Saint ကအံဆွဲထဲကဘူးလေးကိုဆွဲထုတ်လိုက်ပြီး အဲ့ထဲ
ကလက်စွပ်လေးကိုထုတ်ဝတ်လိုက်တယ်
ဒါ Perth ဆီကနောက်ဆုံးရခဲ့တဲ့လက်ဆောင် အချိန် 6 လကြာတဲ့အထိ သူ့ဆီကသတင်းအစအနမကြားခဲ့ရဘူး သူ့ကို
သိစေချင်တာတစ်ခုထဲပါ သူဘယ်လိုပဲရှောင်ပုန်းနေပါစေ ဘယ်လိုပဲ ကျွန်တော့်ကိုမချစ်ဘူးလို့ပြောနေပါစေ Perth ကို
နားလည်တယ် သူမချစ်ရင်တောင်ကျွန်တော်ကဆက်ချစ်နေ
မှာကိုတော့သူ့ကိုသိစေချင်တယ် ဒါကြောင့် သူ့ကိုပြန်ပြီးရှာဖွေချင်တယ် သူနဲ့ဝေးရာမှာနေပြီးတော့ သူ့ကိုစောင့်နေတာမျိုးကိုမစောင့်ချင်တော့ဘူး သူ့ကိုတွေ့ရင်သာ သူ့ဆီကိုပြေးပြီး
ဖက်ထားလိုက်ချင်တယ် ဒါကြောင့် သူ့ကိုမစောင့်တော့ဘဲသူ့ဆီကိုပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်
ထိုင်းကလေဆိပ်ကို ပြန်ဝင်လာရတာရင်ခုန်ဖို့ကောင်းနေတယ် အခုဆိုကျွန်တော်ကကျန်းမာရေးလည်းကောင်းနေပြီ
အရင်လိုလည်း မောနေတာမျိုး နာကျင်ရတာမျိုးမရှိတော့ဘူး
အခုပိုင်ဆိုင်ထားရတဲ့ နှလုံးသားလေးကိုချစ်လိုက်တာ ကျွန်
တော့်အတွက်တန်ဖိုးကြီးလွန်းတယ်လေ
ကျွန်တော်တို့ညီအကိုနှစိယောက်လုံးထိုင်းကိုပြန်လာတာ
ကအကြောင်းအရင်းလေးလည်းရှိလို့ပါ အမေကထောင်ထဲမှာ
ပဲဆုံးပါးသွားခဲ့တယ်လေ အမေ့ရဲ့နောက်ဆုံးခရီးအတွက်
ကျွန်တော်တို့ကလိုက်ပို့ပေးသင့်တယ်ထင်လို့ ပြန်လာခဲ့ကြတာပါ ဒါပေမယ့် ကျွန်တော့်ခြေလှမ်းတွေကတက်ကြွနေခဲ့
တယ် ကျွန်တော်ပြန်လာရတဲ့အဓိကအကြောင်းရင်းက Perth ဖြစ်နေလို့ပဲ
Mean : သွားစရာရှိတယ်ဆို ကားယူသွားလေ
အကိုပေးတဲ့ ကားသော့ကိုယူလိုက်တယ် သွားဖို့ကိုစဉ်းစား
လိုက်ပေမယ့် ကျွန်တော်အကို့ကိုဝိုင်းကူရမယ့်အရာတွေရှိ
နေသေးတယ်လေ
Saint : ရပါတယ် မနက်မှသွားလိုက်မယ်
Mean : သွားပါ ဒီမှာတစ်ယောက်ထဲနိုင်ပါတယ် သွား
အကိုကအတင်းလွှတ်တော့ ကျွန်တော်လည်းကားကိုကိုယ်
တိုင်မောင်းပြီးထွက်လာခဲ့တယ် လမ်းတစ်လျှောက်စဉ်းစားလာခဲ့တာက Perth ကိုတွေ့ရင်ပြောမယ့်စကားတွေ
သူ့ကိုတောငိးပန်ကြောင်းပြောမယ် သူ့ကိုချစ်ကြောင်းပြောမယ် ထာဝရလက်တွဲသွားဖို့အကြောင်းတွေပြောမယ်
ဒီအချိန်ကာလ 6 လလုံးတွေးနေခဲ့တာ သူ့အကြောင်းတွေကြီး
ပါပဲ သူ့ကိုတွေ့ချင်နေတဲ့စိတ်ကထိန်းမရတော့လို့ကားကိုအ
မြန်မောင်းလိုက်တယ်
Saint : Perth Perth ဘယ်သူမှမရှိဘူးလား Plan
Perth ရော Plan ရောအိမ်မှာမတွေ့ရပါလား သူတို့အလုပ်
သွားနေတာဖြစ်မယ်ဆိုတဲ့အတွေးကချက်ချင်းခေါင်းထဲဝင်
