အမှောင်ခန်းထဲကိုဖြေးဖြေးချင်းလျှောက်လာတဲ့ခြေသံ
တစ်စုံကိုကြားလိုက်ရတယ် ကုတင်ပေါ်မှာစောင်ခြုံထားရင်း
ခြေသံကိုဂရုတစိုက်နားထောင်နေရတယ် ကျွန်တော့်မျက်လုံး
တစ်စုံက Saint ကိုဖွက်ထားတဲ့ဗီဒိုကိုလည်းလှမ်းကြည့်နေရ
တယ် ဒီညအဲ့လူကိုရအောင်ဖမ်းမယ်
အပေါ်ကနေလူတစ်ယောက်က ဓားနဲ့စိုက်ချဖို့လုပ်လိုက်ချိန်
မှာ Perth အမြန်ရှောင်လိုက်ပေမယ့် သူ့လက်မောင်းကိုဓား
နဲ့ရှမိသွားလို့ သွေးတွေစီးကျလာတယ်
မှောင်နေတော့ မျက်နှာကိုသေချာမမြင်ရသေးခင် အဲ့လူက
ထွက်သွားဖို့ကြိုးစားနေတယ် ဒါပေမယ့် ရုတ်တရက်အခန်း
မီးတွေကလင်းလာတယ်
Mean ဖွင့်လိုက်တာပဲ သူ့ကိုမြင်လိုက်မှစိတ်သက်သာရာရ
တော့တယ်
Mean : အမေ
သူပြောတဲ့အတိုင်းပဲ Saint ကိုသတ်ချင်နေတာသူ့အမေပဲ
ဘယ်လိုစိတ်နဲ့လုပ်ရက်တာလဲဆိုတာတွေးမရခဲ့ဘူး
Saint သာသိရင်ဘယ်လောက်တောင်ခံစားနေရမလဲ
Mom : နင်ဘာလုပ်တာလဲ အမေကိုစောင့်ဖမ်းတာလား
Perth : Mean မင်းအမေနဲ့အတူ မင်းအဒေါ်ပါဖမ်းရလိမ့်မယ်
Perth ကဗီဒိုတံခါးကိုဖွင့်လိုက်ပြီး အိပ်ပျော်နေတဲ့ Saint
ကိုချီလိုက်တယ် သူ့လက်ကနာကျင်နေပေမယ့်လည်း မမှုပါဘူး ဒီကောင်လေးကိုဒီနေရာကရအောင်ထုတ်သွားဖို့ကိုပဲ
စိတ်ကဦးတည်နေမိတယ်
Perth : Mean ကျန်တာမင်းလက်ထဲအပ်ခဲ့ပြီ
သူအောက်ထပ်ကိုဆင်းသွားရင်းနဲ့ ရဲတွေတက်လာတာကိုပါမြင်ခဲ့ရတယ် အခုသူလုပ်နိုင်တာကိုလုပ်ခဲ့ပြီးပြီ ကျန်တာ
တွေကိုမစဉ်းစားချင်တော့ဘူး အရေးကြီးတာက Saint အခုလုံခြုံသွားတာကိုပဲပျော်မိတယ်
Doctor : မစိုးရိမ်ရပါဘူး အပြင်းစားဆေးကြောင့်အိပ်မောကျ
သလိုဖြစ်နေတာပါ
Perth : ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ
Doctor : ဒါနဲ့ မင်းလက်လဲဆေးထည့်ဖို့လိုလိမ့်မယ်ထင်တယ်
Plan : ဟုတ်သားပဲ ငါစောင့်နေလိုက်မယ် လိုက်သွားလိုက်
Perth ကဆေးထည့်ပတ်တီးစည်းပြီး အပြင်ကိုပြန်ထွက်
လာတယ် အောက်ကိုပဲကြည့်လျှောက်နေရင်းသူ့ရှေ့မှာရပ်
နေတဲ့ရှူးတစ်စုံကြောင့် မော့ကြည့်လိုက်မိတယ်
