Saint ကသူအမြဲဝတ်ထားတဲ့ဆွဲကြိုးလေးကို ဖြုတ်ပြီး
ရတနာဆိုင်မှာရောင်းလိုက်တယ် ဆိုင်ထဲကထွက်လာပြီး
လက်ထဲမှာပိုက်ဆံကိုကိုင်ထားပေမယ့်လည်း သူ့အဖေပေးခဲတဲ့ကြိုးလေးကိုရောငိးလိုက်ရလို့ စိတ်ထဲမှာဝမ်းနည်းပြီးမျကိ
ရည်တောင်ကျမိတယ်
Saint : ဒါနဲ့ဆို ဆေးဝယ်ဖို့လောက်ပါတယ်
Saint အိမ်ကိုစိတ်ပျက်လက်ပျက်နဲ့ ပြန်လျှောက်လာခဲ့တယ်
လျှောက်လာတဲ့တစ်လမ်းလုံး စဉ်းစားနေခဲ့တယ် အဲ့ကြိုးလေး
ကိုပြန်သွားယူရမလား ဒီပိုက်ဆံကိုသုံးရမလား မဆုံးဖြတ်နိုင်
တော့ဘူး တွေးရင်းတွေးရင်းနဲ့ဆက်ပြီးလျှောက်လာခဲ့တယ်
" မင်းအလုပ်ကိုသေချာမလုပ်ဘူးလား " အော်သံတစ်သံကို
အရင်စကြားလိုက်ရတယ် သူ့အတွေးတောငိပျက်သွားလို့လှမ်းကြည့်လိုက်မိတယ် ကြည့်ပြီးတာနဲ့ချက်ချင်းလမ်းဘေးတစ်ဖက်ကသစ်ပင်လေးနောက်ကို ပြေးပုန်းလိုက်တယ်
ကော်ဖီဆိုင်ရှင်သူဌေးက Perth ကိုအော်နေတာပဲ ရင်ထဲမှာ
Perth ခေါင်းငုံ့ခံနေရတာကိုမြင်လိုက်ရတာနဲ့ကို ဆူးနစ်နေပါ
ပြီ
Boss : အလုပ်မှာအိပ်ငိုက်နေတော့ အဆင်ပြေမလား အခု
အမှားအယွင်းတွေဖြစ်ကုန်ပြီ
Perth : တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး
Boss : မင်းတို့အလုပ်သမားတွေ ပြောလိုက်ရင်အဲ့လိုကြီးပဲ
အသုံးမကျတဲ့ကောင်တွေ
Perth ကခေါင်းငုံ့နေပြီး တောင်းပန်ပါတယ် တောင်းပန်ပါ
တယ်ဆိုတဲ့စကားကိုပဲထပ်တလဲလဲပြောနေတော့တယ်
ဒါတောင်လူကြားထဲမှာဘာလို့ အဲ့လောက်အော်နေရတာလဲ
သူဒီလောက်အောက်ကျို့ခံနေရတာကို ဆက်ကြည့်ဖို့အင်အားမရှိတော့ဘူး ဝင်ပါမှနေသာထိုင်သာရှိတော့မယ်
Saint : ဘာလို့လူကြားထဲမှာအဲ့လိုအော်ရတာလဲ
Saint ဝင်ပြောတာကိုမြင်လိုက်တော့ Perth အရမ်းအံ့သြ
နေမိတယ်
Boss : မင်းကဘယ်ကကောင်လဲ ငါ့ဝန်ထမ်းငါဆူတာ
Saint : အလုပ်ရှင်ဆိုပြီး အဲ့လောက်ထိမာန်တက်နေတာလား
Boss : ဘာ
သူဌေးက Saint နားကိုဒေါသနဲ့ကပ်လာတော့ Perth ကအ
မြန်နှစ်ယောက်ကြားဝင်လိုက်ပြီး လက်နှစ်ဖက်လုံးနဲ့ကာထားရတယ်
Perth : တောင်းပန်ပါတယ် သူဌေး သူနေသိပ်မကောင်းလို့ပါ
ကျွန်တော့်ကိုတစ်ခါလောက်ခွင့်ပြုပေးပါ
Saint ကလုံးဝမလျော့ဘဲ မျက်ထောက်နီနဲ့ကိုစိုက်ကြည့်
နေတယ် သူ့ကောင်လေးကိုအဲ့လိုအောက်ကျို့တာမြင်တိုင်း
ပိုစိတ်တိုရတယ်
Boss : သွား သူ့ကိုမြန်မြန်ခေါ်ထုတ်သွား
Perth : ဟုတ်ကဲ့ပါ လာ Saint လာပါဆို
Perth က Saint လက်ကိုအတင်းဆွဲခေါ်လာခဲ့တယ် တင်္စ
လမ်းလုံး Perth မျက်နှာကတင်းမာနေတာပဲ သူစကားမပြော
