လူတွေကဘာလို့ရီကြတာလဲ ငိုကြတာလဲ ???? ပျော်ရွှင်
မှုဆိုတာဘာလဲ ဝမ်းနည်းတယ်ဆိုတာကရောဘယ်လိုခံစား
ချက်လဲ???? ဘယ်လိုခံစားရမလဲမသိဘူး ကျွန်တော်ကအ
သက်ရှိနေပေမယ့် ကျွန်တော့်ရဲ့စိတ်ဝိညာဉ်ကအသက်မဲ့နေ
ပြီးသားပါ ကျွန်တော်ပြုံးလည်းမပြုံးတတ်သလို ငိုလည်းမငို
တတ်ပါဘူး
အဖြူရောင်ပိတ်သားပန်းချီတစ်ချပ်ပေါ်မှာ မင်စုတ်တံကိုတစ်
ချက်ပြီးတစ်ချက်ရေးဆွဲလိုက်တယ် ပြတင်းပေါက်တံခါးက
နေဝင်ချိန်ကိုကြည့်နေရင်းနဲ့ပေါ့ တစ်ချက်ပြီးတစ်ချက် ကြည့်
နေရင်းကြည့်နေရင်းနဲ့ကို ပန်းချီကားကပုံပေါ်လာနေပြီ
နေဝင်ချိန်အလှတရားလား
နေဝင်ချိန်လေးကလှလိုက်တာ လို့တော်တော်များများ
ပြောတာကြားဖူးတယ် ဒါပေမယ့် ဘာကိုကြည့်ပြီးလှတယ်လို့
ခံစားကြတာလဲ သိချင်မိပါတယ် ဒါကြောင့်ဒီပန်းချီကားကို
နေ့တိုင်းလိုလိုဆွဲနေမိတယ် အဖြေကထွက်မလာသေးပါဘူး
ဘာကိုခံစားနေကြလဲဆိုတာ ..........
" ဒေါက် ဒေါက် " ရေးဆွဲလက်စစုတ်တံကိုချပြီးတံခါးကို
သွားဖွင့်ပေးလိုက်တယ် ထုံးစံအတိုင်းပဲဒေါ်လေးကထမင်းစား
ဖို့လာခေါ်ပြန်ပြီ
" သားလေး ထမင်းစားဖို့အချိန်ရောကိပြီလေ ဆင်းခဲ့တော့
သားကြိုက်တာတွေချက်ထားတယ် " ဒေါ်လေးကသာစကား
တွေအများကြီးပြောသွားတယ် ကျွန်တော်ပြန်ဖြေတာတော့
တစ်ခုထဲ " ဟုတ်ကဲ့ "
ကျွန်တော်တို့အိမ်ကနေတဲ့သူနဲ့မလိုက်လောက်အောင်ခမ်းနားလွန်းတယ် အဖေကစီးပွားရေးတွေအများကြီးလုပ်တဲ့သူဌေးဆိုတော့ပိုင်ဆိုင်မှုကပြောစရာမလိုဘူးလေ ငွေရှိရင်အရာ
အားလုံးဖြစ်တယ်တဲ့ လိုချင်တာကိုရနိုင်တယ်တဲ့
လူတွေကထင်ရာပြောနေကြတာပါ တကယ်တော့မဖြစ်နိုင်တဲ့
စကားပါ ကျွန်တော့်ပိုင်ဆိုင်တဲ့ငွေကြေးကပြောရင်တောင်မ
ကုန်လောက်ဘူး ဒါပေမယ့် ကျွန်တော်လိုချင်နေတဲ့အရာကို
အခုထိမရသေးတာဘာလို့လဲ ??????
