Part 5

1K 124 7
                                    

Saint : ကားရပ် ကားရပ်လိုက်
Saint ကဒရိုင်ဘာကိုအလျှင်စလိုကားရပ်ခိုင်းလိုက်တယ်
သူဘာလုပ်ဖို့လဲ ကားပေါ်ကနေအမြန်ပြေးဆင်းသွားတယ်
Saint : Perth Perth
သူ Perth ကိုတွေ့လိုက်လို့ပါ သူတို့စတွေ့ခဲ့တဲ့တံတားပေါ်
မှာပဲ Perth လမ်းလျှောက်နေတာကိုမြင်လို့နောက်ကနေအ
မြန်ပြေးလိုက်သွားတာ
Perth လည်းသူ့နာမည်ကိုခေါ်သံကြားတော့ လှည့်ကြည့်လိုက်တယ်
Perth : မင်းကို
Saint : တော်သေးတာပေါ့ မှီပါ့မလားလို့
Saint ကပြေးလာရတော့သူမောနေတာ
Perth : မင်းအဆင်ပြေရဲ့လား မောနေတာလား ရေသောက်
မလား
Saint : ရပါတယ်
ဘာလို့လဲတော့ကို့ကိုကိုနားမလည်ပေမယ့် ကျွန်တော်ဆေးရုံဆင်းခါစ Suu သေဆုံးပြီးထဲက Perth ကိုမတွေ့ရတာ
တစ်လလောက်တောင်ကြာနေပြီ အခုသူ့ကိုတွေ့လိုက်ရတော့ပျော်ရွှင်မိတယ်
Saint : မတွေ့တာကြာပြီနော် Perth အဆင်ပြေရဲ့လား
Perth : ပြေပါတယ် မင်းရော
Saint : ပြေပါတယ် ဒီနားမှာကျွန်တော်တို့စတွေ့တာနော်
Perth ကဒီနားမှာပဲနေတာလား
Perth : ဟုတ်တယ် ငါအလုပ်ကပြန်လာတာ မင်းဘယ်သွားမ
လို့လဲ
အမှန်တိုင်းပြောရရင်တော့ကျွန်တော်ပျင်းလို့ အိမ်ကနေ
ထွက်လာရာကနေ ဒီကိုရောက်လာတာပါ ဒီနားကိုလာချင်တဲ့
စိတ်တွေထိန်းမရခဲ့လို့ပါ
Saint : ကျွန်တော်ဒီလိုပဲ အပြင်ထွက်လာတာပါ
Perth : ဟုတ်လား
Saint : Perth အိမ်ကနီးလား ကျွန်တော်လိုက်ကြည့်လို့ရမ
လား
Perth ကရီလိုက်တယ် သူ့အတွက်တော့ Saint လိုသူဌေးသားကသူ့အိမ်ကိုလိုက်မယ်ဆိုတော့ ထူးဆန်းတယ်လေ
Perth : ငါ့အိမ်ကမင်းဆေးရုံတုန်းကအခန်းလောက်တောင်မ
ကောင်းပါဘူး
Saint : ရပါတယ် Perth ကျွန်တော့်ကိုခေါ်လို့မဖြစ်လို့လား
Perth : အဲ့လိုမဟုတ်ပါဘူး ငါကမင်းကိုအားနာလို့ပါ မင်းအ
ဆင်ပြေရင်ငါလည်းပြေတာပေါ့
Perth ပြောတဲ့အတိုင်းပါပဲ သူ့အိမ်လေးကတကယ်ကိုအ
သေးလေးပါ လမ်းကြိုလမ်းကြားထဲမှာဆိုတော့တော်တော်
ရှာရခက်မယ့်နေရာမျိုး ကျွန်တော့်အိမ်နဲ့ယှဉ်လိုက်ရင်တော့
တကယ်ကိုကွာခြားပါတယ်
Perth : ဘယ်လိုလဲ မင်းထူးဆန်းလို့ကြည့်နေတာမလား
Saint : မဟုတ်ပါဘူး တစ်ယောက်ထဲလား
Perth : ငါ့သူငယ်ချင်းကဒီနေ့ညပိုင်းအလုပ်ရှိတယ်လေ Suu
မရှိတော့လည်းဒီိလိုအချိန်တစ်ယောက်ထဲပေါ့
Suu ဆိုတဲ့နာမည်ကိုသူပြောလိုက်တိုင်း ရင်ထဲကခံစား
ချက်တွေကိုပါအတိုင်းသားကြားနိုင်တယ် သူအထီးကျန်နေ
တာပါ
Saint : Perth ကိုပေးစရာရှိတယ်
