Part 41💓

3.4K 252 18
                                        


unicode version

မနက်မိုးလင်းတာနဲ့ lisaမှာ အမြန် မမပြင်ထားတဲ့ မနက်စာကို စားလိုက်ပီး ကုမ္ပဏီကို သွားရသည်

ကုမ္ပဏီကို ရောက်တော့ အဝင်အတွက် ငွေစာရင်းတွေကိူ check လုပ်ရသည်

အတွင်းရေးမှူးလီပေးသော အချက်အလက်ကို ကြည့်ပီး လီဆာ ထောင်းခနဲ ဒေါသထွက်သွားသည်

Lisa အမြန် ကားမောင်းထွက်လာသည်

Lisaတို့ကုမ္ပဏီကနေ ရင်းနှီးမြှပ်နှံမယ့်ငွေတဝက်ကို ထုတ်သွားတာ seungho တို့ကုမ္ပဏီတဲ့လေ ပိုက်ဆံနောက်တဝက်အကြောင်းသိချင်ရင် အခု သူ့ကုမ္ပဏီကို လာခဲ့တဲ့ ပြီးတော့ lisaတို့က သူတို့ဆီမှာ အကြွေး 50 millionလည်း တင်နေတယ်တဲ့

Lisaကိုများ ရွဲ့နေတာလား...

Seungho ကုမ္ပဏီဆီရောက်တော့ တခါတည်း seungho အခန်းထဲ ဝင်လာသည် seungho အတွင်းရေးမှူးက အခုထိ lisaကို သူ့ချစ်သူလို့ ထင်နေလားမသိ အခန်းထဲ အေးဆေးဝင်ခွင့်ပြုသည်

"Seungho ရှင် ဒါ ဘာလုပ်တာလဲ"

"ဘာကိုလဲ...ေဩာ်.. ပိုက်ဆံတွေကို ပြန်ထုတ်တာကို ပြောတာလား"

Seungho က ခပ်ရွဲ့ရွဲ့ပြောလိုက်တော့

"ဘာလို့ ဘာလို့ ပိုက်ဆံတွေ ပြန်ထုတ်တာလဲ.."

"အင်း...မင်းနဲ့ကိုယ် ပြတ်သွားပီလေ လီဆာ အဲ့တော့ မင်းcompanyကနေ ကိုယ်ပိုက်ဆံတွေကို ပြန်ထုတ်တာ သဘာဝပဲလေ"

"ဘာ..."

"ဟုတ်တယ်လေ လီဆာ မင်းနဲ့ကိူယ် ချစ်သူဖစ်တုန်းက မင်းအဖေတောင်းဆိူလို့ ကိုယ်က မင်းကုမ္ပဏီမှာ ပိုက်ဆံထည့်ခဲ့တာလေ လီဆာ အခုကိုယ်တို့ ပြတ်သွားပီလေ ဟုတ်တယ်မလား လီဆာ..တကယ်လို့ မင်းနဲ့ကိုယ်သာ မပြတ်ဘဲ အခုထိ ဆက်တွဲနေရင် ကိုယ်အခုလို လုပ်မှာ မဟုတ်ဘူး lisa "

"ပြီးတော့ အခုထိ မင်းကို ကိူယ်စိတ်ပြတ်တာ မဟုတ်ဘူးနော် lisa မင်းသာဆန္ဒရှိရင် ကိုယ့်ဆီ အခု ပြန်လာလို့ ရသေးတယ် အဲ့လိုသာဆိုရင် ကိုယ်က အခုချက်ချင်း မင်းcompanyအတွက် ပိုက်ဆံပြန်ထည့်ပေးလို့ရတယ်"

"Seungho ကျွန်မ ရှင့်ကို အဲ့လောက် အောက်တန်းကျမယ်မထင်ထားဘူး ရှင်အခု ကျွန်မကို ခြိမ်းခြောက်နေတာလား"

မမ💓 (Lisoo)Where stories live. Discover now