Saint မျက်လုံးတွေဖွင့်ပြီးနိုးထလာတော့ သူမြင်ချင်ခဲ့တဲ့
သူကိုမမြင်ရဘူး သေချာကြည့်တဲ့ထိ Perth ကိုမတွေ့ရဘူး
Plan ကိုပဲမြင်ရတယ်
Plan : Saint မင်းသတိရလာပြီလား
Saint ကထဖို့လုပ်လိုက်ပေမယ့် Plan ကအတင်းသူ့ကို
ပြန်လှဲချလိုက်တယ်
Plan : အေးဆေးလှဲနေပါ
Saint : ငါဘယ်ရောက်နေတာလဲ
Plan : ဆေးရုံလေ မင်းသတိမေ့နေတာ နှစ်ရက်ရှိပြီ
Saint : Perth ရော
Plan : ခဏနေလာလိမ့်မယ် သူမင်းအကိုနဲ့အဆက်အသွယ်
ရလို့သွားခေါ်တယ်
Perth က Mean ကိုလေဆိပ်မှာသွားခေါ်ပြီး ဆေးရုံကိုပဲ
ချက်ချင်းပြန်လာခဲ့တယ် Mean ကိုတောင်မကြည့်နိုင်ပါဘူး
Saint ကအခန်းထဲဝင်လာတဲ့ Perth ကိုငေးကြည့်နေခဲ့ပြီးပြုံး
နေခဲ့တယ် ဒါပေမယ့် ဘာလို့သူ့ကိုပြန်မပြုံးပြရတာလဲ
Perth ကအကြည့်ကိုရှောင်လွှဲလိုက်ပြီး စားပွဲပေါ်ကဆေးတွေ
ကိုစစ်ပေးနေတယ်
Mean : နေလို့ကောင်းရဲ့လား
Saint : ဟုတ်ကဲ့ အကို
Mean : အကို့အလုပ်တွေအဆင်ပြေနေပြီ မင်းတို့ပူနေစရာ
မလိုတော့ဘူး
Saint : တကယ်လား
Saint စိတ်ထဲမှာအကြီးကြီးပျော်မိတာပေါ့ သူတို့အဆင်ပြေ
ပြီဆို Perth အလုပ်ကိုပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ဘူး
လေ
Perth : အပြင်ခဏသွားလိုက်ဦးမယ်
Saint : Perth
Perth ကချက်ချင်းလှည့်မကြည့်ဘဲထွက်သွားတယ်
သူဘာဖြစ်နေတာလဲ စိတ်ဆိုးစရာတစ်ခုခုရှိနေလို့လား အရင်
ကဆိုကျွန်တော်တစ်ခုခုဖြစ်နေရင်တောင် လုံးဝမနေတတ်တဲ့
သူက အခုဘာလို့အနားကိုတောင်မလာရတာလဲ
Mean : Saint အိပ်ပြီးနားလိုက်ဦး အကိုအပြင်သွားဖို့ရှိလို့
Mean လည်းဆေးရုံကနေထွက်လာပြီး ကော်ဖီဆိုင်တစ်ခု
ကိုဝင်လာခဲ့တယ်
ဘာလို့ သူ Perth နဲ့နှစ်ယောက်ထဲလာတွေ့ရတာလဲ
Mean : မင်းဘာပြောချင်တာရှိလို့လဲ
Perth : မင်းအဆင်ပြေနေပြီဆိုတော့ Saint ကိုပြန်ခေါ်သွား
လိုက်ပါ
Perth တည့်တည့်ပြောချလိုက်တဲ့ စကားက Mean ကိုတောင်တုန်လှုပ်သွားစေတယ်
Mean : ဘာ မင်းငါ့ကိုခေါ်တာဒီစကားပြောဖို့လား
Perth : ဟုတ်တယ် ငါပင်ပန်းနေပြီ သူ့အတွက်ရုန်းကန်နေရ
တာပင်ပန်းနေပြီ ဒါကြောင့်
Perth ကပြောနေရင်း သူ့မျက်လုံးကိုစုံမှိတ်ထားလိုက်တယ်
Perth : သူ့ကို ငါ့အနားကခေါ်သွားပေးပါ
Mean ကစိတ်တိုပြီးချကိချင်းထလိုက်တယ်
Mean : ငါကတော့စိတ်ကူးခဲ့တာ ငါအခုပြန်လာပြီးမင်းတို့နှစိ
ယောက်ကို ပြည့်စုံအောင်ထားမယ်စိတ်ကူးလာတာ
အခုတော့ မင်းကသူ့ကို
Perth : ငါတစ်ခြားမိန်းကလေးတစ်ယောက်နဲ့ပဲ ငါ့ဘဝကို
အေးဆေးဖြတ်သန်းချင်တော့တယ် သာမန်မိသား