Saint ကသူ့အိတ်ထဲကနေ စာရွက်လေးတစ်ရွက်ကိုထုတ်
ပေးလိုက်တယ် သူနဲ့သူ့ညီမလေးပုံလေးကိုဆွဲထားတာပဲ
Perth : ဒါက
Saint : ဆေးရုံမှာ Perth နဲ့ Suu ကစားနေတာလေး သဘော
ကျမိလို့ပါ ကျွန်တော် Perth ကိုတွေ့ရင်ပေးလို့ရ
အောင်ဆိုပြီးအိတ်ထဲအမြဲထည့်ထားတာ
Perth : ကျေးဇူးတင်ပါတယ် ငါမင်းကိုကျေးဇူးတောင်မဆပ်
ရသေးဘူး
Saint : Perth ကသာကျွန်တော့်ကိုကယ်ခဲ့တာပါ
Perth : Suu အတွက်ကျေးဇူးတင်တာပါ ငါမရှိတဲ့အချိန်သူ့ကို
အဖော်ပြုပေးခဲ့လို့ ပြီးတော့ ဆေးရုံစရိတ်တွေရောပဲ
Saint : အဲ့ဒါတွေကိုစိတ်ထဲမထားပါနဲ့
Perth : မင်းချမ်းသာမှန်းငါသိပါတယ် မင်းအတွက်အဲ့ပိုက်ဆံ
ကနည်းပေမယ့် ငါ့အတွက်တော့များတယ် ငါပြန်
ဆပ်မှာပါ မင်းဆေးရုံကဆင်းသွားတော့လည်းဘယ်
လိုရှာရမလဲမသိဘူးဖြစ်နေတာ
Saint : ကျွန်တော်ကလည်း ကျေးဇူးတင်တယ် အရင်ကဆို
ကျွန်တော်ကလူပုံတွေမဆွဲဘူး ဒါပထမဆုံးပဲ အဲ့ဒါက
လည်း Perth နဲ့ Suu ကြောင့်ပါ
တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစုံပြီးသေချာကြညိ့
နေမိတယ် ဘာလို့မှန်းမသိပေမယ့် တစ်ယောက်နဲ့တစ်
ယောက်သိတာမကြာသေးပေမယ့် စတွေ့ထဲကခံစားချက်
ချင်းထပ်တူကြနေတာတော့အမှန်ပဲ
Perth : တစ်ခုခုသောက်မလား
Saint : ရပါတယ် Perth အိမ်ကိုသိချင်ယုံလိုက်လာတာပါ
နောက်ဆို လာလည်လို့ရလား
Perth : ရတာပေါ့ ဒါပေမယ့် ငါကအိမ်မှာတော့အချိန်ပြည့်မ
ရှိဘူး
Saint : Perth ကရပါတယ်လို့ပြောတာနဲ့ကိုကျေနပ်နေပါပြီ
Saint ပုံစံကအရင်နဲ့မတူတော့ဘူး သူအရင်ထက်ပိုပြုံး
တတ်လာပြီ Perth အိမ်ကပြန်လာတော့တက်တက်ကြွကြွနဲ့
သူ့ခြေလှမ်းတွေကိုအိမ်ထဲထိလှမ်းလာခဲ့တယ်
" Saint " သူ့နာမည်ကိုခေါ်လိုက်တဲ့အသံကိုသူရင်းရင်းနှီးနှီး
သိနေတယ် သူ့အပေါ်အမြဲဆူပူနေကျ သူ့အကိုရဲ့အသံ
Mean : မင်းဘာဖြစ်လာတာလဲ
Saint : ဘာဖြစ်လို့လဲ
Mean : ဒီနေ့တက်ကြွနေတယ် အရင်နဲ့မတူဘဲပြုံးနေလို့ပါ
လား ဘာဖြစ်တာလဲ
Saint : ဒီလိုပါပဲ ပုံမှန်ပါပဲ
Aunty : Saint သားအကိုပြန်ရောက်တုန်းထမင်းအတူစား
ကြပါလား ဒေါ်လေးပြင်လိုက်မယ်လေ
Saint : ဟုတ်
Mean : ကျွန်တော်မဆာဘူး မစားတော့ဘူး
Mean ကဖတ်လက်စသတင်းစာကိုပစ်ချပြီးသူ့အခန်းကို
တက်သွားလိုက်တယ်
Aunty : Saint သားဒီနေ့လန်းဆန်းနေပါလား ဒီတစ်ခါဆေးရုံ
မှာကြာကြာနေလိုက်လို့ထင်တယ် ရလဒ်ကောင်းလာ
သားပဲ
Saint : ဟုတ်မှာပေါ့ ကျွန်တော်နားလိုက်ဦးမယ်
Plan နဲ့ Perth ကကော်ဖီဆိုင်မှာမနက်ပိုင်းဂျူတီဝင်နေတယ်