Mean : မင်းအဆင်ပြေရဲ့လား
Perth က Mean နဲ့အတူဆေးရုံကဆိုင်တစ်ဆိုင်မှာ ထိုင်
ရင်းစကားပြောကြတယ်
Perth : မင်းရောအဆင်ပြေရဲ့လား မင်းအမေနဲ့အဒေါ်လေ
Mean : ငါကအရင်ထဲကသိပ်သံယောဇဉ်မထားလို့အဆင်
ပြေပါတယ် ဒါနဲ့ မင်းကိုပြောပြစရာရှိတယ်
Perth :ဘာလဲ
Mean : မင်းညီမလေးကိစ္စ ပြောရရင်တော့ မင်းညီမလေးကို
ကားနဲ့တိုက်ခဲ့တာ ငါ့အမေပါ
Perth : ဘာ ဒါဆို မင်းကဘာလို့တရားရုံးကိုလာခဲ့တာလဲ
Mean : ငါကသူ့အတွက်ကိုယ်စားဝင်ပေးရတာလေ အဲ့ထဲက
အမေ့အတ္တကိုငါသိလိုက်တာ မင်းကိုတောင်းပန်ရုံက
အပြင် ပြောစရာမရှိပါဘူး
Perth : ရပါတယ် သူ့ကံတရားလို့သတ်မှတ်ထားပါတယ် ဒါနဲ့
Saint ကိုအားလုံးပြောပြမှာလား
Mean : ပြောရမှာပေါ့ ပြီးတော့ သူ့ကိုနိုင်ငံခြားခေါ်သွားရမယ်
Perth : ဘာလို့လဲ
Mean : အမေရုတ်တရက်ထောင်ကျပြီလို့သတင်းထွက်လာ
တော့ရှယ်ယာဈေးတွေထိုးကျကုန်ပြီ ဒီတိုင်းဆိုဒေဝါ
လီခံရလိမ့်မယ် သူ့ကိုခေါ်ပြီးငါတို့ရုံးချုပ်မှာအလုပ်ပြန်
လုပ်ရမှာပေါ့
Saint ကသူ့ကိုထားခဲ့ပြီးထွက်သွားရမှာပေါ့ တားချင်ပေ
မယ့်လည်းဒါသူ့ရဲ့လွတ်လပ်ပိုင်ခွင့်လေ ဘယ်လိုပြောရမှာလဲ
Saint ကမျက်လုံးတစ်စုံပွင့်လာတော့မှ ရုတ်တရက်ထလိုက်
တယ်
Perth : နိုးလာပြီလား အကြာကြီးအိပ်ပျော်နေတာပဲ
Saint : Perth ဘာတွေဖြစ်ကုန်တာလဲ ညက
Perth : အားလုံးပြီးသွားပြီမို့လို့ တွေးမနေပါနဲ့
Saint : Perth လက်မောင်းကဘာဖြစ်တာလဲ ဘာနဲ့ထိမိတာ
လဲ ညကလား
Perth : နည်းနည်းပါ
Saint : ဒါနဲ့ တရားခံကိုမိတယ်ပေါ့ ဘယ်သူလဲ
Saint ကိုပြောလိုက်ဖို့ခွန်အားမရှိဘူး သူ့မျက်နှာလေးကို
ကြည့်ရင်းသနားလွန်းလို့ ပြောမထွက်ဘူး
Mean : အမေနဲ့ဒေါ်လေး
သူမပြောနိုင်တဲ့စကားကို Mean ကပြောလိုက်တယ်
Perth : Mean
Mean : သူသိသင့်တာပဲလေ ဘာကိုဖုံးထားမှာလဲ
Perth : Saint အဆင်ပြေရဲ့လား
Saint ကမျက်ရည်ဝဲလာတာနဲ့ ချက်ချင်းသူ့မျက်လုံးတွေကို
ပွတ်လိုက်တယ် ပြီးတော့မှသူပြုံးလိုက်တယ်