စုဘဝလေး
Mean : Perth
Perth : ငါလည်းဒီနေ့ပဲ သူ့ကိုပြောမှာပါ ဒါကြောင့် သူ့ကိုပြန်
ခေါ်သွားပေးပါ
Mean : ရတယ် မင်းမရှိလည်းသူ့ဘဝကိုအေးချမ်းအောင်
ထားနိုင်တယ် Perth
Mean ကဆိုင်ထဲကနေအမြန်ထွက်သွားလိုက်တယ်
ဒီမှာဆက်နေရင် သူ Perth ကိုတစ်ခုခုလုပ်မိတော့မယ်
Saint အနားမှာ Plan ပဲရှိနေခဲ့တယ် နေ့လည်တောင်
ရောက်နေပြီ Perth အခုထိသူ့ဆီမလာသေးဘူး မျှော်ရ
လွန်းလို့လည်းမောနေပါပြီ
Plan : Saint မင်းဒါလေးစားလိုက်ဦးလေ
တံခါးပွင့်သွားတာ မြင်တော့ချက်ချင်းလှမ်းကြည့်လိုက်
တယ် ဒါပေမယ့် ဝင်လာတာက Mean ပဲ သူစောင့်နေတဲ့
သူမဟုတ်တော့ ပြန်ပြီးမျက်နှာလေးကငယ်သွားတယ်
Plan : ရောက်လာတာအတော်ပဲ ပြောပါဦး ဆေးသောက်
ဖို့ကိုမစားဘူး ဒီတိုင်းထိုင်နေတယ်
Mean : Saint မစားဘဲဘာလုပ်နေတာလဲ
Saint : Perth ကိုခေါ်ပေးပါ သူဘယ်သွားနေတာလဲ
ကျွန်တော့်အနားကိုမလာဘဲ သူဘယ်သွားနေတာ
လဲ Plan ဖုန်းဆက်ပေးပါ
Mean : Saint Perth က
Saint : ဆက်ပြောလေ Perth ဘာဖြစ်လဲ
Mean : သူက
သူမင်းကိုထားခဲ့ပြီလို့ပြောဖို့ကြံရွယ်နေပေမယ့် ပြောမ
ထွက်ခဲ့ဘူး Saint ရဲ့ Perth ကိုမျှော်နေတဲ့မျက်နှာလေးကြောင့်မပြောရက်ခဲ့ဘူး ညီလေးကိုငယ်ငယ်ထဲကပြစ်ထားခဲ့တယ်
ဆိုတာလည်း အဖေ အမေရဲ့အတ္တ လောဘတွေကြောင့်ပါ
သူ့ကိုမချစ်ခဲ့တာမဟုတ်ပါဘူး
Plan : Perth လာပြီ
Perth အခန်းထဲဝင်လာတော့ Saint မျက်နှာလေးပြုံးရွှင်
သွားတယ်
Saint : Perth ကိုစောင့်နေတာ ဘာတွေအရေးကြီးလို့လဲ
တစ်ခုခုကိစ္စရှိလို့လား
Perth : မဟုတ်ပါဘူး ဘာလို့ ဆန်ပြုတ်မသောက်တာလဲ
မင်းကျန်းမာရေးကိုသတိထားသင့်တယ်
Saint : Perth ကိုစောင့်နေတာပါ Perth မပြန်လာမချင်းနေ
လို့မကောင်းဘူး ဘယ်လိုစားဝင်မှာလဲ
Plan ကအလိုက်တသိအခန်းထဲကနေထွက်သွားလိုက်တယ် Mean လည်း Perth ကိုစိမ်းစိမ်းကားကားကြည့်ပြီးမှအခန်းထဲကထွက်သွားလိုက်တယ်
Perth ကစားပွဲပေါ်ပန်းကန်နဲ့ရေခွက်ကအစ အဆင်သင့်ချ
ပေးလိုက်တယ်
Saint : အခုစားမယ်လေနော်
Perth ကသူစားပြီးတဲ့ထိဘာတစ်ခွန်းမှမပြောဘဲ ဒီတိုင်းပဲ
ကြည့်နေခဲ့တယ်
Perth : ဆေးသောက်လိုက်ဦး
Saint ကစားလို့လည်းပြီး ဆေးလည်းသောက်ပြီးတော့
Perth ကိုပြုံးပြီးကြည့်နေလိုက်တယ်
Saint : ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူး နေမ
ကောင်းဘူးလား
Perth : Saint
Saint : inn ပြောလေ
Perth : ကိုတို့ လမ်းခွဲရအောင်
လမ်းခွဲကြမယ်ဆိုတဲ့စကားက Saint ကိုတုန်လှုပ်သွားစေ
မိတယ်
