Part 14

936 129 13
                                    

Plan : ကျေးဇူးတင်ပါတယ် မင်းတို့ရှိနေလို့ပေါ့
Perth : ကျန်တာငါ့တို့တာဝန်ထား မင်းသာနေကောင်း
          အောင်နေပါ
    Saint ကလည်းသူငယ်ချင်းနှစ်ယောက်ကိုပြုံးကြည့်နေခဲ့တယ် Perth ရဲ့စိတ်ထားနဲ့အချစ်ကြီးပုံကိုလည်းတစ်ခါထဲတွေ့ခဲ့
ရတယ်လေ ချစ်သူတင်မကဘူး အားလုံးအပေါ်ထားတဲ့သူ့
စိတ်လေးကရိုးရှင်းလွန်းတယ်လေ
Saint : Perth ကျွန်တော်အိမ်ကနေစောင့်နေမယ်နော်
Perth : ကိုပို့ပေးမယ်လေ
Saint : ရတယ် Plan နဲ့သာနေခဲ့ပါ ပြန်တတ်ပါတယ်
   ကားမှတ်တိုင်မှာစောင့်နေပြီးကျွန်တော် bus ကားကို
လိုက်စီးသွားလိုက်တယ် မှတ်တိုင်ရောက်တာနဲ့ကားပေါ်က
ဆင်းလိုက်တယ်
   " တီ........... " ဘေးကကားတစ်စီးထွက်လာတာကြောင့်
Saint လန့်ပြီးလဲကျသွားတယ် ကားမောင်းတဲ့သူကလည်း
တစ်ခုခုဖြစ်မှာစိုးလို့ဆင်းပြီးထူပေးလိုက်တယ်
   " ရရဲ့လား ဖြည်းဖြည်းထ " ဆွဲထူပေးတာတောင်သူမနည်း
ထရတယ် သူ့ရင်ဘတ်ကိုလည်းဖိထားရတယ် ကားကြောင့်
ရုတ်တရက်သူ့ရင်ထဲကလန့်သွားပုံပါပဲ
   " အကို့ကားနဲ့ညီကို မတိုက်မိပါဘူးနော် "
Saint : ဟုတ် ရပါတယ်
   စကားသာပြန်ပြောနေပေမယ့် လူကမောနေပြီ သေချာ
တောင်ပြန်မပြောတော့ဘဲ အိမ်ကိုလမ်းလျှောက်ပြီးမနည်း
ပြန်လာရတယ်
Plan : မင်းပိုက်ဆံတွေကုန်သွားပြီလား ငါ့ကြောင့်
Perth : ငါ့ပိုက်ဆံမဟုတ်ဘူး Saint ကိုသူ့အကိုကပိုက်ဆံ
          လွှဲပေးထားတယ်ပြောတယ် အဲ့ပိုက်ဆံတွေ
  Plan ကသက်ပြင်းချလိုက်တယ်
Plan : ငါ့ကြောင့် မင်းတို့ကိုအနှောင့်အယှက်ပေးမိပြီ
Perth : ရပါတယိကွာ Saint ကလည်းမင်းကိုဗွေမယူပါဘူး
          သူတတ်နိုင်တဲ့ဘက်ကကာကွယ်ပေးချင်တာ
   Saint ကအိမ်ထဲကိုမနည်းလျှောက်လာပြီး တံခါးကိုပိတ်
ထားလိုက်တယ် ချက်ချင်းကြမ်းပြင်ပေါ်လှဲချလိုက်တယ်
အသက်ရှူသံကပြင်းလာပြီး အသက်ရှူလည်းမဝတော့ဘူး
သောက်စရာဆေးလည်းမရှိတော့ဘူး ခဏလောက်နားပြီး
အိပ်လိုက်ရင်တော့ကောင်းသွားမှာပါ ရုတ်တရက်လန့်သွားလို့ဖြစ်နေတာပါ သက်သာသွားမှာပါလို့ပဲတွေးတယ်
Perth : Saint Saint
   အိပ်ပျော်ခါနီးလေးပဲ Perth ပြန်လာတဲ့အသံကိုကြားလို့
သူချက်ချင်းထလိုက်တယ် ဘေးကအဝတ်တွေကိုယူပြီးခေါက်
နေလိုက်တယ် Perth တံခါးဖွင့်လိုက်တော့အပြုံးလေးနဲ့ပဲ
ဟန်ဆောငိကြိုဆိုလိုက်တယ်
Perth : ခေါ်နေတာ ပြန်မထူးလို့ စိတ်ပူသွားတာပဲ
Saint : မ မကြားလိုက်လို့ စိတ်ကဒီထဲရောက်နေတာ
Perth က Saint မျက်နှာကိုအနီးကပ်သေချာကြည့်လိုက်
