Part 11💓

3.7K 309 2
                                    

unicode version

Lisaတယောက် ကျောင်းဆင်းတော့ အတန်းမပြန်သေးဘဲ မမအတန်းရှေ့မှာ ရပ်စောင့်နေပါသည် မမတို့က အတန်းမပြီးသေးပါဘူး lisaက အတန်းရှေ့မှာ ရပ်စောင့်နေတယ်

"အဲ့လောက်ကြီး စပ်ဖြဲမနေနဲ့ မမလီ"

Jihyoက သူ့ကိုပြောလဲ သူကစပ်ဖြဲဖြဲပင်။

သူက မမကို တံခါးပေါက်ကနေ ကြည့်ပီး သဘောတွေကျနေပါတယ်

"အဲ့လောက်ကြီး ကြည့်မနေနဲ့ မမရေ အထဲကလူတွေ မြင်သွားလိမ့်မယ်ဟဲ့"

"အော် အင်း အင်း"

Jennieပြောမှ သူက အတန်းဘေးတွင် ရပ်ကာ စောင့်နေပါသည်

"နင်တကယ် ဒီနေ့ မမအိမ်လိုက်သွားဦးမလို့လား"

"အင်း ဒီနေ့ မရရအောင် လိုက်သွားမယ်လို့ စဉ်းစားထားတယ်"

Jennieက စိတ်ပျက်နေတဲ့ပုံစံ လုပ်ပြသည် ၁၀မိနစ်လောက်ကြာတော့ မမတို့ အတန်းဆင်းသည် မမက နောက်ဆုံးမှ သူ့သူငယ်ချင်း တသိုက်နဲ့ ထွက်လာပါသည်

မမက lisaကို မြင်တော့ အံသြသွားပီး

"ကလေး ဘာလုပ်နေတာလဲ"

"မမကို စောင့်နေတာ"

"မမကို?"

"အင်း"

"ဘာလို့လဲ"

"သမီး ဒီနေ့ မမအိမ်လိုက်လို့ ရတယ်မလား စာမေးစရာရှိလို့"

Lisaက အဲ့လိုပြောတော့ မမသူငယ်ချင်းတွေက ဟင်းခနဲ ဟာခနဲ ဖြစ်သွားလေသည် မမသူငယ်ချင်းတွေထဲမှာ lisa ကြည့်မရတဲ့တယောက်ကိုတော့မတွေ့ ကျောင်းမလာတာနေမှာပေါ့

jihyoကတော့ "ငါသိနေတယ်နော်" ပုံစံလုပ်ပြပါသည်

"အင်းရတယ်လေ လိုက်ခဲ့"

မမကပြောပီး ရှေ့ကထွက်လာတော့ lisaက နောက်က လိုက်ခဲ့ပါသည်

မမနဲ့အတူ လျှောက်လာရင်း မမနေတဲ့ နေရာဆီ ရောက်လာပါသည်

မမနေတာက တိုက်ခန်းပါ မမရဲ့ တိုက်ခန်းထဲ ရောက်တော့

"ကလေး ဒီမှာ ခဏ စောင့်နေဦးနော် တို့ အဝတ်လဲလိုက်ဦးမယ်"

မမပြောတာကို lisa ခေါင်းညိတ်ပြလိုက်ပါသည်

ဧည့်ခန်းထဲမှာ ပရိဘောက နည်းနည်းပဲရှိပီး စာအုပ်စင်လည်း ရှိပါသည် စာအုပ်စင်ကို ကြည့်လိုက်တော့ စာအုပ်တွေမှ အများကြီး

မမ💓 (Lisoo)Where stories live. Discover now