ကျွန်တော်မသိခဲ့ဘူး ကျွန်တော်တကယ်အသုံးမကျခဲ့ဘူး
သူရောဂါခံစားနေခဲ့ရတာကိုမသိခဲ့ဘူး သူ့မှာရောဂါရှိခဲ့တာကို
မသိဘဲ သူအလုပ်တွေဖိလုပ်နေတာကိုမတားနိုင်ခဲ့ဘူး
Perth ကပြောတယ် သူသေဆုံးရခြင်းကသူ့ကံတရား ကျွန်
တော်နဲ့မဆိုင်ဘူးတဲ့ အဲ့ဒါသူညာတာ သူလိမ်နေတာ ကျွန်တော်သိတယ် သူလိမ်ညာခဲ့တာ
သူ့ရောဂါကပျောက်ကင်းအောင်ကုသလို့ရတယ် ဒါပေမယ့်
ကျွန်တော့်ရောဂါကတစ်ဖြည်းဖြည်းလမ်းဆုံးတော့မယ် အဲ့ဒါကိုသူသိလို့ကျွန်တော့်ကို ကယ်တင်ခဲ့တာ သူသေဆုံးတာကံ
တရားကြောင့်မဟုတ်ဘူး ကျွန်တော့်လိုအသုံးမကျတဲ့သူ
ကြောင့် ကျွန်တော့်လိုကောင်ကြောင့် နောက်ဆုံးအချိန်လေး
သူကျွန်တော့်လက်ကိုဆုပ်ကိုင်ထားတာတောင် အိမ်မက်လို
သဘောထားပြီး အိပ်ပျော်သွားခဲ့တဲ့ ကောင်
Perth အတွက်ဆိုဘာမှမလုပ်ပေးနိုင်ခဲ့တဲ့ ဒီကကောင်ကြောင့်
Saint မနက်ကတွေ့ခဲ့တဲ့ Perth ရဲ့အုတ်ဂူရှေ့ကိုပြေး
သွားပြီးဒူးထောက်လိုက်တယ် သူ့လက်တွေကအုတ်ဂူကိုကိုင်
ပြီးမျက်လုံးတွေကန်းသွားလောက်တဲ့ထိ ငိုကြွေးအော်ဟစ်နေ
ခဲ့တယ်
Saint : တောင်း တောင်းပန်ပါတယ် မသိခဲ့လို့ တောင်းပန်ပါ
တယ် အကြာကြီးထားခဲ့မိတာတောင်းပန်ပါတယ်
တောင်းပန်ပါတယ် Perth
Saint ကသူ့ပါးနှစ်ဖက်လုံးကို လက်ဖဝါးတွေနဲ့နီရဲသွားတဲ့
ထိရိုက်လိုက်တယ် သူအသုံးမကျခဲ့ဘူး သူ့ကိုယ်သူခွင့်မလွှတ်
နိုင်ခဲ့ဘူး
Mean : Plan
Mean က Plan ရှိနေတဲ့အိမ်ကိုအမြန်ပြေးဝင်လာခဲ့တယ်
Plan : ဘာဖြစ်တာလဲ
Mean : Saint ကိုရှာမတွေ့တော့ဘူး ဝိုင်းရှာပေးပါဦး Perth
စိတ်နဲ့သူရူးသွားလိမ့်မယ်
Plan : သူအခုချိန်ဘယ်မှာရှိနေနိုင်မလဲ
နှစ်ယောက်လုံးအသည်းအသန်စဉ်းစားနေပြီးမှ Plan ကအဖြေကိုရှာတွေ့လိုက်မိတယ်
Plan : Perth သူ Perth ဆီသွားတာပဲဖြစ်မယ်
Saint ကအုတ်ဂူပေါ်ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေကိုလက်နဲ့သေချာဖယ်ပြီးရှငိးပေးလိုက်တယ်
" Perth Tanapon " ဆိုတဲ့နာမည်လေးကို အကြာကြီးကိုင်
ကြည့်နေခဲ့မိတယ် သူ့အတွက်ကျဆငိးဖို့မျက်ရည်စက်တွေ
ကမကုန်ခမ်းနိုင်တော့ဘူး
အုတ်ဂူကိုမှီပြီး သူထိုင်ချလိုက်တယ်
Saint : အတူနေရအောင် ထာဝရ
Mean နဲ့ Plan ထင်တဲ့အတိုင်းပဲ Saint က Perth ရဲ့အုတ်
