Saint တစ်ကိုယ်လုံးမိုးရေတွေစိုရွှဲနေတာတောင် သူအ
မြန်ဆုံး Perth ရဲ့အိမ်ကိုပြေးလာခဲ့တယ်
Saint : Perth Perth
Plan : Saint မင်းဘာလာလုပ်တာလဲ
Saint ကအမြန် Plan ရဲ့လက်ကိုကိုင်ဆွဲထားလိုက်တယ်
Saint : Perth ရော သူဘယ်မှာလဲ ဖြေလေ
Plan : ငါမင်းကိုပြောပြီးပြီလေ သူတစ်နေရာရာမှာနေနေ
တယ်လို့
Saint : အဲ့နေရာကဘယ်မှာလဲ မေးနေတာဖြေပါ အမှန်တိုင်း
ပြောပေးပါ
ကျွန်တော်ဘာလို့ Plan ကိုအဲ့လောက်အသည်းအသန်မေး
နေရတာလဲ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကတွေ့လိုက်ရတဲ့အရာကြောင့် ကျွန်တော်အသက်ရှူရပ်မတတ်ခံစားနေရလို့
ဒီအကြောင်းတွေကို Perth နဲ့ Plan ပဲသိနိုင်မယ်
Saint : ဖြေပေးပါ Perth ဘာမှ
" Perth ဘာမှမဖြစ်ဘူးမလား " လို့ကျွန်တော်မေးချင်နေ
တာပါ ဒါပေမယ့် အဲ့လိုမေးဖို့တောင်ရင်ထဲကစကားပြောမထွက်လောက်အောင်ကိုမွန်းကြပ်နေပြီ
Plan : မင်းဘာဖြစ်လာတာလဲ
Saint : Perth Perth ဘာမှ သူဘာမှမဖြစ်ဘူးမလား Plan
ငါသူ့ကိုအရမ်းတွေ့ချင်တယ် ကူညီပေးပါ
Saint က Plan လက်ကိုကိုင်ဆွဲထားရင်းနဲ့ပဲဒူးထောက်
ချလိုက်တယ်
Plan : မင်းဘာလုပ်တာလဲ ထ
Saint : တွေ့ခဲ့တယ်
Plan : ဘာကိုလဲ
Saint : အုတ်ဂူ Perth နာမည်နဲ့
Plan လည်းအုတ်ဂူဆိုတဲ့အသံကြားလိုက်တာနဲ့ ချက်ချင်းကိုထိုင်ချမိသွားတယ် သူ့မျက်ဝန်းတစ်စုံကမျက်ရည်တွေအလိုလိုကျလာတယ် Plan ရဲ့မျက်ရည်စက်တွေက Perth တစ်
ခုခုဖြစ်နေပြီဆိုတာကိုဖော်ပြနေသလိုပဲ
Saint : သူတစ်ခုခုဖြစ်နေပြီမလား ဖြေလေ Plan
Plan ကသူ့လက်ဖဝါးနဲ့မျက်ရည်တွေကိုသုတ်လိုက်တယ်
ခဏလောက်အားယူပြီးမှထပြီး Perth အခန်းထဲကိုဝင်သွား
လိုက်တယ် Saint ကတော့ Plan နောက်လိုက်သွားဖို့တောင်
အင်အားမရှိဘူး အဲ့နေရာကနေသူမထနိုင်တော့ဘူး
Plan ကခဏကြာတော့မှပြန်ထွက်လာပြီး သူ့ရှေ့ကိုစာရွက်ဖိုင်လေးတစ်ခုလှမ်းပေးလိုက်တယ်
Plan : အဲ့ဒါအဖြေပဲ Saint ဒီထဲမှာအဖြေအားလုံးပါဝင်တယ်
Saint အိမ်ရှေ့ရောကိတော့ Mean ကအိမ်အဝင်ကို
ထွက်လာခဲ့တယ်
Mean : Saint မင်းဘယ်တွေသွားနေတာလဲ
Mean ကိုလည်းသူပြန်မဖြေနိုင်ဘူး အလောတကြီးပဲအိမ်
ထဲကိုဝင်ပြေးလိုက်တယ်
Mean : Saint ဘာဖြစ်လာတာလဲ Saint Saint
Saint ကအိမ်ထဲကိုရောက်တာနဲ့ချက်ချင်းကြမ်းပြင်ပေါ်
ထိုင်ချပြီး ဖိုင်ကိုဖွင့်လိုက်တယ်
ပထမဆုံး သူ့နာမည်နဲ့ငွေစုစာအုပ်လေးကိုမြင်တာနဲ့ချက်ချင်းမျက်ရည်ကအလိုလိုကျလာခဲ့တယ် Perth ကအလုပ်ကိုကြုံး
