Part 3

998 128 8
                                    

သူ့ခန္ဓာကိုယ်ပေါ်ကနေအတင်းထလိုက်တယ်
Saint : မင်းဘာလုပ်တာလဲ ဘာလို့ငါ့ကိုဆွဲချရတာလဲ
Saint ကအတင်းဘောင်ပေါ်ကိုပြန်တက်ဖို့ကြိုးစားလိုက်တယ် Perth ကသူ့ကိုအတင်းပြန်ဆွဲထားလိုက်တယ်
Saint : လွှတ် လွှတ်လို့ပြောနေတယ်
Perth : မင်းဘာလုပ်မှာလဲ စိတ်ကိုလျော့ထား
Saint : ဖယ်စမ်းပါ
Saint က Perth ကိုအတင်းတွန်းထုတ်လိုက်တယ်
Saint : လောကကြီးကငါ့အတွက်မတရားဘူး ငါမရှိလေ
ကောင်းလေပဲ
Perth : မင်းအရူးထမနေနဲ့ လောကကြီးကမင်းအတွက်မတ
ရားဘူးဆိုရင်ငါ့လိုလူမျိုးက ဆယ်ခါလောက်သေပြီး
နေပြီ
Saint : မင်းဘာသိလို့လဲ ဘာသိလို့အဲ့လိုလာပြောနေတာလဲ
ငါ့မှာအားလုံးပြည့်စုံနေရင်တောင် နာကျင်နေရတယ်
အဲ့ဒါတွေမင်းမသိဘူး
Saint ကဆွဲထားတာတောင်အတင်းရုန်းကန်နေတယ်
Perth : ငါ့ကိုကြည့် သေချာကြည့်
နောက်ဆုံးမရတဲ့အဆုံး Perth ကအသံကျယ်ကျယ်နဲ့အော်
လိုက်တယ်
Perth : ငါပြောတဲ့တစ်ခွန်းလောက်ပဲနားထောင်သွား ပြီးရင်
မင်းဘာသာသေချင်သေ ရှင်ချင်ရှင် ငါ့အပူမပါဘူး
Saint : မင်းဘယ်လိုပြောပြော ငါပြောင်းလဲမှာမဟုတ်ဘူး
Perth : ငါ့ညီမလေး အသက် ၁၀ နှစ်ပဲရှိသေးတယ် သေရ
တော့မယ်
ကြားကြားချင်းပဲ Saint မှင်သက်သွားတယ် လုံးဝကိုငြိမ်
ကျသွားတယ်
Perth : သူ့ကိုကံတရားကအသက်ဆက်ရှင်ခွင့်မပေးနိုင်
တော့ဘူး သူရှင်သန်ချင်တာ မင်းသေဖို့ဆုံးဖြတ်ထား
ရင်ကျန်ရှိနေတဲ့မင်းသက်တမ်းကို ငါ့ညီမလေးအ
တွက်ပေးခဲ့ပါ
Perth ကချက်ချင်းပြန်လှည့်ထွက်သွားတယ်
Saint ကတံတားဘောင်ကိုကြည့်ပြီးပြန်တွေးမိတယ် သူဘာ
တွေလုပ်ဖို့ကြိုးစားမိပါလိမ့် ကလေးကတောင်ကျန်ရှိနေတဲ့ဘ
ဝလေးကိုအကောင်းဆုံးဖြတ်သန်းနေတာ သူကဘာလို့ဒီလိုလုပ်ရပ်မျိုးကိုလုပ်ဖို့စဉ်းစားမိတာလဲ ကျန်နေသေးတဲ့ဘဝကို
အကောင်းဆုံးဖြတ်သန်းသင့်တာလား
သူသတိရရချင်းလှည့်ကြည့်လိုက်ပေမယ့် သူ့ကိုကယ်ခဲ့တဲ့သူ
ကိုမတွေ့ရတော့ဘူး
Aunty : သားလေး ဘယ်တွေသွားနေတာလဲ တစ်အိမ်လုံးက
စိတ်ပူနေတာ
Saint ကဘာတစ်ခွန်းမှပြန်မပြောဘဲသူ့အခန်းထဲသူဝင်
သွားပြီးကုတင်ပေါ်တက်အိပ်နေလိုက်တယ်
Aunty : Saint Saint ဘာဖြစ်လာလို့လဲ
Saint : ဒေါ်လေး ကျွန်တော်ငိုချင်တယ်
Aunty : ဘာ သားကဘာလို့ငိုရမှာလဲ
Saint : ကျွန်တော့်မျက်ရည်တွေ ဘာလို့မကျဖူးတာလဲ
သူတစ်ခါမှခံစားချက်မထားခဲ့ဖူးဘူး ဒါပေမယ့် သူ့ခေါင်းထဲ
