Plan ကတံခါးခေါက်သံကြားလို့ အိမ်တံခါးသော့ကိုအထဲကနေဖွင့်ပေးလိုက်တယ် ဒါပေမယ့် သူထင်ထားသလို Perth
တစ်ယောက်ထဲအိမ်ပြန်လာတာမဟုတ်ဘဲနဲ့ Saint ရဲ့လက်ကိုပါတွဲခေါ်လာတာမြင်လိုက်တော့ အံ့သြနေမိတယ်
Perth : မင်းဘာလို့အဲ့လိုကြည့်နေတာလဲ
Plan : မင်းတို ဘယ်လို
Saint ကိုကြည့်လိုက်တော့လည်း Luggage ကြီးနဲ့
Plan : မင်း Saint ကိုခိုးလာတာလား
Perth က Plan ခေါင်းကိုရိုက်လိုက်တယ်
Plan : နာတယ်ကွ ငါအကောင်းမေးနေတာ
Perth : ဒီနေ့ကစပြီးသူငါတို့နဲ့နေလိမ့်မယ်
Plan : ဟမ်
Perth က Saint ရဲ့ Luggage ကိုအထဲကိုယူသွားပေး
လိုက်တယ်
Saint : ဘာဖြစ်လို့လဲ Plan ကျွန်တော်ဒီမှာနေဖို့ပြသနာရှိနေ
လို့လား
Plan : မဟုတ်ပါဘူး မင်းလိုသူဌေးသားလေးကအတူနေမယ်
ဆိုတော့ အံ့သြတာထက်ပိုသွားလို့ပါ
Saint : အော် စိတ်မပူပါနဲ့ ကျွန်တော်နေနိုင်ပါတယ်
Perth က Saint ရဲ့လက်ကိုအတင်းဆွဲပြီးအထဲကိုခေါ်လိုက်တယ်
Perth : မင်းနေသိပ်ကောင်းတာလည်းမဟုတ်ဘူး နားလိုက်
ဦး
Plan : Perth ငါအလုပ်ရှိသေးတယ် သွားလိုက်ဦးမယ်
Saint ကအခန်းကိုပတ်ကြည့်ပြီးပြုံးနေမိတယ်
Perth : ဘာလို့အဲ့လိုပြုံးနေရတာလဲ အခန်းကမင်းအိမ်က
ဧည့်ခန်းလောက်တောင်မကျယ်လို့လား
Saint : မဟုတ်ပါဘူး ပျော်လို့ပါ
Saint က Perth လက်မောင်းလေးကိုချိတ်ပြီးခေါင်းလေးမှီရင်းတွယ်ကပ်နေလိုက်တယ်
Saint : တို့တွေကညားခါစ အတွဲလိုပဲနော် ဘယ်လောက်သာ
ယာစရာကောင်းလိုက်လဲ ကျွန်တော်တော့ပျော်တယ်
Perth : ဒါနဲ့ မင်း Mean ကိုဘယ်လိုပြောပြီးပြန်လှည့်လာတာ
လဲ
လေယာဉ်ကြီးကိုစမြင်လိုက်တာနဲ့ လျှောက်နေတဲ့ Saint ရဲ့
ခြေလှမ်းတွေကရပ်သွားတယ် သူ့အတွေးထဲမှာ ကျန်ရစ်နေခဲ့တဲ့ Perth ရဲ့မျက်နှာကိုပဲမြင်ယောင်နေမိတယ်
Mean : လာလေ
Saint : တောင်းပန်ပါတယ် အကို ကျွန်တော်သူ့ကိုမထားခဲ့
နိုင်ဘူး
Saint ကစိတ်ပိုင်းဖြတ်ပြီး နောက်ပြန်လှည့်လိုက်တယ်
Mean : Saint နောင်တမရဘူးဆိုတာသေချာလား မင်းချမ်း
သာမှုနဲ့ သူ့ကိုလဲနိုင်တာသေချာလား
Saint : စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမယ့် သူရှိနေ
တာကကျွန်တော့်အတွက်ချမ်းသာမှုပါပဲ အကို့ကိုကျွန်
တော်ဆက်သွယ်လိုက်ပါ့မယ်
Saint ကချက်ချင်းအမြန်ပြန်ပြေးလာခဲ့တယ် အရာအားလုံးနဲ့လဲပြီးသူ့ရင်ခွင်ဆီပြေးလာဖို့ပဲတောငိ့တနေတာပါ