ရောက်လာခဲ့တယ်
Saint : ဟုတ်သားပဲ ပုံမှန်ဆိုဒီအချိန်ပြန်မှမရောက်ကြသေး
တာ
စိတ်ရှည်ရှည်နဲ့စောင့်နေဖို့ကိုဆုံးဖြတ်လိုက်ပြီး အိမ်ရှေ့က
ကွပ်ပြစ်လေးပေါ်မှာထိုင်နေလိုက်တယ် ဒီအိမ်လေးကခဏတာပဲနေခဲ့ရတယ်ဆိုပေမယ့် ခဏတာရှိခဲ့တဲ့အမှတ်တရပုံရိပ်
တွေကအခုထိမမေ့နိုင်သေးဘူး တစ်သက်လုံးစွဲကျန်နေမယ့်
အမှတ်တရဖြစ်နေမှာသေချာတယ်
ထိုင်နေရင်းကောင်းကင်ကြီးကိုမော့ကြည့်ရင်း ပြုံးနေမိတယ်
ကောင်းကင်ကြီးမှာဖြာကျနေတဲ့ နေရောင်ခြည်လေးကလှလိုက်တာ ဘာလို့ဒီလောကိလှနေရတာလဲ
အိမ်တံခါးကိုဖွင့်ပြီးဝင်လာတဲ့ ခြေသံတစ်စုံကိုကြားတာနဲ့လှမ်း
ကြည့်လိုက်တယ် Perth အိမ်ပြန်လာပြီလားလို့ပေါ့
ဒါပေမယ့် မျှော်လငိ့ထားသလိုမဟုတ်ပါဘူး Plan ကိုပဲတွေ့
လိုက်ရတယ်
Saint ကိုတွေ့လိုက်ရလို့ Plan အရမ်းအံ့သြမှင်သက်သွား
တဲ့ပုံပါပဲ သူ့ခြေလှမ်းတွေကရှေ့ကိုဆကိမလျှောက်နိုင်တော့ဘူး
Saint : Plan ပြန်လာတာစောသားပဲ ဒါနဲ့ Perth ရော
Plan : မင်း မင်းဘယ်လို ရောက်လာတာလဲ
Saint : အံ့သြသွားလား ဒီအိမ်လေးကိုလွမ်းလို့ပြန်ရောက်
လာတာလေ Perth ကလိုက်မလာတော့ ငါပဲပြန်လာ
ရတာပေါ့ Perth ရော
Saint ကအတောက်ပဆုံးအပြုံးတွေနဲ့မေးလိုက်ပေမယ့်
Plan ရဲ့မျက်နှာအမူအရာတွေက မှင်သက်နေဆဲပဲ
Plan : ထိုင်ဦးလေ စကားပြောကြတာပေါ့
Saint : Perth အလုပ်ချိန်မပြီးသေးတာမလား ဟင် Plan Plan ကထိုင်နေရင်းသူ့ခေါင်းကိုသာအောက်ငုံ့ထားတယ်
Plan : Perth ဒီမှာမနေတော့ဘူး
Saint : သူဘယ်မှာနေနေတာလဲ အိမ်ပြောင်းသွားတာလား
Plan : နယ်မြို့ကသူ့အမျိုးတွေနဲ့ နေတယ်ကြားတာပဲ သူအ
ဆင်ပြေနေပါတယ် အခုသူအေးဆေးဖြစ်နေပြီလေ
အားလုံးကိုမေ့ထားပြီး ဘဝအသစ်လေးမှာသူအေး
ချမ်းနေတယ်
Saint : သူဘယ်ကိုပြောင်းသွားတာလဲ လိပ်စာပေးပါလား
Plan : ငါလည်းသေချာမသိဘူး သူငါ့ဆီတစ်ခါတစ်လေလာ
လည်တာပဲရှိတယ်
Saint ကအတွေးရပြီး စာရွက်အပိုင်းလေးပေါ်မှာသူ့ဖုန်းနံ
ပတ်နဲ့လိပ်စာကိုချရေးလိုက်တယ်
Saint : Plan ဒါလေးသူလာရင်ပေးပေးပါနော် အခုတော့ငါ
ကိစ္စလေးရှိလို့ပြန်ရမယ် ပေးပေးနော်
Saint ကအိမ်ထဲကနေထွက်သွားလိုက်တယ် Plan ကတော့လက်ထဲမှာစာရွက်ပိုင်းလေးကိုကိုင်ပြီး ဒီတိုင်းဆက်
ထိုင်နေခဲ့တယ် Saint ကားကိုမောင်းရင်းနဲ့လမ်းတစ်ဖက်ခြမ်း
မှာကားကိုကပ်ရပ်လိုက်တယ် သူကားပေါ်ကနေဆင်းပြီး
တံတားဘေးဘောင်နားကိုလျှောက်လာခဲ့တယ်
