ
Perth ကငိုနေတော့ Plan ကနှစ်သိမ့်ပေးလိုက်တယ်
ပစ္စည်းဥစ္စာမလိုအပ်ဘူး ချမ်းသာမှု ပိုက်ဆံမလိုချင်ဘူး လိုချင်
တာတစ်ခုထဲပါ ဘဝတစ်လျှောက်လုံးရက်စက်ခဲ့ပြီးပြီလေ
ဒီဆုတောင်းလေးကိုမဖြည့်ပေးနိုင်တော့ဘူးလား
Saint ကထုံးစံအတိုင်းပန်းချီကားကိုရေးဆွဲနေတယ်
Aunty : သား ဘာလို့ဒါကိုပဲဆွဲနေတာလဲ တစ်ခြားပုံမဆွဲဘူး
လား
Saint : လူတွေပြောနေတဲ့ အလှတရားဘာလဲသိချင်နေတာ
ဘယ်လောက်ဆွဲဆွဲ အဖြေမရသေးဘူး
Aunty : Saint သားပြုံးတာတောင်ဒေါ်လေးတစ်ခါမှမမြင်ဖူး
ဘူး သားမှာလိုအပ်ချက်လည်းမရှိဘူး ဘာလို့လော
ကကြီးမှာပျော်ပျော်မနေနိုင်တာလဲ
ဒေါ်လေးမေးခွန်းကိုဘယ်လိုပြန်ဖြေရမလဲမသိဘူး သူဘာ
လို့တစ်ခါမှမပျော်ရွှင်ဖူးတာလဲ တစ်ခါမှမရီဖူးတာလဲ သူကိုယ်
တိုင်မသိဘူး သူငိုလည်းမငိုဖူးဘူး
Aunty : ဘာလို့လည်းသိလား သားမချစ်ဖူးသေးလို့
Saint : အချစ်လား
Aunty : သားကိုပျော်အောင်လုပ်နိုင်တဲ့သူ အဲ့သူကြောင့်သား
ပြုံးနေရင် အဲ့ဒါသားချစ်မိနေတာ အဲ့လူကိုပေါ့ တစ်
နေ့တော့သားဆီအချစ်တွေရောက်လာမှာပါ
ဒေါ်လေးက Saint ကိုပြုံးပြပြီးအောက်ထပ်ကိုဆင်းသွား
လိုက်တယ် အချစ်ကိုလိုအပ်နေတာလား ငါ့ရဲ့အချစ်ကဘယ်
မှာလဲ
ရုတ်တရက်သူ့ရင်ဘတ်ထဲကနေနာကျင်လာတယ် သူ့ရောဂါ
ကဖြစ်လာပြန်ပြီ ဆေးသောက်ပြီးတာနဲ့အောက်ထပ်ကိုဆင်း
သွားလိုက်တယ်
M : သူဌေး ခရီးသွားဖို့လက်မှတ်ဝယ်ပြီးပါပြီ
Mom : inn သွားကြမယ်လေ
အမေမေ့နေပြန်ပါပြီ နေမကောင်းလို့အချစ်လိုအပ်နေတဲ့သူ့
သားကိုမေ့ပြီး အလုပ်တွေဖိလုပ်နေပြန်ပြီ စိတ်ကုန်တယ်
အမြဲဆေးသောက်နေရတာမုန်းတယ် နာကျင်နေတဲ့ဒီနှလုံးသားကြီးကိုလည်းမုန်းတယ် အိမ်ကိုလည်းမုန်းတယ်
Perth တစ်ယောက်ထဲခြေမှိုင်လက်မှိုင်ချပြီး စိတ်ညစ်ညစ်နဲ့
လမ်းလျှောက်လာတယ် သူ့ညီမလေးအတွက်ပူပန်စိတ်က
သူ့ကိုလွှမ်းမိုးနေတယ် လမ်းလျှောက်လာရင်းနဲ့တံတားနား
ကိုရောက်လာခဲ့တယ်
Saint : လောကကြီးကငါ့အတွက်မတရားဘူး ငါအသက်ရှင်
နေတာဘာကောင်းကျိုးရှိလို့လဲ သေသွားရင်ငါအဲ့ဒါ
တွေခံစားနေဖို့မလိုတော့ဘူး အားလုံးငြိမ်းချမ်းသွား
လိမ့်မယ်
Saint ကအေးစက်နေတဲ့လက်တွေနဲ့တံတားဘောင်ကိုကိုင်
ပြီးဘောင်ပေါ်ကို့ဖြည်းဖြည်းချင်းတက်လိုက်တယ် ငုံ့ကြည့်
လိုက်ရင်မြင်နေရတဲ့ရေ လေတိုက်သံအကျယ်ကြီးတွေကသူ့
ကိုထိတ်လန့်စေပေမယ့် သူဆုံးဖြတ်ပြီးပြီ သူ့ကိုသူအဆုံးစီရငဖို့ ဘယ်သူ့မှသူ့ကိုမကယ်နိုင်တော့ဘူး သူ့ဘဝကိုအေးချမ်း
အောင်သူကိုယ်တိုင်ပဲလုပ်ယူရမယ်
ဖြည်းဖြည်းချင်းသူ့လက်ကိုလွှတ်လိုက်တယ် လေအေးအေး
တွေကသူ့မျက်နှာကိုတိုက်ခတ်နေတယ် မျက်လုံးတွေကို
မှိတ်ထားလိုက်တယ် လောကကြီးကိုနှုတ်ဆက်ခဲ့ပါတယ်
ရုတ်တရက်သူ့လက်ကိုဆွဲပြီး ခန္ဓာကိုယ်ကိုပါဆွဲချခံလိုက်ရ
တယ် သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့မှ ကောင်လေး
တစ်ယောက်ရဲ့ကိုယ်ပေါ်ကိုသူရောက်နေတာပဲ
Perth : မင်းဘာလုပ်တာလဲ
လူတစ်ယောက်နဲ့ဒီလောက်ထိအနီးကပ်ကြည့်ဖူးတာ သူက
ပထမဆုံးဖြစ်လိမ့်မယ် သူဘာလို့ငါ့ကိုကယ်လိုက်ရတာလဲ
ငါသေချင်နေတာကို ဘာလို့တားလိုက်ရတာလဲ
Part 2 ( the end )