တော့ Saint ကမျက်စိမျက်နာပျက်သွားတယ်
Perth : ချွေးတွေထွက်နေတာပဲ
တော်သေးတာပေါ့ သူ့ကိုနေမကောင်းဘူးလားမမေးလို့
Saint ကချက်ချင်းချွေးတွေကိုလက်နဲ့သုတ်တင်လိုက်တယ်
Saint : ပူလို့ပါ Perth ရဲ့
Perth က Saint လက်ထဲကအဝတ်ကိုယူပြီးဘေးမှာချထား
လိုက်တယ်
Perth : ပေးပါ ဒါတွေလုပ်မနေနဲ့ ဟိုဘက်လှည့်
Saint : ဘာလို့လဲ
Perth : လှည့်ပါ ကျောမှာချွေးတွေကြီးပဲ
perth က Saint ကိုအတင်းတွန်းပြီးလှည့်ခိုင်းလိုက်တယ်
အနောက်ကနေ ယပ်တောင်ကိုယူပြီး Saint အေးနေအောင်
အားနဲ့ခပ်ပေးလိုက်တယ်
Saint ကရီလိုက်တယ် Perth ဘာလုပ်ဖို့လဲလို့တွေးနေတာ
သူကယပ်လာခပ်ပေးနေတာကို
Perth : ခိုးရီနေတာလား
Saint : မဟုတ်ပါဘူး ယောကျာ်းကအလိုက်သိလို့ ပျော်လို့
Perth : ဘယ်လို ဘယ်လို
Saint ကသူ့စကားနဲ့သူ ပြန်ရီနေလေရဲ့ Perth ကမျက်နှာလေးမကြည့်ဘဲနဲ့တောင် အသည်းတွေယားနေတာ
Perth : တော်တော့နော် ကိုရှက်လာပြီ ရှက်ရမ်းရမ်းပြီးဖက်
နမ်းပြစ်မှာ
Saint : အမယ်လေး မလုပ်ပါနဲ့ ကြောက်ပါတယ်
Perth : နောက်တာပါ အေးတယ်မလား
Perth ယပ်ခပ်ပေးတာကြာနေပြီ ညောင်းနေတော့မယ်ဆို
တာသိလို့ Saint ကသူ့ဘက်ကိုပြန်လှည့်ပြီးယပ်တောင်ကို
ယူလိုက်တယ်
Saint : ရပါပြီ Perth ရယ်
Perth : ဘာလို့လဲ ပူတယ်ဆို
Saint : ရပြီ အေးသွားပြီ
    အဲ့လိုသာအတင်းမပြောရင် Perth ကဆက်ပြီးလက်ညောင်းခံနေမှာပဲ
Saint က Perth လက်မောင်းလေးကိုချိတ်ပြီးလက်မောင်း
လေးပေါ်ခေါင်းလေးမှီထားလိုက်တယ်
Perth : ကလေးလုပ်ချင်နေတာပဲ
Saint : မဟုတ်ပါဘူး ခဏလောက်နားနေချင်လို့ပါ
Perth : Saint နေရောတကယ်ကောင်းရဲ့လား
     Perth ကသူ့ကိုမှီထားတဲ့ Saint မျက်နှာလေးကိုငုံ့ကြည့်
လိုက်တယ်
Saint : ကောင်းပါတယ်ဆို ခဏခဏဘာလို့မေးနေတာလဲ
             Perth မေးမှပဲနေမကောင်းချင်သလိုဖြစ်တော့မယ်
Perth : မဟုတ်ပါဘူး ဒီနေ့တစ်မျိုးကြီးခံစားနေရလို့
Saint : ဘယ်လိုတစ်မျိုးကြီးလဲ
Perth : မပြောတတ်ဘူး မင်းမျက်နှာလေးကြည့်ရတာမ
          ကောင်းသလိုပဲ စိတ်ထဲမှာမတင်မကျကြီးခံစားရ
          တယ် အဲ့ခံစားချက်ကဘာလဲဆိုတာမပြောတတ်ဘူး
    Saint ကမျက်လုံးလေးမှိတ်ပြီး Perth ပြောသမျှလေးကိုပဲ
နားထောင်နေမိတယ်
Perth : ဟင် အိပ်ချင်နေတာလား လှဲအိပ်လေ
Saint : ဟင့်အင်း ဒီလိုလေးခဏအိပ်ချင်တယ်
    Perth ကသူ့ကိုလာချွဲနေတဲ့ကောင်လေးကိုချစ်လို့ပြုံး
ကြည့်နေပြီး နူးနူးညံ့ညံ့ဆံပင်လေးတွေကိုတစ်ခြားလက်တစ်
ဖက်နဲ့ပွတ်သပ်ပေးလိုက်တယ်
Perth : တစ်နေ့လုံးဒီလိုလေး နေလည်းရတယ် ခဏမှမ