မှာဒီနေ့ Perth ကိုပဲမြင်ယောင်နေမိတယ် Perth ပြောလိုက်
တဲ့စကားကိုစကြားလိုက်တာနဲ့သူ့ရင်ထဲမှာ တစ်မျိုးကြီးဖြစ်
သွားတယ် အဲ့ခံစားချက်ကဘာလဲ သနားစိတ်လား အခုသူ့မှာ
ခံစားချက်ဆိုတာကြီးပေါ်လာတာလား
Plan : Perth Perth
Plan ကမျက်နှာသစ်နေတဲ့ Perth ကိုလှမ်းအော်ခေါ်လိုက်
တယ် ဘာဖြစ်လို့ Plan အဲ့လောက်အော်ခေါ်နေတာလဲ
Plan : ကြည့်ပါဦး Suu ကိုခေါ်မရဘူး
Perth : Suu Suu ညီမလေး
နှစ်ယောက်လုံးအတင်းလှုပ်နိုးနေပေမယ့် ကလေးကဘယ်လိုမှခေါ်မရတော့ဘူး Perth ကကလေးကိုချီပြီးအပြင်
ကိုခေါ်ထုတ်သွားတယ်
Aunty : သား ဒီနေ့ကစပြီးဆေးစစ်ဖို့ဆေးရုံမှာနေရမှာသိ
တယ်မလား
Saint : သိပါတယ်
Aunty : သွားကြမယ်လေ ကားအဆင်သင့်ဖြစ်ပြီ
Saint : ဆေးရုံအငွေ့အသက်ကိုမုန်းတယ် ဘယ်လောက်နေ
ရမှာလဲ
Aunty : သိပ်မကြာပါဘူး သားရဲ့ ဆရာဝန်နဲ့ဒေါ်လေးပြော
ပေးမှာပေါ့ သွားရအောင်နော်
Saint : အမေရော
Aunty : သားအမေက အလုပ်တွေရှုပ်နေတာလေ ဒေါ်လေး
တစ်ယောက်လုံးရှိနေတာ မပူနဲ့နော်
လိမ်ပြောနေတာ အမေကအလုပ်တွေများနေတာမဟုတ်
ဘူး မရှိရှိတဲ့အလုပ်ကိုရှာလုပ်ရအောင်လောဘကြီးနေတာပါ
Perth ကဆေးပိုက်တွေသွင်းထားတဲ့သူ့ညီမလေးလက်ကို
ဆုပ်ကိုင်ထားလိုက်တယ်
Saint :ခဏလေး
Saint ကဖြတ်သွားရင်းနဲ့ Perth ကိုတွေ့လိုက်တယ် မနေ့
ကသူ့ကိုကယ်လိုက်တဲ့သူပဲ သူတကယ်ပြောနေတာပဲ အဲ့ဒါသူ့
ညီမလေးပဲဖြစ်မယ်
Aunty : သွားမယ်လေ
VIP အခန်းဆိုတော့အခန်းကကျယ်ကျယ်နဲ့ အသုံးအဆောင်တွေကအစ ကောင်းတာထက်ကိုပိုလွန်းတယ် ဆေးရုံဝတ်
အင်္ကျီကိုလဲပြီး Saint ကအိပ်နေလိုက်တယ်
Aunty : သား ဒေါ်လေးအိမ်ခဏပြန်မယ်နော်
Saint : ပြောနေဖို့မလိုပါဘူး တစ်ယောက်ထဲနေနေကျပဲ နေ
          တတ်ပါတယ် သွားပါ
    Perth ကသူ့နာရီကိုပဲခဏခဏကြည့်နေတယ် ဒီနေ့အလုပ်အင်တာဗျူးရှိသေးတယ် ဒါပေမယ့် Suu ကိုတစ်ယောက်ထဲ
ထားခဲ့လို့ဘယ်ရမလဲ
Suu : ကိုကို သွားစရာရှိလို့လား
Perth : ဟင် မဟုတ်ပါဘူး ကိုကိုကဘယ်သွားရမှာလဲ
Suu : ကိုကိုလိမ်ရင်အရမ်းသိသာတာပဲ အလုပ်သွားဖို့ရှိတယ်
        မလား သွားပါ
    ဆေးရုံဆိုတော့အိမ်ထက်တော့ပိုစိတ်ချရပါတယ်လေ
Perth : ကိုကိုအမြန်ဆုံးပြန်လာခဲ့မယ်နော်
   Saint တစ်ယောက်ထဲအခန်းကျယ်ကြီးထဲမှာ ဘာလုပ်လို့
လုပ်ရမလဲမသိ အရင်လိုသူ့အတွက်အပျင်းပြေစေတဲ့အဖော်
ပန်းချီကားနဲ့စုတ်တံတစ်ချောင်းလည်းမရှိဘူး ဒီထဲမှာလည်း