ရုံးပြီးလုပ်ခဲ့လို့ပင်ပန်းရတယ် ဒါပေမယ့် အဲ့ငွေတွေအားလုံးကို
သူမသုံးဘဲနဲ့ Saint အတွက်ထားခဲ့တယ်လား
Mean : ဘာတွေလဲ Saint
Saint ကငွေစုစာအုပ်ကိုဘေးချပြီး ကျန်တာကိုဆက်ဖွင့်
ကြည့်လိုက်တယ် အထဲမှာ CD ချပ်လေးတစ်ချပ်ကိုတွေ့
ရတယ် အဲ့ဒါကိုဖွင့်ကြည့်ဖို့လက်တွေကတုန်ရီနေပေမယ့်
CD ချပ်ကို အမြန်ထဖွင့်လိုက်တယ်
ဖန်သားပြင်ပေါ်မှာ Perth ကိုယ်တိုင်ရိုက်ထားတဲ့ Video ကို
တွေ့လိုက်ရတယ်
Saint : Perth
Perth : Saint ဒီ Video ကိုမင်းအတွက်ရိုက်ခဲ့တာ ဒါပေမယ့်
မင်းလက်ထဲကိုမရောက်စေချင်ဘူး မင်းငိုနေရင်
Perth ကခဏတာရပ်သွားပြီး သူ့မျက်ဝန်းကမျက်ရည်လေး
တွေစို့လာတော့တယ် ဒါပေမယ့် သူဆက်ပြီးပြုံးနေလိုက်တယ်
Perth : မင်းငိုနေရင် နှစ်သိမ့်ဖို့ကိုရှိတော့မှာမဟုတ်ဘူး
Saint : မဟုတ်ဘူး မဟုတ်ဘူး
Saint ကချက်ချင်းခြေထောက်တွေမခိုင်တော့ဘဲထိုင်ချ
လိုက်တော့တယ် ငိုကြွေးဖို့မျက်ရည်မကျန်လောက်တော့
အောင်ကိုစိတ်ထိခိုက်နေခဲ့တယ်
Perth : ကိုမင်းကိုစတွေ့ခဲ့တဲ့နေ့လေးကို သတိရမိတယ်
ဒီ Video ကိုကြည့်ပြီးတာနဲ့ အဲ့လိုထပ်မလုပ်ဖို့ကတိ
ပေးနိုင်တယ်မလား ကိုမကယ်နိုင်တော့မှာစိုးမိတယ်
အခုလောက်ဆို မင်းလည်းကို့အကြောင်းသိပြီးငိုရင်
ငိုနေလောက်ပြီ ဒါပေမယ့် Saint ကိုမင်းနားကထွက်
သွားရတာ မင်းကြောင့်မဟုတ်ပါဘူး
Saint သတိမမေ့ခင် ကျွန်တော် Plan နဲ့အတူဆေးရုံမှာရှိ
နေခဲ့တယ် ကျွန်တော်တစ်ခါတစ်လေ ဗိုက်ထဲကအောင့်တတ်
လို့တစ်ခါထဲဆေးစစ်ဖို့ဆုံးဖြတ်ထားခဲ့တယ် ပြီးမှအိမ်ကိုပြန်
ခဲ့တာ Saint ကျွန်တော့်လက်ပေါ်မှာမေ့လဲသွားတော့ အဲ့တုန်း
ကရူးမတတ်ခံစားခဲ့ရတယ် သူ့ကိုဒီလိုပုံနဲ့မြင်နေရတာ ရူးမ
တတ်ပ သူ့နေရာမှာကိုသာဖြစ်လိုက်ပါတော့လားလို့ဆု
တောင်းနေမိတယ် ဆရာဝန်ကဆွေးနွေးဖို့အခန်းထဲကိုခေါ်
ခဲ့တယ် သိလိုက်ရတာက Saint ရောဂါကအစားထိုးကုသမှ
ပျောက်ကင်းသွားနိုင်မယ်တဲ့ ဘာလုပ်ရမယ်မှန်းမသိအောင်
ကိုစိတ်ဓာတ်ကျသွားခဲ့တယ်
အိမ်က်ုအမြန်ပြေးပြီး သူ့အိတ်ကိုမွှေနှောက်ရှာခဲ့တယ် ဆေး
ဘူးလေးကိုမြင်လိုက်ရတယ် သူအချိန်တိုင်းသက်သာနေတာ
ဒါလေးကြောင့်လား
Perth : ငါအသုံးမကျဘူး ငါအဲ့လောက်တောင်အသုံးမကျ
တာလား
ကျွန်တော်အဲ့ဆေးဘူးလေးကိုကိုင်ပြီးငိုကြွေးနေခဲ့တယ်
မသိခဲ့ဘူး Saint အတွက်ဒီအရာလေးလိုအပ်နေတာကိုမသိခဲ့ရလောက်အောင်ကျွန်တော်ကို့ကိုယ်ကိုညံ့ဖျင်းလွန်းတယ်လို့
ထင်ခဲ့တယ် ကျွန်တော်သူ့အပေါ်တာဝန်မကျေသလိုခံစားရလို့ ချက်ချင်းမတုံ့ဆိုင်းဘဲ ဆေးစစ်ခဲ့တယ်