ဘဲလမ်းပဲလျှောက်လာတယ် Perth စိတ်တော်တော်ဆိုးသွား
လောက်ပြီ
Saint : Perth လက်နာနေပြီ
အိမ်ရောက်တဲ့ထိ ဘာမှကိုပြန်မဖြေဘဲ လက်ကိုပဲအတင်း
ဆွဲပြီးခေါ်သွားတယ် Perth တော့အိမ်ရောက်ရင်သူ့ကိုအော်
တော့မှာပဲ သူလည်းချစ်သူကိုအော်နေတာမနေနိုင်လို့ ဝင်
ပြောမိတယ်လေ
Perth ကအိမ်တံခါးကိုပိတ်လိုက်ပြီး Saint ကိုနံရံဖက်တွန်း
ပြီးကိုယ်နဲ့မကွာကပ်ထားလိုက်တယ်
Saint : Perth
Perth : ဘာလို့ဝင်ပါရတာလဲ ဘာလို့လဲ
Saint : Perth မျက်နှာကိုကြည့်ထဲကဘယ်လောက်ထိစိတ်
ထိခိုက်နေလဲသိတယ် ဆိုင်ထဲမှာဆူလည်းရရဲ့သားနဲ့
အပြင်မှာတမင် ထွက်ဆူနေတာကိုကြည့်ပြီးဘယ်လို
ခံနိုင်မှာလဲ
Saint ဆီကသူ့ကိုစိုးရိမ်လို့ကျလာတဲ့မျက်ရည်တွေကို
မြင်လိုက်ရတဲ့အချိန် တကယ်ကိုခံစားရပါတယ်
Perth : မင်းဘာလို့ငိုနေရတာလဲ
Saint : Perth ကျွန်တော့်ကိုစိတ်ဆိုးနေတာမလား
Perth : Saint မင်းမှားနေပြီ ကိုမင်းကိုစိတ်ဆိုးနေတာမဟုတ်
ပါဘူး
Perth က Saint ကိုအတင်းအကြပ်ဖက်ထားလိုက်တယ်
Perth : မင်းကိုဘယ်ကကောင်လဲလို့ ပြောလိုက်ထဲကသူဌေး
ကိုစိတ်တိုနေတာပါ ကို့အတွက်ဝင်ပြောပေးတဲ့ချစ်သူ
ကိုဘယ်လိုမုန်းရက်မှာလဲ
Saint : Perth
Perth ပြောနေတာတွေကိုမယုံနိုင်လို့ သူ့ကိုသေချာကြည့်
ပြီးထပ်မေးရတယ်
Saint : Perth ကျွန်တော့်ကိုစိတ်ဆိုးနေတာမဟုတ်ဘူးလား
Perth : ကို့ကြောင့်မင်းအပြောခံရတာလေ မင်းကိုဘယ်လို
စိတ်ဆိုးရက်မှာလဲ
Saint : Perth ရယ်
တစ်ခြားလူသာဆို ဒီလိုအခြေအနေမှာစိတ်ဆိုးမှာအမှန်ပဲ
လေ အဲ့ဒါကြောင့်လည်း Perth ဆူလည်းခံမယ်ဆိုပြီးစိတ်ကို
အားတင်းထားရတာ အခုတော့ သူကငါ့အတွက်တဲ့လား ငါအ
ပြောခံရတာကိုမလိုလားလို့တဲ့လား Perth ရယ် ပင်ပန်းလွန်း
နေပါပြီ ကျွန်တော့်လိုလူအတွက်ပင်ပန်းလွန်းနေပါပြီ
Saint : တောငိးပန်ပါတယ်
Perth : ဘာကိုလဲ
Saint : Perth အိပ်ငိုက်တာညက ကျွန်တော့်ကိုပြုစုနေရလို့
မလား
Perth : မဟုတ်ဘူး ကိုအမှားလုပ်မိတာကိုအိပ်ငိုက်တယ်ထင်
နေတာပါ
Saint : လိမ်တယ် Perth ကျွန်တော်စိတ်ချမ်းသာဖို့ပဲကြည့်
ပြီးလိမ်နေတာ Perth နဲ့ဆုံခဲ့ရတာ ကျွန်တော့်အတွ
က်ကံကောင်းပေမယ့် Perth အတွက်ကတော့
Saint ကငိုချလိုက်ပြီး ငိုသံပါကြီးနဲ့မနည်းပြောလိုက်ရတယ်
Saint : Perth ကတော့ ကံဆိုးတာပါ
Perth : မပြောပါနဲ့တော့
Saint : ကျွန်တော်က Perth ဆီကိုဒုက္ခတွေပဲသယ်လာတာပါ