Saint : ဘာ အခုဘာပြောလိုက်တာလဲ
Perth : လမ်းခွဲရအောင်
သူနားကြားမှားလိုက်တယ်ထင်တာ ဒါပေမယ့် Perth ကတ
ကယ်ကြီးပြောနေတာပဲ ဘာပြန်ပြောရမလဲမသိတော့ဘူး
မျက်ရည်စတွေကအလိုလိုကျလာတာပဲသိတော့တယ်
Perth : ကိုတို့ လမ်းခွဲရအောင်
ထပ်မပြောပါနဲ့တော့ တစ်ခါပြောတိုင်းတစ်ခါလိုလိုခံစားရ
လို့ပါ
Perth : ကိုပင်ပန်းနေပြီ မင်းလည်းသိမှာပါ ငါတို့နှစ်ယောက်
လုံးပင်ပန်းနေကြပြီလေ
Saint က Perth အနားကိုတိုးသွားပြီးလက်လေးကိုဆုပ်ကိုင်လိုက်တယ်
Saint : ဘာတွေပြောနေတာလဲ အခုအကိုကအလုပ်အဆင်
ပြေနေပြီလေ ကျွန်တော်တို့ဘဝကအေးဆေးနေရ
တော့မှာလေ ပျော်ရွှင်တဲ့မိသားစုဘဝလေးနဲ့
Perth : Saint ကိုချမ်းသာမှုကိုမလိုချင်ဘူး မင်းနဲ့နေရင်းကမှ
သိလာတာက ကိုပင်ပန်းနေပြီဆိုတာပဲ
Saint : မဟုတ်ဘူး Perth အခုလိုပြောနေတာအကြောင်းတစ်
ခုခုရှိနေတာသေချာတယ် ဟုတ်တယ်မလား ဟင်
မျက်နှာလွှဲထားတဲ့ perth ရဲ့မျက်နှာလေးနားကို Saintက
အတင်းကပ်ပြောလိုက်တယ် Perth မျက်နှာကိုပဲလိုက်ကြည့်
နေခဲ့တယ်
Perth : မဟုတ်ဘူး ကိုမင်းနားမှာမနေနိုင်တော့ဘူး
Saint : ဘာလို့လဲ ကျွန်တော်ဘာအမှားများလုပ်မိလို့လဲ ပြော
ပါ အမှားရှိရင်ပြင်နိုင်ပါတယ် Perth လိုတာကိုပြောပါ
ရိုက်ချင်လည်းရိုက်ပါ အော်ချင်လည်းအော်လိုက်ပါ
အဲ့လိုတော့မလုပ်ပါနဲ့ အဲ့လိုကြီးမပြောလိုက်ပါနဲ့
Saint ကအတင်းကိုငိုယိုပြီးအော်ပြောနေတော့တယ်
Perth : Saint တော်တော့ တော်လိုက်တော့
Perth ထအော်လိုက်လို့ သူလန့်ပြီးငိုနေရာကရပ်တန့်သွား
ခဲ့တယ်
Perth : မင်းပြောခဲ့တယ်လေ ငါပင်ပန်းနေတာမင်းသိတယ်ဆို
မင်းပဲငါ့အတွက်စိတ်မကောင်းဘူးဆို မင်းပြောတာ
ကိုမင်းမေ့နေတာလား
Saint : တောင်းပန်ပါတယ် တောင်းပန်ပါတယ် အခုကျွန်
တော်ပြန်ပေးဆပ်ပါ့မယ် ဒါကြောင့် မထားခဲ့ပါနဲ့
Perth ကသူ့လက်ကိုဆုပ်ကိုင်ထားတဲ့ Saint လက်ကိုလွှတ်
လိုက်တယ်
Perth : မှတ်ထားပါ ငါတို့ဒီနေ့ကစပြီးဘာမှမသက်ဆိုင်တော့
ဘူး မင်းအေးချမ်းတဲ့ဘဝမှာနေပါ
Saint : မဟုတ်ဘူး မဟုတ်ဘူး
Perth : ငါပင်ပန်းလွန်းလို့ ငါ့ဘဝကိုပုံမှန်လေးပဲဖြတ်သန်းပါရ
စေ ငါ့ကိုမေ့လိုက်ပါတော့
Perth ကချက်ချင်းအခန်းထဲကပြေးထွက်သွားတယ် Saint
ကငိုယိုပြီး သူ့လက်မှာသွင်းထားတဲ့ဆေးထိုးအပ်ကိုဆွဲဖြုတ်
ပြီး Perth နောက်လိုက်ဖို့အမြန်ထလိုက်တယ်
ဒါပေမယ့် သူ့ရင်ထဲကမောဟိုက်တဲ့ဒဏ်ကြောင့်ပြေးမလိုက်နိုင်ခဲ့ဘဲ တံခါးဝမှာတင်လဲကျသွားခဲ့တယ်
Saint : Perth ပြန်လာပေးပါ
Part 15 ( the end )