Perth : ဘာလို့အဲ့လိုလုပ်ရတာလဲ
Saint : ကျွန်တော်ထွက်သွားရင် Perth ငိုနေမယ်ဆိုတာ
စိတ်ထဲကအလိုလိုခံစားနေမိတယ် ဒါကြောင့် အထီး
ကျန်နေမှာစိုးလို့ တစ်ယောက်ထဲအားငယ်နေမှာစိုးလို့
ကျွန်တော့်ကိုသတိရနေမှာစိုးလို့ မထားခဲ့ရက်ဘူး
Perth က Saint ရဲ့ပါးလေးတစ်ဖက်ကိုကိုင်ပြီး မျက်နှာလေးကိုအချစ်တွေအပြည့်နဲ့ ကြည့်နေလိုက်တယ်
Saint : အဲ့လိုကြည့်မနေပါနဲ့
Perth : ဘာလို့လဲ
Saint : ပိုချစ်မိသွားမှာစိုးလို့
နှစ်ယောက်လုံးပြုံးကြည့်နေပြီးတော့မှ Perth က Saint အ
နားကိုဖြည်းဖြည်းချင်းကပ်သွားပြီး နှုတ်ခမ်းလေးကိုနမ်းလိုက်တယ်
Plan : ဟေး ဘာလုပ်နေတာလဲ
Perth : ပြန်ရောက်လာပြီလား အတော်ပဲ Saint အိပ်နေတုန်း
သူစားဖို့တစ်ခုခုသွားဝယ်ပေးမလို့
Plan ကသူ့လက်ထဲကဘူးတွေကိုမြင်အောင်ထောင်ပြီး
ကိုင်ပြလိုက်တယ်
Plan : လုပ်မနေနဲ့ ငါအကြောင်းသိလို့ဝယ်လာတယ်
Perth : ကျေးဇူးတင်ပါတယ်ကွာ ဒါနဲ့ Plan ငါ့အတွက်အလုပ်
သစ်ရှာပေးပါဦး
Plan : ဘာလို့လဲ မင်းအခုကော်ဖီဆိုင်မှာလုပ်နေတာကို
Perth : အဲ့တစ်ခုနဲ့တင်းတိမ်နေလို့မရဘူးလေ အခုဆို Saint
ရှိနေပြီ ငါသူ့ကိုအကောင်းဆုံးအရာတွေပဲပေးချင်
တယ် အလုပ်နှစ်ခုလောက်လုပ်မှပိုက်ဆံပိုစုနိုင်မှာ
လုပ်ပါကွာ
Saint ကနိုးလာပြီး တံခါးအပေါက်လေးကနေ သူတို့ပြော
တာတွေကိုနားထောင်နေခဲ့တယ်
Plan : မင်းလည်းဘယ်ဘဝက အကြွေးကိုလာဆပ်နေတာလဲ
မသိဘူးနော်
Perth : ဘာဖြစ်လို့လဲကွ
Plan : Suu တုန်းကလည်းမင်းမှာမူးမေ့လောက်တဲ့ထိအလုပ်
တွေလုပ်ရတယ် အခုတော့တစ်ယောက်ထဲမို့လို့အေး
ဆေးနားရပြီလားမှတ်တယ် တစ်ယောက်ကထပ်တိုး
Perth က Plan ရဲ့ပါးစပ်ကိုလက်နဲ့အမြန်ပိတ်ထားလိုက်တယ်
Perth : တိုးတိုးပြောပါကွ Saint ကြားသွားဦးမယ်
Plan : ငါကအကောင်းပြောနေတာ အမှန်တရားလေ
Perth : တော်ပါတော့ ငါပြောတာသာလုပ်ပေးပါ Saint အ
တွက်မုန့်တွေသွားထည့်လိုက်ဦးမယ်
Siant ကနားထောင်နေရင်းနဲ့မျက်ရည်ကျမတတ်ကိုစိတ်
မကောင်းဖြစ်မိတယ် သူက Perth အတွက်လူပိုတစ်ယောက်
လိုဖြစ်နေပြီလား ဘာမှအကူအညီမပေးနိုင်တဲ့အပြင်သူ့ကြောင့်ပါ Perth ပင်ပန်းနေရတော့မှာလား
Perth : Saint
Perth အသံကြားတာနဲ့ Saint ကအိပ်ချင်ယောင်ပြန်
ဆောင်နေလိုက်တယ်
Perth : အိပ်နေတုန်းပဲလား ဟင်းတွေတော့အေးကုန်တော့
မယ် ရပါတယ် ပြီးမှပြန်နွေးပေးလိုက်မယ်