Plan : မှာထားတာရပါပြီ
Perth : ကြိုဆိုပါတယ်
Perth ကအပေါ်ကိုမော့ကြည့်လိုက်တော့မှ Saint ကိုတွေ့
မိတယ်
Perth : ဘယ်လိုရောက်လာတာလဲ
Saint : ကျွန်တော့်အိမ်ကဒီနားမှာလေ ဒီဆိုင်ကအမြဲလာနေ
ကျပါ အရင်ကမတွေ့မိဘူး
Perth : ငါဟိုနေ့ကမှအလုပ်စဝင်တာ
Plan : မင်းကဆေးရုံမှာတုန်းကတစ်ယောက်မလား နေ
ကောင်းသွားပြီလား
Saint : ကောင်းပါတယ်
Perth : ထိုင်လေ ဘာသောက်မလဲ ငါအကောင်းဆုံးလုပ်ပေး
မယ်
Saint : Latte တစ်ခွက်
Perth : inn ထိုင်နှင့်လေ ငါလာပို့ပေးမယ်
ကျွန်တော့်စိတ်တွေက သူကျွန်တော့်ကိုကယ်လိုက်တဲ့နေ့
ကစပြီးယိမ်းယိုင်သွားခဲ့တာပါ သိသာလွန်းတယ် သူ့ဆီကို
အမြဲလာချင်နေတာ ဒီစိတ်ကိုဘယ်လိုထိန်းရပါ့မလဲ
Saint ကြည့်နေတဲ့အကြည့်တွေက မရိုးသားတာကိုတော့
Perth လည်းသတိထားမိတယ် သူ့မျက်ဝန်းထဲကသာမန်
ထက်ပိုတဲ့ပုံရိပ်တွေကို မြင်နေရတယ်
Perth ရှိနေတဲ့နေရာကို Saint ကမကြာမကြာလာတော့ရင်း
နှီးမှုကပိုတိုးလာတယ် Saint ကတဖြည်းဖြည်းနဲ့အရင်လို
အေးစက်နေတဲ့သူအဖြစ်ကနေပြောင်းလဲလာနေပြီ
Aunty : သား ဘာလုပ်နေတာလဲ
Saint ကသူဆွဲထားတဲ့နေဝင်ချိန်ပန်းချီတွေကိုစက္ကူပုံးထဲကိုပစ်ထည့်နေတယ်
Saint : လွှတ်ပစ်မလို့ပါ ဒီနေ့ကစပြီးထပ်ဆွဲနေဖို့မလိုတော့
         ဘူး
   Saint ကပြတင်းပေါက်ဘောင်ပေါ်မှေးလေးတင်ပြီး နေဝင်ချိန်ကိုကြည့်နေလိုက်တယ်
Saint : ကျွန်တော်နားလည်သွားပြီ အရမ်းလှတာပဲ နေဝင်
          ချိန်က
   Perth တစ်ယောက်တံခါးကနေဝယ်သူတစ်ယောက်ဝင်
လာတိုင်းလှမ်းလှမ်းပြီးကြည့်ရတာအမော သူ့ကိုကြည့်နေရင်း
Plan တောင်စိတ်မရှည်ဖြစ်လာပြီ
Plan : မင်းဘာဖြစ်နေတာလဲ မဟုတ်မှလွဲရော Saint ကိုမျှော်
          နေတာလား
Perth : ပုံမှန်ဆို ဒီအချိန်လောက်ဆိုသူလာနေကျ ဒီနေ့တစ်
           ခုခုများဖြစ်လို့လား
Plan : အဲ့လောက်စိတ်ပူနေရင် အိမ်ထိလိုက်ကြည့်ပေါ့
Perth : inn ငါခဏသွားဦးမယ် ပြန်လာခဲ့မယ်နော် ခဏပဲ
     Perth တစ်ယောက်ထဲ Saint ရဲ့ခြံနားကိုလျှောက်လာခဲ့
တယ် ခြံရှေ့မရောက်ခင်ထဲကလူနာတင်ယာဉ် အသံကိုကြား
နေရတယ် စိတ်ကပူတာထက်ပိုပိုဆိုးလာလို့သူ အမြန်ပြေး
ကြည့်လိုက်တယ် Saint ကိုလူနာတင်ယာဉ်ပေါ်တင်နေတာ
ကိုကိုယ်တိုင်မြင်လိုက်ရတယ်
Perth : သူဘာဖြစ်တာလဲ
  
                                Part 5 ( the end )

More Than Life ( အသက်ထက်ပိုသော )Where stories live. Discover now