မနေချင်ဘူး
Saint : ခံတဲနဲ့စာရွက်တစ်ရွက်လောက်ရနိုင်မလား
N      : ဟုတ်ကဲ့ ဒါဆိုရမလား
    Nurse ပေးလိုက်တဲ့ခဲတံနဲ့ စာရွက်ကိုယူပြီးလမ်းဆက်
လျှောက်လိုက်တယ် ဘယ်ကိုသွားလို့သွားနေမိမှန်းမသိဘူး
ခြေဦးတည့်ရာကိုပဲသူလျှောက်နေလိုက်တယ် တစ်နေရာအ
ရောက်မှာသူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်တယ် ခုနက Perth နဲ့အတူတွေ့တဲ့ကလေးလေးပဲ
Suu ကကုတင်ပေါ်မှာသူ့အရုပ်လေးနဲ့ဆော့နေတယ် တဖြည်း
ဖြည်းချင်းကလေးအနားကိုလျှောက်သွားလိုက်တယ် သူဒီက
လေးကိုမြင်ဖူးပါတယ် ဘယ်မှာမြင်ဖူးပါလိမ့်
အနားကိုလူအရိပ်ကျလာတာနဲ့ Suu ကကြောက်ကြောက်နဲ့
လှည့်ကြည့်လိုက်တယ် Saint ကိုမြင်တာနဲ့သရဲတွေ့တဲ့အတိုင်းပဲ ကြောက်အားလန့်အားအနောက်လေးကိုဆုတ်သွားတယ်
Saint : ငါ့ကိုကြောက်နေတာလား
     Suu ကဘာမှပြန်မဖြေဘူး တုန်တုန်ယင်ယင်နဲ့သူ့ကိုသေ
ချာကြည့်လိုက်တော့မှ ဟိုနေ့ကသူအော်လိုက်လို့ငိုသွားတဲ့
ကလေးလေးပဲ ဒါကြောင့်သူ့ကိုလန့်နေတာကို
Saint : ကလေး ဒါနဲ့ဆော့ချင်လား
   Saint ကသူ့လက်ထဲကစာရွက်အဖြူကိုထောင်ပြလိုက်
တယ်
Suu : အဲ့ဒါကဘယ်လိုဆော့ရတာလဲ
Saint : ကြည့်နော်
   Saint ကကလေးဘေးနားမှာထိုင်လိုက်ပြီး ခဲတံနဲ့အရုပ်ပုံ
လေးတွေဆွဲပြလိုက်တယ်
Suu : wow လှလိုက်တာ ခွေးရုပ်လေး ယုန်လေးရောရလား
Saint : အကုန်ရတာပေါ့
   ယုန်ပုံလေးကိုထပ်ဆွဲပေးလိုက်တယ်
Suu : လှတယ်
Saint : ရော့ လိုက်ဆွဲကြည့် ဒါနဲ့ မင်းကတစ်ယောက်ထဲလား
Suu : ကိုကိုကပိုက်ဆံသွားရှာတယ်
Saint : aww အဲ့ဒါအကိုလား မင်းမိဘတွေရော
Suu : မရှိဘူး သမီးကအကိုနှစ်ယောက်နဲ့ပဲနေတာ
     မိဘတွေလည်းမရှိဘူးတဲ့လား အသက်ရှငိသန်ခွင့်ကလည်းငါ့ထက်စာရင်အများကြီးဆိုးတယ် ဒီလိုကလေးငယ်ငယ်
လေးကတောင်ဘဝကိုကြံ့ကြံ့ခံပြီး အပြုံးတွေနဲ့ဖြတ်သန်းနေတာ ငါကဘာလို့သတ်သေဖို့စဉ်းစားနေရတာလဲ
Perth : Suu ကိုကိုပြန်လာပြီ
Suu : ကိုကို
    Perth ကသူ့ညီမလေးဘေးက Saint ကိုသေချာကြည့်
လိုက်တယ် မနေ့ကသူကယ်ခဲ့တဲ့ကောင်လေးပဲ သူလည်းဒီဆေးရုံအင်္ကျီနဲ့ပဲ
      သူကငါ့ဘဝကိုပြန်ရပ်တည်ဖို့ခွန်အားပေးပြီး ငါ့ကိုကယ်ခဲ့တဲ့သူပဲ
သူတို့နှစ်ယောက်လုံးအကြာကြီးမျကိလုံးချင်းဆုံနေခဲ့တယ်
                             Part 3 ( the end )

More Than Life ( အသက်ထက်ပိုသော )Where stories live. Discover now