Perth : မင်းက
Saint : မနေ့ကသေချာတောင်ကျေးဇူးမတင်လိုက်ရဘူး ငါ့နာ
မည်က Saint ပါ
Perth : ငါက Perth
Saint : ညီမလေးကချစ်ဖို့ကောင်းတယ်နော်
Perth : Suu ဒါကဘယ်သူပေးတာလဲ
Suu : အဲ့ကိုကိုပေးတာ
Perth : ဒါဆိုကျေးဇူးတငိရမယ်လေ ကိုကိုမှာထားတယ်လေ
ကျေးဇူးတင်လိုက်
Suu ကလက်အုပ်လေးချီပြီး Saint ကိုဦးညွှတ်လိုက်တယ်
Suu : ကျေးဇူးတင်ပါတယ် ကိုကို
ဒီလိုချစ်စရာကောင်းပြီးအပြစ်ကင်းတဲ့ကလေးကိုတောင်
ကံတရားကအလွတ်မပေးဘဲရက်စက်တယ်နော် ကျွန်တော့်
ထက်တောင်သူ့ဘဝလေးကပိုဆိုးနေတာပဲ
Saint ရဲ့ဒေါ်လေးက Saint ကိုမတွေ့လို့အသည်းအသန်လိုက်ရှာနေခဲ့တယ်
Aunty : Saint သားကိုလိုက်ရှာနေတာ ဘာလို့ဒီရောက်နေ
တာလဲ
Saint : ပျင်းလို့လမ်းလျှောက်နေတာပါ
Aunty : လာလေ ဘာလုပ်နေတာလဲ
Saint ကအနောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့သူ့ဒေါ်လေးနောက်ကိုလိုက်သွားရတယ်
Aunty : ဘာ သားအခုဘာပြောလိုက်တာလဲ
Saint : ဆေးရုံမှာလိုအပ်သလောက်နေမယ်လို့ပြောတာပါ
Aunty : အမယ်လေး ဒေါ်လေးနားကြားများမှားနေတာလား
သူ့အဒေါ်ကသူ့ကိုမျက်လုံးစိမ်းနဲ့သေချာစိုက်ကြည့်နေတော့သူနေရခက်လာတယ်
Saint : ဒေါ်လေး အဲ့လိုမကြည့်ပါနဲ့ ကြောက်ဖို့ကောင်းအောင်
Aunty : ဘာလို့လဲ သားပဲဆေးရုံကိုမကြိုက်ဘူးဆို ဘာလို့
ပြောင်းလဲသွားရတာလဲ
Saint : အသက်ရှင်ချင်လို့ပါ ကောင်းကောင်းနေပြီးဘဝကို
ဖြတ်သန်းချင်လို့ပါ ဒါကြောင့် ဆေးကုသမှုခံယူချင်ပါ
တယ်
ဒေါ်လေးကအမေ့ထက်ပိုပြီးကျွန်တော့်ကိုနွေးထွေးတဲ့အ
ငွေ့အသက်တွေပေးတတ်တဲ့သူမို့လို့ဒေါ်လေးရှေ့ရောက်ရင်
စိတ်သက်သာရာရပါတယ်
Saint ကအမြဲတမ်းလိုလို Suu အနားမှာသွားနေလေ့ရှိတယ်
Suu ကိုကြည့်ရင်းနဲ့သူ့အတွက်ခွန်အားတွေပိုတိုးစေတယ်
Plan : မင်း Suu ဆီမသွားဘူးလား ထားခဲ့လေ ကျန်တာငါ
ဆက်လုပ်လိုက်မယ်
Perth : inn ဒါဆိုငါထားခဲ့မယ်နော်
Plan : အေးဆေးသွား ငါလည်းအလုပ်ပြီးမှလာခဲ့မယ်
ညရှစ်နာရီထိုးနေပြီဆိုတော့ သူလည်းဆေးရုံကိုအမြန်ပြေး
လာခဲ့တယ် သူ့ညီမတော့သူ့ကိုစောင့်နေတော့မှာပဲဆိုတဲ့စိတ်
နဲ့အမြန်ပြေးလာခဲ့တယ်
Perth : Suu
သူ့ညီမလေးကိုကုတင်ပေါ်မှာလည်းမတွေ့ရဘူး ဘယ်တွေ
လျှောက်သွားနေတာလဲ
Perth ဆေးရုံတစ်ပတ်လိုက်ရှာပေမယ့်လည်း ရှာလို့မတွေ့
ဘူး စိတ်ထဲမှာအရမ်းပူပန်နေပြီ သူဘယ်ရောက်နေတာလဲ
Perth : ဒီမှာ Saint ဆိုတဲ့လူနာကဘယ်အခန်းမှာလဲ
N : ခဏလေးနော် Saint Suppapong လား
Perth : ဟုတ်လိမ့်မယ် သူ့အခန်းက
Perth က Saint အခန်းတံခါးလေးကိုဖြည်းဖြည်းချင်းဖွင့်
ကြည့်လိုက်တယ် အဲ့အချိန်ကျမှသူ့သက်ပြင်းအလုံးလိုက်ချ
နိုင်တော့တယ် Suu က Saint နဲ့အတူဖက်အိပ်နေတာပဲ
တံခါးဖွင့်လိုက်တော့အလင်းရောင်လေးကျလာတာနဲ့ Saint
လည်းနိုးလာခဲ့တယ်
Saint : Perth
Saint က Perth ထိုင်နေတဲ့ဆိုဖာရှေ့မှာထိုင်လိုက်တယ်
Saint : စိတ်ပူနေတာလား တောင်းပန်ပါတယ် ကျွန်တော်