ဂူနားလေးမှာရှိနေတာပဲ Saint ပုံစံကိုကြည့်ပြီးနှစ်ယောက်လုံး
စိတ်ဆင်းရဲနေမိတယ် Saint ရူးသွပ်သွားမှာကိုတောင်စိတ်ပူ
နေရတဲ့ အနေအထားဖြစ်နေပြီလေ
Mean : Saint ထပါ အိမ်ပြန်ရအောင်
Mean ဘယ်လိုခေါ်ခေါ် သူမကြားနိုင်တော့ဘူး ကျောက်ရုပ်
တစ်ရုပ်လိုပဲ Saint ငြိမ်သက်နေခဲ့တယ် သူ့မှာဘာတုံ့ပြန်မှုမှ
မမြင်နိုင်တော့ဘူး
Mean : Saint အိမ်ပြန်မယ်
Mean အတင်းဆွဲခေါ်လည်းအဲ့လက်ကိုသူလွှတ်ချတယ်
Mean : Saint
Plan : Mean အဲ့လိုမအော်နဲ့လေ သူဘယ်လောက်ရင်ကွဲမ
ဆတ်ခံစားနေရမလဲ နားလည်ပေးလိုက်ပါ
Plan က Saint ပခုံးလေးကိုကိုင်ထားလိုက်တယ်
Plan : Saint Perth ကမင်းကိုအိမ်မှာစောင့်နေတယ် အိမ်ပြန်
ရအောင်နော်
Perth ဆိုတဲ့အသံကြားမှ သူပြန်လှည့်ကြည့်လိုက်တယ်
Saint : စောင့်နေတာလား သူ သူအိမ်မှာလား
မျှော်လင့်ချက်ရောင်ခြည်သန်းနေတဲ့မျက်လုံးလေးတွေနဲ့
ကြည့်နေတဲ့ Saint ကိုသူမညာချင်ဘူး Perth မရှိတော့ဘူး
သူအိမ်မှာစောင့်နေတာလည်းမဟုတ်ဘူးဆိုတာသိနေပေမယ့်
Saint ကိုဒီတိုင်းလွှတ်ထားလို့လည်းမဖြစ်ပြန်ဘူး
Plan : ဒါပေါ့ သူကမင်းကိုစောင့်နေတာ မင်းအိမ်မပြန်ဘဲဘာ
လုပ်နေတာလဲ
Saint : Plan သူငါ့ကိုစိတ်ဆိုးနေတော့မယ် Perth ကငါအိမ်
မှာမနေဘဲလျှောက်သွားနေတာသိရင် ဆူတော့မယ်
အိမ်ပြန်ရအောင်နော် အိမ်ပြန်ကြမယ်
Mean သူ့ညီကိုကြည့်ပြီး မျက်ရည်တောင်မထိန်းနိုင်ဘူး
Saint တကယ်ကိုခံစားချက်မဲ့နေပြီ သူ့မှာအသိမရှိတော့ဘူး
Doctor : ခဏတာ စိတ်ကြောင့် Shock ရသွားတာပါ စိတ်ပူ
စရာမရှိပါဘူး
Mean : ကျေးဇူးပါ Doctor သူနိုးလာရင်အဆင်ပြေမှာပါနော်
Doctor : အခုအိပ်ဆေးထိုးပေးထားတယ် နိုးလာတာနဲ့အ
ဆင်ပြေသွားမှာပါ
အလှပဆုံးအိမ်မက်တွေနဲ့ အိပ်ပျော်နေခဲ့တယ်
Perth ကသူ့လက်တွေကိုတွဲပြီး နှစ်ယောက်ထဲကမ္ဘာတစ်ခုမှာ
ပျော်ရွှင်နေတဲ့အိမ်မက်လေးနဲ့ အိပ်ပျော်နေခဲ့တယ်
Saint အိပ်ပျော်နေရင်းပြုံးနေမိတယ် အိမ်မက်ဆိုတာထပ်အ
ပြင်ဘဝမှာတကယ်လို့ ခံစားမိတယ် ဒီအတိုင်းလေးသာဖြစ်
တည်ခဲ့မယ်ဆိုရင်ထာဝရ အိပ်စက်လိုက်ချင်ပြီ
ဒါပေမယ့် အိမ်မက်ဆိုတာကြာကြာမခံပါဘူး သူအိပ်နေရာက