          ဟုတ်ဘူး
Saint : အင်း
Perth : Saint
Saint : အင်း Perth
   Saint က Perth ပြောသမျှကိုခေါင်းလေးပဲညိမ့်နေတော့
တယ်
Perth : ကိုမင်းကိုဒီလိုနေရာမှာပဲထားနိုင်လို့ အားနာမိသလို
             စိတ်မကောင်းလည်းဖြစ်မိတယ် မင်းအတွက်အ
          ကောင်းဆုံးဆိုတာကိုပေးနိုင်တဲ့သူဖြစ်ချင်တယ်
Saint : အခုလိုအချိန်လေးက အကောင်းဆုံးပါ Perth ရယ်
Perth : ကို့အတွက်လည်းအပျော်ရွှင်ရဆုံးအချိန်လေးဆိုပေ
           မယ့် ကိုဝမ်းနည်းနေမိတယ် ကိုပျော်ရွှင်ရဖို့မင်းက
          ပေးဆပ်နေရတယ်လို့ခံစားရတယ် အဲ့အတွက် ကို 
             တောင်းပန်ပါတယ်
   Perth အဲ့လိုထင်နေပြီးခံစားနေရတာလား Perth မသိသေး
တာတွေအများကြီးရှိပါသေးတယ် ကျွန်တော့်ကြောင့် Perth
ပင်ပန်းနေတာမမြင်ဘူးလို့များတွေးနေမိတာလား ကျွန်တော်
ကြောင့်အေးချမ်းနေခဲ့တဲ့ Perth ရဲ့ဘဝလေးအခုလိုပူလောင်
နေရတာမဟုတ်ဘူးလား အဲ့အပူတွေကိုငြိမ်းပေးဖို့ ကျွန်တော်
လုပ်ပေးနိုင်တာဘာတစ်ခုမှမရှိခဲ့ဘူးလေ Perth မသိတာလား
သိသိရက်နဲ့ကျွန်တော့်အတွက်ငရဲကျခံမယ်စိတ်ကူးထားတာ
လား
Perth :ကိုကတိပေးနိုင်တာတစ်ခုတော့ရှိတယ် ကိုမင်းကိုတစ်
             ခြားဘာနဲ့မှတန်ဖိုးမဖြတ်နိုင်တဲ့ အချစ်တစ်ခုကိုတော့
             ပေးနိုင်တယ်
   ဆက်မပြောပါနဲ့တော့လား ကျွန်တော့်ရင်တွေနာကျင်လွန်း
နေပါပြီ ကျွန်တော်အသက်ရှူတွေမဝတော့လို့ဆက်မပြောပါ
နဲ့တော့လား Perth အတွက်အခုပြောနေတာတွေကိုနားမ
ထောင်နိုင်တော့ဘူး
Saint ရဲ့မျက်ရည်စက်လေးက Perth လက်လေးပေါ်ကျဆင်းခဲ့တယ် သူ့အသားပေါ်ကျလာတဲ့မျက်ရည်စက်လေးကိုခံ
စားမိပေမယ့် အခုသူနှစ်သိမ့်ပေးလိုက်ရင် Saint ပိုပြီးငိုနေ
မယ်ဆိုတာသိတယ် ခဏလောက်စကားမပြောဘဲဒီအတိုင်း
လေးအိပ်စက်အနားယူခွင့်ပေးလိုက်တယ် Saint လည်းဘာတစ်ခွန်းမှပြန်မပြောခဲ့ဘူး
Perth : Saint
   Perth ကသူ့လက်ထဲကငြိမ်နေတဲ့ Saint ကိုပြန်ကြည့်လိုက်
တယ်
Perth : Saint Saint
   သူပွတ်သပ်ပေးရင်းကိုင်ထားတဲ့ဆံသားလေးပေါ်ကလက်
ကိုဖယ်ချလိုက်တာနဲ့ တစ်ပြိုင်ထဲ Saint ရဲ့ခေါင်းကအထိန်း
အကွပ်မဲ့ သူ့ရင်ခွင်ထဲကျလာခဲ့တယ်
Perth : Saint Saint
     Saint ကိုခေါ်လို့မရတော့ဘူး သူ့လက်ထဲကကောင်လေး
ကိုခေါ်လို့မရတော့ဘူး တစ်ယောက်ယောက်ကယ်ကြပါဦး
Saint  ကိုခေါ်လို့မကြားတော့ဘူး
                                         Part 14 ( the end )

More Than Life ( အသက်ထက်ပိုသော )Where stories live. Discover now