ကံတရားကကျွန်တော့်ကို Saint အတွက်မွေးဖွားပေးခဲ့တာလား ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ဆေးစစ်ချက်ကကိုက်ညီ
နေခဲ့တယ် ဒါထူးဆန်းလွန်းတဲ့ကံတရားပဲ
နောက်ထပ်တိုက်ဆိုင်လာတဲ့အရာတစ်ခုက Plan တက်ခဲ့တဲ့
ဆေးရုံကအဖြေလွှာပဲ
Doctor : ဒီကိုကြည့်ပါ အစာအိမ်မှာအကြိတ်တည်သလိုဖြစ်
နေတာ ခွဲစိတ်ရင်တော့ကောင်းသွားမှာပါ အရမ်း
ပူပန်စရာတော့မလိုပါဘူး
ဆရာဝန်ပြောစကားအရ ခွဲစိတ်ရင်ပျောက်ကင်းနိုင်မယ်ဆို
တာသိတယ် ဒါပေမယ့် ကျွန်တော် Saint ကိုအခုလိုပုံစံနဲ့မ
တွေ့ချင်တော့ဘူး ကျွန်တော်တို့နှစ်ယောက်လုံးမှာရွေးချယ်
ရာတစ်ခုပဲရှိနိုင်တယ်
Saint ကိုကယ်မလား ကျွန်တော့်ကိုကျွန်တော်ကယ်မလား
ဒီရွေးချယ်မှုနှစ်ခုကြားမှာ ဘာကိုရွေးချယ်ရမလဲမသိဘူး
သူသတိမေ့နေတဲ့နှစ်ရက်အတွင်းမှာ အဖြေကိုရှာဖွေနေခဲ့တယ် ဘာလုပ်ရမလဲဆိုတဲ့အဖြေ
နောက်ဆုံးတော့ သူ့ကိုပဲကျွန်တော်ရွေးချယ်နိုင်တယ် Plan
ကျွန်တော့်ဆုံးဖြတ်ချက်ကိုကြားကြားချင်းဒေါသထွက်ခဲ့တယ်
Plan : ရူးနေလား မင်းရူးနေတာလား ဟေ့ကောင် ငါမေးနေ
တယ်လေ
Plan က Perth ရဲ့အင်္ကျီကိုဆွဲပြီးစိတ်ဆိုးမာန်စိုးမေးလိုက်
တယ်
Plan : လွန်လွန်းတယ် Perth မင်းဒီလိုဆုံးဖြတ်ချက်ကိုနှစ်
ရက်အတွင်းမှာ ဘယ်လိုများချလိုက်တာလဲ မင်းသူ့
အတွက်ပေးဆပ်ခဲ့တာများနေပါပြီကွာ တန်လို့လား
ထိုက်တန်လို့လား
Plan ရဲ့စကားကိုသူအပြုံးတစ်ချက်နဲ့ပဲတုံ့ပြန်လိုက်တယ်
Perth : တန်တာပေါ့ ငါသူ့ကိုချစ်နေသေးသရွေ့သူကငါ့အ
တွက်တန်ဖိုးရှိလွန်းတယ် Plan
Plan : Perth Perth
Plan လည်း Perth ကိုပဲဖက်ပြီးငိုကြွေးနေခဲ့တယ်
Saint မေ့ဆေးအရှိန်နဲ့ ဖြည်းဖြည်းချင်းမျက်လုံးကမှိတ်သွား
ခဲ့တယ် သူ့လက်ကိုနွေးထွေးတဲ့လက်တစ်စုံကဆုပ်ကိုင်ထား
တယ်လို့ခံစားချက်နဲ့ အိပ်ပျော်သွားခဲ့တယ်
သူခံစားနေရတဲ့နွေးထွေးတဲ့ လက်တစ်စုံက Perth ရဲ့လက်တစ်စုံဖြစ်နေတာကိုမသိခဲ့ဘူး ဘေးချင်းကပ်ယှဉ်ထား
တဲ့ကုတင်တစ်လုံးဆီကနေ Perth ကနောက်ဆုံးအနေနဲ့
သူ့ကောင်လေးရဲ့ လက်တစ်ဖက်ကိုကိုင်ထားပြီးသူမမေ့သွား
ခင် Saint ရဲ့မျက်နှာလေးကိုငေးကြည့်နေခဲ့တယ်
" နောက်ဘဝဆိုတာသာရှိခဲ့ရင် ဒီလိုရက်စက်တဲ့ကံတရား
ကနေ အလှပဆုံးကံတရားကိုပိုင်ဆိုင်ရပါလို၏ "
Perth နောက်ဆုံးမျက်ရည်တစ်စက်နဲ့ အပြုံးတစ်ပွင့်ပဲ Saint
အတွက်ထားနိုင်ခဲ့တယ်
Part 18 ( the end )
Final Episode is coming soon