နေနိုးထလာခဲ့တယ် မျက်လုံးကိုဖွင့်ပြီးထကြည့်လိုက်တော့
Mean နဲ့ Plan ကဆိုဖာတစ်ခုစီပေါ်မှာ အိပ်မောကျနေကြတယ် နာရီကိုကြည့်လိုက်တော့မနက် 3 နာရီထိုးနေပြီ သူအချိန်အကြာကြီးအိပ်ပျော်နေခဲ့တာပဲ
Mean တစ်ရေးနိုးလာလို့ Saint ကိုစိတ်ပူပြီးထကြည့်လိုက်
တယ် ချက်ချင်းသူ့မျက်လုံးတွေပြူးကျယ်သွားတယ် Saint
ကိုအိပ်ရာပေါ်မှာမတွေ့ရတော့ဘူး
လမ်းမီးတိုင်တွေရဲ့ အလင်းရောင်ကသူ့ကိုလမ်းပြပေးနေသ
လိုပဲ မီးရောင်တွေတောက်လျှောက်ကိုသူ့ခြေလှမ်းတွေက
အကြာကြီးလျှောက်လာခဲ့တယ် ဖိနပ်လည်းမစီးထားတော့သူ့
ခြေထောက်နုနုလေးတွေက ဒဏ်ရာတွေဖြစ်ပြီးသွေးစလေးတွေတောင်စို့နေတယ် သူဘယ်အထိလမ်းလျှောက်နေတာလဲ
သူတို့စတင်တွေ့ဆုံရာ တံတားလေးကိုတွေ့တာနဲ့ သူ့ခြေ
လှမ်းလေးတွေကို ရပ်တန့်လိုက်တယ် လပြည့်ညကြောင့်လင်း
ထိန်နေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်ရင်းပြုံးလိုက်တယ်
Saint : သဘာဝကြီးက လှလိုက်တာ
ဘာကိုမှမစဉ်းစားတော့ဘူး သူလက်ကိုင်တန်းပြားပေါ်မ တ်တပ်တက်ရပ်လိုက်တယ် မျက်လုံးကိုစုံမှိတ်ပြီး တိုက်ခတ်
လာတဲ့လေညှင်းနဲ့အတူ အောက်ကိုခုန်ဆင်းသွားဖို့စိတ်ကိုအ
သင့်ပြင်ထားလိုက်တော့တယ်
Saint : ချစ်တယ် Perth
" Saint " သူခုန်ချဖို့ပြင်ဆင်လိုက်ချိန်မှာပဲ ခေါ်သံကြောင့်
အနောက်ကိုလှည့်ကြည့်လိုက်တယ် ချက်ချင်းပဲမျက်ရည်
စက်တွေကကျဆင်းလာပြန်တယ်
Perth ကအဖြူရောင်ဝတ်စုံလေးနဲ့ သူ့အနောက်ကိုရောက်လာပြီးပြုံးပြနေတယ်
Perth : ကို့လက်ကိုဆွဲလိုက်ပါ
Perth ကပြုံးပြနေပြီး သူ့လက်တစ်ဖက်ကိုကမ်းပေးလိုက်
တယ် အချိန်ကြာတဲ့အထိသူ့လက်ကိုကမ်းထားဆဲပဲ
Perth : ဆင်းလာခဲ့ပါ
Saint ကသူ့ရှေ့ကလက်ကိုဆွဲပြီး အောက်ကိုပြန်ဆင်းလာ
ခဲ့တယ် သူတကယ်ကို Perth ရဲ့လက်ကိုကိုင်လိုက်ရသလိုခံစားရတယ် ဒါပေမယ့် ဘာစကားမှမပြောနိုင်တော့ဘူး
Perth က Saint ရဲ့နှလုံးသားရှိရာရင်ဘတ်ကိုလက်လေးနဲ့ကိုင်လိုက်တယ်
Perth : နားထောင်လို့ကောင်းလိုက်တာ မင်းရဲ့နှလုံးခုန်သံက
နားထောင်ကောင်းတယ်
Saint : Perth
Perth : ဘာလို့ ဒီလိုလုပ်ဖို့ကြိုးစားနေတာလဲ ဒီနှလုံးခုန်သံ
လေးကိုအမြဲကြားချင်နေတာ ဘာလို့ရပ်တန့်သွား
အောင်လုပ်ချင်ရတာလဲ