သူနဲ့ Perth နဲ့စတင်တွေ့ဆုံခဲ့ရာနေရာလေးကို မြင်လိုက်တာနဲ့အမှတ်ရပြီးကားပေါ်ကဆင်းကြည့်ခဲ့တယ်
ဒီနေရာလေးကလည်း သူ့ဘဝအတွက်အမှတ်ရစရာနေရာလေးပဲလေ ကံတရားကသူတို့ကိုဒီနေရာလေးမှာဆုံဆည်းခွင့်
ပေးခဲ့တာကို
Saint ကသူ့လက်တွေကိုဆန့်ထုတ်ပြီး လေကိုတစ်ဝကြီးရှူ
ရှိုက်လိုက်တယ် တစ်ကိုယ်လုံးပေါ့ပါးနေသလိုကိုခံစားရတယ်
ဒီနေရာလေးမှာသာ Perth ကိုပြန်တွေ့ရရင် ဘယ်လောက်
တောင်ပျော်စရာကောင်းမလဲဆိုတာကိုတွေးနေမိတယ်
" တီ တီ တီ " အိတ်ကပ်ထဲကဖုန်းသံကြောင့်သူဖုန်းကို
ထုတ်လိုက်တယ်
Saint : Hello P ဟုတ်ကဲ့ ကျွန်တော်ခဏနေရောက်တော့မှာ
ဟုတ်ကဲ့ အခုပြန်လာနေပြီ
အကို့ဆီပြန်ပြီးလုပ်စရာရှိတာတွေ ဝိုင်းလုပ်ရဦးမယ်လေ
ဈာပနအတွက်လိုအပ်တာတွေ လုပ်ပေးရဦးမယ်
နောက်မှပြန်လာခဲ့မယ်လို့ ဒီနေရာလေးကိုနှုတ်ဆက်ပြီးထွက်
လာခဲ့တယ်
အမေ့ကိုတောင် နာရေးချရမယ့်အချိန်ရောက်နေပြီ အခုထိ
ဖုန်းလာတိုင်း Perth ဆီကဖုန်းမဟုတ်သေးဘူး မိုးတွေကလည်းဒီနေ့မှရွာချလိုက်တာ သည်းကြီးမည်းကြီးပဲ ကျွန်တော်
တို့အားလုံးကိုယ်စီထီးတွေနဲ့ပဲ အုတ်ဂူရှေ့မှာရပ်ပြီးနှုတ်ဆက်
ခဲ့ကြတယ်
" Saint " ရုတ်တရက်ကြားလိုက်ရတဲ့ အသံကနားထဲကိုစူး
ခနဲပဲ ဘယ်သူကသူ့နာမည်ကိုခေါ်လိုက်တာလဲ လှည့်ကြည့်
တော့လည်းအနီးနားမှာနာရေးလိုက်ပို့တဲ့သူတွေကိုပဲတွေ့ရ
တယ် ဒီလောက်မိုးသံတွေနဲ့ရောထွေးနေတာတောငိသူ့ကို
ခေါ်လိုက်တဲ့အသံကိုပြတ်ပြတိသားသားကြားလိုက်ရလို့
ထူးဆန်းသလိုခံစားရတယ် ကို့ဘာသာအတွေးတွေနဲ့ ရော
ထွေးနေတဲ့အချိန် ကို့အရှေ့မှာလိပ်ပြာလေးတစ်ကောင်ကပျံ
ဝဲနေတာပါလား လှလိုက်တာ
လိပ်ပြာလေးက တစ်ခြားဘက်ကိုပျံသွားတော့ အနောက်က
နေလိုက်ကြည့်ချင်တဲ့စိတ်ကတစ်ဖွားဖွားပေါ်လာခဲ့တယ်
အားလုံးသတိမထားမိတဲ့အချိန်မှာ သူနောက်ကနေလိုက်သွား
ခဲ့တယ် ဘာလို့အခုချိန်ကြောက်စိတ်တွေပျောက်နေရတာလဲ
အုတ်ဂူတွေအများကြီးကြားထဲမှာ လျှောက်သွားနေမိတယ်
လိပ်ပြာလေးနောက်ကိုလိုက်ချင်လို့ ဒီနေရာကသင်္ချိုင်းမြေမှန်း
တောင်သတိမထားမိတဲ့ပုံပဲ လိပ်ပြာလေးကအုတ်ဂူတစ်ခု
ပေါ်မှာသွားနားလိုက်တယ်
အုတ်ဂူကိုမြင်လိုက်တာနဲ့ မြင်မြင်ချင်း အသက်ရှူရပ်သွား
လောက်အောင်တုန်လှုပ်နေမိတယ် ဆောင်းထားတဲ့ထီးတောင်လက်ထဲကလွှတ်ကျသွားမိတယ် သူ့တစ်ကိုယ်လုံးမိုးရေတွေ
စိုရွှဲနေတာတောင် အဲ့ရှေ့မှာရပ်နေဆဲပဲ
Saint : မ မဟုတ်ဘူး မဟုတ်ဘူး
Part 17 ( the end )