" မင်္ဂလာပါ ဘာများသုံးဆောင်မလဲ " စားသောက်ဆိုင်
တစ်ဆိုင်မှာပြေးလိုက်လွှားလိုက်နဲ့အလုပ်တွေပင်ပန်းနေပေ
မယ့်လည်း အပြုံးမပျက်ပါဘူး လက်ရှိအချိန်ကိုတန်ဖိုးထား
တယ်လေ
" Perth ဟိုစားပွဲလေးရှင်းပေးပါလား " သူငယ်ချင်းက
အကူအညီတောင်းတော့လည်း အပြုံးမပျက်လုပ်ပေးရပြန်ပြီ
ဆိုင်ဖွင့်ချိန်ကနေပိတ်ချိန်ထိ တစ်နေကုန်ထမင်းစားချိန်ကလွဲ
ရင်မနားရပါဘူး ညရှစ်နာရီအလုပ်သိမ်းတော့လည်းကျွန်တော့်ရဲ့တစ်နေ့တာကမပြီးသေးပါဘူး
" ဘယ်လောက်ဖိုးထည့်ပေးရမလဲ " ညဆိုင်းလည်းဆီဆိုင်
မှာလုပ်နေပါသေးတယ် ပင်ပန်းလားမေးရင်အသေပင်ပန်း
တာပေါ့ ဒါပေမယ့် အားတင်းပြီးလုပ်နေရတဲ့အကြောင်းအရင်း
ရှိနေလို့ပါ
အသက် ၁၀ နှစ်အရွယ်ကောင်မလေးတစ်ယောက်က အိမ်
မှာပြေးလွှားဆော့ကစားနေတယ်
" Suu လေးရေ ကိုကိုပြန်လာပြီ " Perth ရဲ့အသံလေး
ကြားတာနဲ့ကလေးလေးကပြေးဖက်လိုက်တယ်
" ကိုကို ဘာလို့နောက်ကျနေတာလဲ " Perth ကချစ်စရာ
ညီမလေးကိုပွေ့ချီလိုက်တယ် ရွှတ်ခနဲကလေးလေးပါးကိုနမ်း
လိုက်တယ်
" ကိုကိုက Suu လေးအတွက်မုန့်တွေဝယ်နေလို့ နောက်
ကျနေတာပါ ကိုကို Plan ရော "
" ငါဒီမှာ မင်းညီမကမင်းကိုစောင့်နေတာ ဘယ်လိုမှအိပ်ခိုင်း
လို့မရဘူး " Plan ကကျွန်တော်တို့နှစ်ယောက်နဲ့အတူနေငယ်
သူငယ်ချင်းပါ ငယ်ငယ်ထဲကမိဘတွေမရှိတော့တဲ့ဒီကလေး
အတွက်ကျွန်တော်တို့နှစ်ယောက်ကအဖေ အမေဖြစ်ခဲ့ရတာပါ
" ဟုတ်လား ဒါဆို ကိုကိုကချော့သိပ်မှာပေါ့ လာ " Suu က
Perth ပေါင်ပေါ်မှာပဲအိပ်ပျော်သွားတယ်
" ငါမင်းနဲ့ပြောစရာရှိတယ် " Plan ခေါ်သွားလို့ကျွန်တော်
အပြင်ကိုထွက်လိုက်သွားတယ်
" Suu အတွက်အချိန်သိပ်မကျန်တော့ဘူးလို့ ဆရာဝန်က
ပြောလိုက်တယ် " ဒီစကားကသိနေပြီးသားဖြစ်ပေမယ့်
ကြားလိုက်တဲ့အချိန်တိုင်းရင်ထဲမှာဆို့နင့်သွားတယ် အရမ်း
စိတ်ဓာတ်ကျနေပါပြီ ပင်ပန်းနေပါပြီ နေ့မအားညမအား
ကျောင်းလည်းမတက်နိုင်ပါဘူး ဒီညီမလေးရောဂါကိုပျောက်
အောင်မကုနိုင်ရင်တောင် သက်တမ်းစေ့နေစေချင်ပါတယ်
အဲ့အတွက်ကျွန်တော်အများကြီးရင်းခဲ့ရတာပါ
" ငါလေ ငါခန္ဓာကိုယ်ကြီးကိုအပိုင်းပိုင်းဖြတ်နေပါစေ ငါ့နှလုံး
သားတွေကိုဆူးနဲ့ထိုးနေပါစေ သူသာပျောက်ကင်းမယ်ဆိုရင်
ကိစ္စမရှိပါဘူးကွာ " မျက်ရည်တွေက Suu အကြောင်းပြော
တိုငိးထိန်းထားလို့မရပါဘူး
" ဘရိန်းကျူမာလေ ငါတို့လည်းအတတ်နိုင်ဆုံးကြိုးစား
ခဲ့ပြီးပြီ ငါတို့လုပ်ပေးနိုင်သလောက်လုပ်ပေးခဲ့ပြီးပြီလေ "
" ကိုကို ကိုကို " Suu ကအရုပ်လေးကိုပိုက်ပြီးအခန်းထဲက
ထွက်လာတယ် ကလေးကိုမြင်တာနဲ့ Perth ကမျက်ရည်တွေ
ကိုအမြန်သုတ်လိုက်တယ် စိတ်ထဲမှာငိုကြွေးနေပေမယ့်ဟန်
ဆောင်ပြီးတော့ဆက်ပြုံးနေရမယ်လေ
" Suu အိပ်နေပြီထင်တာ လာ အတူသွားအိပ်ကြမယ် "
ဘယ်လောက်ပဲရင်ထဲမှာပူလောင်နေပါစေ ဟန်ဆောင်ပြီးပြုံး
နေတတ်တာအကျင့်လိုဖြစ်နေပါပြီ လောကကြီးကအဲ့လိုနေ
တတ်အောင်သင်ပေးခဲ့တာပါ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်
ကတော့ကံဆိုးခြင်းတွေနဲ့ပြည့်နေတဲ့လောကကြီးကိုအရွှဲ့
တိုက်ပြီးတော့ကိုနေမှာပါ .........
part 1 ( the end )