Perth :ဘာတွေလျှောက်တွေးနေတာလဲ မင်းရှိနေတာငါ့ရဲ့
ပျော်ရွှင်မှုကြီးပါ Saint
Perth က Saint ရဲ့မျက်ရည်တွေကိုအတင်းသုတ်ပေးလိုက်တယ်
Perth : မငိုနဲ့တော့နော် ကို့ရင်ထဲမကောင်းလို့ပါ နော်
" Arr " အပြင်ကအော်သံကြောင့် နှစ်ယောက်လုံးအမြန်
ထွက်ကြည့်လိုက်တယ် Plan အခန်းထဲကအော်သံပဲ
Perth : Plan
Plan တစ်ယောက်ချွေးတွေလည်းပြန် သူ့ဗိုက်ကိုဖိထားပြီး
နာကျင်လို့အော်ဟစ်နေတယ်
Saint :ဘာဖြစ်တာလဲ
Plan : ဗိုက် ဗိုက်အောင့်တယ်
Saint : Perth ကုန်းပိုးလိုက်လေ ဆေးရုံပို့်မှဖြစ်မယ်
ဆရာဝန်ဆီကဘာပြောမလဲဆိုတာကို မျှော်လင့်တကြီး
စောင့်နေရတယ်
D : အူအတက်ပေါက်တာပါ အမြန်ခွဲစိတ်ရမယ် လူနာရှင်က
Perth : ဟုတ်ကဲ့ ကျွန်တော်ပါ
D : လက်မှတ်ထိုးပေးပြီးတာနဲ့ ခွဲဖို့ပြင်ပါ့မယ်
Perth ကချက်ချင်းလက်မှတ်ထိုးလိုက်တယ် ခွဲစိတ်ခန်းအ
ပြင်ကနေနှစ်ယောက်လုံး ဘုရားစာရွတ်ပြီးကိုထိုင်စောင့်နေရ
တယ် အဆင်ပြေပါစေပေါ့
ဆရာဝန်ပြန်ထွက်လာတာနဲ့ ချက်ချင်းထလိုက်ကြတယ်
Perth: ဒေါက်တာ အခြေအနေ
D : ကောင်းပါတယ် သက်သာသွားပါပြီ ခွင့်ပြုပါဦး
Perth : ကျေးဇူးတင်ပါတယ်
အခုမှပဲစိတ်အေးလက်အေးထိုင်နိုင်တော့တယ်
Saint : Perth ခွဲစိတ်ခကရော
Plan အတွက် ပူပန်နေရတာနဲ့ ပိုက်ဆံအကြောင်းကိုမေ့
လျော့နေတာ Saint ပြောမှသတိရမိတော့တယ်
Perth : Plan မှာတော့ပိုက်ဆံများများစားစားရှိမယ်မထင်ဘူး
ကိုတော့အနည်းငယ်စုထားတာရှိတယ် ဒါပေမယ့်
အဲ့ပိုက်ဆံတွေက Saint တစ်ခုခုဖြစ်ခဲ့ရင်သုံးဖို့အတွက်စု
ထားခဲ့တာ အကုန်ထုတ်လိုက်ရင်လိုအပ်လာတဲ့အချိန်ရောက်
လာမှာကိုစိုးရိမ်နေမိတယ်
Perth မျက်နှာကိုကြည့်ထဲက သူခေါင်းတွေအရမ်းရှုပ်နေ
တာကိုနားလည်သဘောပေါက်တယ် သူငယ်ချင်းနဲ့ချစ်သူ
အတွက်ကြားထဲမှာသူပူပန်သောကရောက်နေရပြီ သူ့အပူ
တွေကိုအတူတူမျှဝေခံစားချင်တယ်
Saint : Perth ဒီနေ့မနက်မှ အကိုကကျွန်တော့်ဆီပိုက်ဆံလွှဲ
ထားတယ် အဲ့ဒါယူသုံးပါလား
Perth : Saint မင်းပိုက်ဆံလေ
Saint : ကျွန်တော်က Perth အတွက်ဘာလဲ ချစ်သူမဟုတ်
ဘူးလား ချစ်သူတွေဆိုတာတစ်ယောက်အပူကိုတစ်
ယောက်မျှဝေယူမှ အဓိပ္ပာယ်ပြီးပြည့်စုံတာပါ
Perth : ကျေးဇူးတင်ပါတယ် Saint
Perth က Saint ကိုဖက်ထားလိုက်တယ်
ကျွန်တော်ဆေးမဝယ်နိုင်လည်းပြသနာမရှိဘူး Perth ရဲ့အပူတစ်ဝက်လောက်ကိုဝိုင်းကူဖြေရှင်းပေးလိုက်နိုင်တာကိုပဲ
ဝမ်းသာမိပါတယ်
Part 13 ( the end )