Saint : အဆင်ပြေပါတယ် တော်သေးတာပေါ့ အရင်ထဲကသံ
ယောဇဉ်မထားခဲ့လို့
ဘယ်လိုပဲအဆင်ပြေတယ်လို့ပြောနေပါစေ သူ့ကိုသတ်ချင်
တာမွေးထုတ်ထားတဲ့အမေဆိုတော့ သူခံစားနေရမှာပဲလေ
Perth ကနှစ်သိမ့်တဲ့အနေနဲ့ Saint ကိုဖက်ထားလိုက်တယ်
Mean : Saint ငါတို့မင်းနေကောင်းတာနဲ့ နိုင်ငံခြားကိုသွား
ရမယ် လေယာဉ်ကိုချက်ချင်းစီစဉ်ထားတယ်
Saint : ဘာလို့လဲ
Mean : ကောလဟာလတွေကပြန့်ကုန်ပြီလေ ရှယ်ယာ
ဈေးတွေထိုးဆင်းနေပြီ ငါတို့လုပ်ငန်းကိုပြန်ကယ်ရမ
ယ် မင်းကပိုင်ဆိုင်သူလေ
Saint ကညဘက်ရောက်တဲ့အထိ မအိပ်နိုင်သေးဘူး
သူစဉ်းစားနေဆဲပဲ Perth ကိုထားပြီးထွက်မသွားချင်ဘူး
တစ်ဖက်ကိုပြန်လှည့်ပြီးအိပ်လိုက်တော့ ဆိုဖာပေါ်မှာမျက်လုံး
မှိတ်ထားတဲ့ Perth ကိုငေးကြည့်နေမိတယ်
Saint : Perth အိပ်ပြီလား
Saint အသံကိုကြားတာနဲ့ သူ့မျက်လုံးတစ်စုံပြန်ပွင့်လာတယ်
Perth : ဘာပြောမလို့လဲ နေမကောင်းလို့လား
Saint : မဟုတ်ပါဘူး ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပါလား
Perth : မလိုက်တော့ပါဘူး ငါ့အိမ်လေးမှာနေရင်းနဲ့ မင်းကို
စောင့်နေမယ်လေ
Saint : ဘယ်လောက်ကြာမယ်မှန်းမှမသိတာ
Perth : ငါတို့ချစ်နေသရွေ့ အချိန်ကခဏလေးကုန်သွားမှာပါ
အိပ်တော့လေ မနက်ဖြန်ဆိုလေဆိပ်ဆင်းရတော့မယ်
Perth က Saint ကွယ်ရာကိုလှည့်ပြီးအိပ်ချင်ယောင်ဆောင်
လိုက်တယ် Saint ကတော့သူ့ကိုဝမ်းနည်းစရာအကြည့်တွေ
နဲ့တစ်ညလုံးကြည့်နေခဲ့တယ်
Perth နဲ့ Saint သူတို့နှစ်ယောက်လုံးရဲ့လက်တွေကို မလွှတ်
တမ်းကိုင်ထားလိုက်တယ် လေဆိပ်ထဲဝင်လာလေလေ
လက်တွေကအေးစက်လာလေပဲ ခွဲခွာရမှာကိုထိတ်လန့်နေ
မိတယ် တစ်လမ်းလုံးဘာစကားမှလည်းမပြောခဲ့ဘူး
Mean : အိတ်တွေအပ်ပြီးပြီ ဝင်ရအောင် Saint
Saint က Perth ဘာများပြောမလဲလို့ပဲ မျှော်လင့်ပြီးကြည့်
နေခဲ့တယ် တစ်ခါလောက်သူ့ကိုတားလိုက်ပါလား
Perth : ဝင်တော့လေ နောက်ကျနေမယ်
Saint : ကျွန်တော့်ကိုစောင့်နေမှာလား