Saint အိပ်နေတာလေးကိုအသည်းယားလို့ Perth ကသူ့
နဖူးလေးကိုနမ်းပြီးအပြင်ကိုပြန်ထွက်သွားလိုက်တယ်
Saint ကကြိတ်ငိုနေမိတယ် သူလည်း Perth အတွက်တစ်ခုခု
လုပ်ပေးချင်တယ်
" တီ တီ " Mean ဆီကဖုန်းကြောင့်သူထပြီးကိုင်လိုက်တယ်
Saint : အကို အခြေအနေကောင်းရဲ့လား အဆင်မပြေဘူး
လား ဒါဆို အကိုလည်းပင်ပန်းနေမှာပဲ ကျွန်တော့်အ
တွက်စိတ်မပူပါနဲ့ အဆင်ပြေနေပါတယ် ဟုတ်ကဲ့
ဒါပဲနော်
Perth ကအခန်းထဲကိုပြန်ဝင်လာတယ်
Perth : Mean ဆီကလား
Saint : ဟုတ်တယ်
Perth : အဆင်မပြေဘူးလား
Saint : ရှယ်ယာရှင်တွေက ရှယ်ယာတွေပြန်တောင်းနေလို့
ဒေဝါလီခံမရလိုတောင်ဖြစ်နေတယိတဲ့ အကိုလည်း
ကြိုးစားနေပါတယ်
Perth က Saint ရဲ့လက်လေးကိုကိုင်ထားလိုက်တယ်
Perth : စိတ်မညစ်ပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ
Saint : inn Perth ရှိနေတာပဲ စိတ်မညစ်ပါဘူး
Perth : ဗိုက်ဆာနေတယ်မလား ကိုပြန်နွေးပေးမယ် အေး
ကုန်ပြီထင်တယ်
Saint : ရပါတယ် ဒီတိုင်းစားလို့ရပါတယ် Perth ပင်ပန်းပါ
တယ် မလုပ်ပါနဲ့
Perth : ကိုကငယ်ငယ်ထဲကကြံ့ကြံ့ခံနိုင်တဲ့သူပါနော် မင်းအ
ဆင်ပြေဖို့ပဲလိုတယ်
Saint : အခုအများကြီးအဆင်ပြေနေပါတယ် အတူစားမယ်
Perth : ခဏနေ ကိုအလုပ်သွားရမယ် ကော်ဖီဆိုင်ကညနေ
ပိုင်းဂျူတီရှိတယ်လေ
Saint : Inn ဂရုစိုက်သွားဦး ဘယ်တော့ပြန်လာမှာလဲ
Perth : ည 8 လောက်ဆိုပြန်ရောက်မှာပါ အိပ်ချင်ရင်စောင့်
မနေနဲ့နော် အိပ်နှင့်လိုက်
Saint : မအိပ်ချင်ပါဘူး အစောကြီးကို Perth သာမြန်မြန်ပြန်
လာခဲ့နော်
ကလေးလေးလိုကပ်ချွဲနေတဲ့ Saint ကချစ်ဖို့ကောင်းလွန်းလို့မရီဘဲနဲ့ကိုမနေနိုင်တော့ဘူး
Perth : အမယ်လေး ချစ်ဖို့ကောင်းလိုက်တာ ကိုသွားတော့
မယ် တော်ကြာမင်းဆွဲအားကောင်းလို့ မသွားနိုင်ဘဲ
နေနေဦးမယ်
Saint : Perth နော် စားပြီးတာနဲ့သွားတော့ နောက်ကျနေ
မယ်
Saint က Perth ကိုစောင့်နေရင်းနဲ့ သူ့အိတ်ထဲကဆေးဘူး
ကိုထုတ်လိုက်တယ်
နေ့တိုင်းသောက်နေရတဲ့ဆေးက ရီကြည့်တော့တစ်ပတ်စာ
လောက်ပဲကျန်တော့ပါလား ဒီဆေးကဈေးကြီးလွန်းတယ်
Perth ကိုပြောလိုက်ရင်တော့ မရရအောင်ဝယ်ပေးမှာ
ဘယ်လိုလုပ်ရမလဲ ငါပိုက်ဆံဘယ်လိုရှာရမလဲ ဆေးကအ
ကြာကြီးပျက်လို့လည်းမရဘူး Perth ကိုလည်းဝန်ထုပ်ထပ်ပြီး
မပိစေချင်တော့ဘူး
Part 10 ( the end )