Saint : Perth အတူတူနေချင်တယ် Perth နဲ့ပဲအတူနေချင်
တယ် အတူနေရအောင်နော်
Perth : မင်းမသိလို့ပါ ကိုတို့အမြဲအတူရှိနေတယ်လေ မင်းရဲ့
နှလုံးသားရှင်သန်နေသရွေ့ ကိုတို့အတူရှိနေတယ်
ကိုကမင်းအနားမှာအမြဲရှိနေတယ် ယုံကြည်တယ်
မလား
Saint : ယုံကြည်တယ် Perth ကိုယုံကြည်တယ် ပြီးတော့
တောင်းပန်ပါတယ်
Perth ကအခုထိအပြုံးမပျက်ခဲ့ဘူး သူ့အပြုံးလေးတွေနဲ့
Saint ရဲ့နဖူးပြင်လေးကိုနမ်းလိုက်တယ်
Perth : ကို့ကိုချစ်တယ်ဆိုရင် ကိုတို့နှစ်ယောက်ရဲ့ကိုယ်ပိုင်
နှလုံးသားလေးကိုမဖျက်ဆီးပါနဲ့ Saint ဒါကကိုတို့ရဲ့
ထာဝရရှင်သန်ရာလေ
Saint : မဟုတ်ဘူး
Perth : ကတိပေးပါ ထာဝရဒီနှလုံးသားကိုစောင့်ရှောက်ပါ့
မယ်လို့ကတိပေးပါ ကိုပြုံးနေတာကိုမြင်ချငိရင် ကို့ကို
ချစ်ရင်ကတိပေးပါ
Saint ကငိုပြီးအတင်းငြင်းဆန်ခေါင်းခါခဲ့တယ်
Saint : အတူသွားရအောင် အတူတူ
Perth : ကိုမင်းကိုချစ်တယ် Saint ကတိပေးပါ ကို့ကိုမချစ်
ဘူးလား
Saint : Perth ကိုအရမ်းချစ်ပါတယ်
" Saint " Mean ကသူ့နာမည်ကိုအော်ခေါ်ပြီးပြေးလာနေလို့ အနောက်ကိုလှည့်ကြည့်လိုက်မိတယ်
Mean : ဘာလို့လျှောက်သွားနေရတာလဲ
တစ်ဖက်ကိုပြန်လှည့်ကြည့်လိုက်တော့ Perth ကိုမတွေ့ရတော့ဘူး Saint ထိုင်လျှက်ပဲငိုချလိုက်တော့တယ်
သူ့ရင်ဘတ်ကိုဖိပြီး အားနဲ့ငိုချလိုက်တော့တယ်
မနက်နေထွက်ချိန်လောက်ထိ သူဒီတိုင်းထိုင်နေခဲ့တယ်
Saint : အိမ်ပြန်ရအောင် အကို
Saint ကမတ်တပ်ရပ်လိုက်ပြီး Mean နဲ့အတူအိမ်ပြန်လမ်း
ကိုပြန်လျှောက်လှမ်းခဲ့တယ်
စိတ်ချပါ Perth ရဲ့နှလုံးသားကကျွန်တော်နဲ့ရှိနေသရွေ့ရှင်သန်နေရမယ် Perth ပေးဆပ်ခဲ့တဲ့အရာကို ကျွန်တော်ထပ်ပြီး
သတ်ဖို့မကြိုးစားတော့ပါဘူး Perth တောင်းခဲ့တဲ့ကတိကိုထာဝရရှင်သန်နေသရွေ့ စောင့်တည်ပေးပါ့မယ် ယုံကြည်တယ်
ဘယ်အချိန်ထိဖြစ်ဖြစ် ကျွန်တော့်ကိုစောင့်နေမယိဆိုတာယုံ
ကြည်တယ် တစ်ချိန်ချိန်ကျရင် Perth ဆီအရောက်လာခဲ့ပါ့
မယ် စောင့်နေပေးပါ
အရမ်းချစ်တယ် ချစ်တယ်ဆိုတာထပ်ပိုလှပတဲ့စကားလုံး
ရှိရင်တောင်ပြောချင်လောက်အောင် ချစ်ပါတယ်
The End
Thanks all of my readers ......... How About your
Feeling ❤️❤️❤️❤️❤️