Perth : ဒါပေါ့ အကောင်းဆုံးကြိုးစားပြီးပြန်လာခဲ့
Saint နဲ့ Mean မျက်ကွယ်ရောက်သွားတဲ့အထိ သူရပ်ကြည့်
နေခဲ့တယ် ကြည့်နေရင်းနဲ့မျက်ရည်တွေကအခုမှကျလာခဲ့တယ် ဘယ်လောက်ကြာထိခွဲရမှာလဲဆိုတဲ့ အတွေးကိုဆက်တွေးရင်မျက်ရည်ကပိုပိုကျလာတယ် ဒီနေရာကနေမထွက်သွားသေးရင် သူ့မျက်ရည်တွေကခမ်းမှာမဟုတ်တော့ဘူး
Perth ဆက်မကြည့်တော့ဘဲ လှည့်ထွက်သွားဖို့ခြေလှမ်းတစ်
လှမ်းလောက်လှမ်းလိုက်တယ်
" Perth " သူ့နာမည်ကိုအော်ခေါ်လိုက်တဲ့အသံကြောင့်
ပြန်လှည့်ကြည့်လိုက်တယ် Saint ကမျက်ရည်တွေနဲ့သူ့ဆီကို
ပြေးလာနေခဲ့တယ်
Saint : Perth
မထင်ထားတဲ့ပွေ့ဖက်မှုနဲ့ saint ကပြေးဖက်လိုက်တယ်
အံ့သြနေမိလို့ ဘာမှတောင်မပြောနိုင်တော့ဘူး
Saint : မခွဲနိုင်ဘူး တစ်စက္ကန့်လောက်တောင်မခွဲနိုင်တော့ဘူး
ချစ်လွန်းလို့ အရမ်းချစ်မိသွားလို့ပါ
Perth : မင်းဘာလုပ်တာလဲ
Saint : ကျွန်တော်ဘာကိုမှမပိုင်ဆိုင်ချင်ဘူး Perth တစ်
ယောက်ထဲကိုပဲလောဘကြီးပါရစေ Perth ရဲ့အိမ်
လေးမှာကျွန်တော့်အတွက် နေရာရှိတယ်မလား အ
တူတူအေးချမ်းတဲ့အိမ်လေးမှာ နေခွင်ရှိမလား
Perth ငိုနေရုံကလွဲပြီး ဘာမှပြန်မပြောနိုင်တော့ဘူး သူ့ရဲ့
ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး အတူဆင်းရဲဒုက္ခကိုရင်ဆိုင်မယ်တဲ့
လား ဘယ်လိုတောင်သူ့ကိုချစ်ရတာလဲ Saint ရယ်
Perth : ကျိန်းသေရှိတာပေါ့ အဲ့နေရာလေးကအခုကစပြီး
ကိုတို့ရဲ့ ထာဝရနေရာလေးဖြစ်မှာပါ
ကျွန်တော်တို့တွဲလက်တွေကိုသေတဲ့ထိဖြုတ်မှာမဟုတ်တော့ပါဘူး ကံတရားကကျွန်တော်တို့ကိုမထင်မှတ်ဘဲတွေ့ဆုံ
ခွင့်ပေးခဲ့တယ် ကံတရားအရပဲ သူ့ကိုရည်းစားစကားပြောခဲ့
တယ် ဒါပေမယ့် ဒီလောက်ထိချစ်မိမယ်မထင်ခဲ့ဘူး ဒါလည်း
ကျွန်တော်တို့ရဲ့ဖူးစာပဲလား ရှောင်လွှဲလို့မရတဲ့ကံတရားပဲလား ကျေးဇူးတငိသလို တောင်းဆိုပါရစေ
ကျွန်တော်တို့နှစ်ယောက်ကိုအပူမီးတွေနဲ့ ကင်းဝေးရာအေး
ချမ်းတဲ့နေရာလေးမှာ နေခွင့်ပြုပေးပါ
Part 9 ( the end )