Perth : ရပါတယ် မင်းကစေတနာနဲ့ခေါ်ထားပေးတာပဲကို
Saint : သူငိုနေတာ သူခေါင်းအရမ်းကိုက်လို့ညနေကဆရာ
ဝန်တွေခေါ်ပေးထားရတယ်
Perth ကသူ့မျက်ရည်တွေကိုတစ်ခြားလူကိုမမြင်စေချင်လို့
အတတ်နိုင်ဆုံးထိန်းထားတယ်
Perth : ဒီလိုနဲ့ပဲ သူ့ဘဝလေးပြီးဆုံးသွားမှာကိုသိနေပါတယ်
Saint : Suu ကတကယ်ကိုစိတ်ဓာတ်မာတဲ့ကလေးလေးပါ
ကျွန်တော်ကငယ်ငယ်ထဲကအချစ်မခံဖူးလို့လားမသိ
ဘူး Suu ကကျွန်တော့်ကိုချစ်တော့အရမ်းပျော်တယ်
Perth : ဒါနဲ့ မင်းကဘာလို့ဒီမှာနေနေတာလဲ
Saint : ကျွန်တော်ကမွေးရာပါနှလုံးရောဂါရှိတယ် အစားထိုး
ကုသဖို့ကလွဲရင်မတတ်နိုင်ဘူး ဒီလိုပဲဆေးရုံတက်
လိုက်ဆင်းလိုက်နဲ့ လည်ပတ်နေတာ
Perth : ကျေးဇူးတင်ပါတယ် ငါမရှိတဲ့အချိန်သူ့ကိုခေါ်ထား
ပေးတာ
Saint : ရပါတယ် ဒါနဲ့ Perth ကဘာလို့ဒီလောက်နောက်ကျ
နေတာလဲ သူနေမကောင်းတာပိုဆိုးလာပြီလေ အ
နားမှာရှိနေပေးသင့်တယ်မလား
Perth ကအပြုံးတစ်ချက်ပဲပြုံးပြနိုင်တယ်
Perth : ပိုက်ဆံ သူ့ကိုပျောက်ကင်းအောင်ဆေးရုံမှာထားဖို့
ပိုက်ဆံလိုတယ်လေ
Saint : Perth စိတ်မဆိုးရင်တစ်ခုပြောချင်တယ် ကျွန်တော်
သူ့ရဲ့ဆေးရုံစရိတ်ကိုတာဝန်ယူချင်ပါတယ်
Perth : မဟုတ်တာ မင်းနဲ့မှမဆိုင်တာ
Saint : Perth ကကျွန်တော့်အသက်ကိုကယ်ခဲ့တာလေ ကျွန်
တော်ကလည်း သူ့ရဲ့အသက်ကိုပြန်ကယ်ပါရစေ
စိတ်ထဲမတင်မကျဖြစ်နေရင်လည်း နောက်မှပြန်ဆပ်
ပေါ့ ကလေးအနားမှာရှိနေစေချင်လို့ပါ
Suu ရဲ့ဝေဒနာကတစ်နေ့တစ်ခြားပိုခံစားလာရတယ်
အသက်အရွယ်နဲ့မလိုက်အောင်ခံစားရတယ် Perth လည်းအ
နားကနှစ်သိမ့်ပေးရုံကလွဲရင်ဘာမှမတတ်နိုင်ဘူး
Plan : သူငယ်ချင်းရာ စိတ်ကိုအားတင်းထားပါ ဒါငါတို့သိပြီး
သားအဖြေပဲလေ
Perth : ဒါပေမယ့်ကွာ ငါမကြည့်ရက်ဘူး
Plan : သိပါတယ်ကွာ ဘုရားအလိုအတိုင်းပဲလေ ငါတို့တတ်
နိုင်တာမှမဟုတ်တာ
Plan ကသူ့သူငယ်ချင်းငိုနေတာကိုဖက်ပြီးနှစ်သိမ့်ပေး
လိုက်တယ်
ကျွန်တော်အစကပြောခဲ့တဲ့အတိုင်းပဲ လူတွေဘာလို့ငိုကြလဲ
ရီကြလဲမသိဘူး ကျွန်တော်မခံစားတတ်ဘူး ဒါပေမယ့် အခု
တော့နားလည်နိုင်သွားပြီထင်တယ် Perth ကိုကြည့်ရင်းနဲ့သူ
ဘာလို့ငိုနေရလဲခံစားမိတယ် သူနဲ့အတူပါလိုက်ငိုချင်မိတယ်
ဒါကလူသားတိုင်းရှိတဲ့ခံစားချက်ပဲ အခုတော့ကျွန်တော်လည်း
သာမန်လူတစ်ယောက်လိုရပ်တည်နိုင်ပြီလား
တကယ်ကိုမျက်ရည်ကျခဲ့ရပါတယ် ကျွန်တော့်ရင်ထဲမှာ
ခံစားချက်တွေအရမ်းနက်ရှိုင်းနေပြီ မျက်ရည်တစ်စက်ကျတိုင်းရင်ဘတ်ထဲကတစ်ခါနာကျင်ရတယ် Suu သေဆုံးသွားတဲ့
အချိန် Perth သူ့ညီမလေးအတွက်ငိုကြွေးနေတဲ့အချိန်
ကျွန်တော့်မျကိရည်စက်တွေကပါကျဆင်းလာခဲ့တယ်
Saint ကငိုကြွေးနေတဲ့ Perth ကိုဖက်လိုက်ပြီး နှစ်သိမ့်ပေး
လိုက်တယ်
ကျွန်တော်တို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကိုကအခုလိုနာကျင်
မှုတွေနဲ့စတင်ခဲ့တာပါ နောက်ဆိုကျွန်တော်တို့အကောင်းဆုံး
ဖြတ်သန်းနိုင်ကြပါ့မလား
Part 4 ( the end )
Real Story is start now :;