Part 20💓

3.6K 290 16
                                        



unicode version

"ကလေး"

မမက lisaကို တွေ့တော့ lisaဆီ လမ်းလျှောက်လာပါသည်

Lisaကတော့ မျက်နှာပျက်နေတုန်း
မမရဲ့ငယ်ချစ်ဦးဆိုတာ lisaသိသွားပေတော့ စိတ်မကောင်းဖြစ်တဲ့ မျက်နှာတော့ ဖြစ်သွားပေမယ့်
ချက်ချင်း မမဆီက lisaကို အချစ်ဆုံးလို့ ပြောလိုက်တဲ့အချိန်မှာ
တကယ်ပါ ဝမ်းသာလိူ့
မျက်ရည်တောင်ကျပါသည်

မမ မမြင်အောင် နောက်လှည့်ပီး မျက်ရည်တွေသုတ်လိုက်ပါသည်

မမ မမြင်လောက်ဘူးထင်ပါရဲ့

"ကလေး"

Lisa မမဆီ ပြန်လှည့်လိုက်တဲ့အချိန်
မမက lisaလက်ကလေးကို အသာအယာ သူ့လက်ကလေးနဲ့ကိုင်ပြီးပြောသည်

"ကလေး စာမေးပွဲ ပီးသွားပီလား ဖြေနိုင်တယ်ကလေး"

"အင်း ဖြေနိုင်တယ်"

"ကလေး ဘယ်သွားမလဲ ဘာလုပ်ချင်လဲ ပြောလေ တို့အကုန်လိုက်လုပ်ပေးမယ်လေ"

"မမနဲ့အတူ လျှောက်လည်ချင်တယ် မမ"

"အင်း သဘောလေ"

မမက lisaလက်ကလေးကို ကိုင်ကာ ကျောင်းထဲကထွက်လာပါသည် လူတွေကကြည့်နေတော့လည်း မတတ်နိုင် မမက lisaကို ဖက်ပါဖက်ထားပါသည်

ညနေပိုင်းကတော့ မမက lisaသွားချင်တဲ့နေရာတွင်အားလုံး လိုက်ပို့ပေးတယ် စားချင်တာ မှန်သမျှ လိုက်ကျွေးတယ် Lisaဘာလိုချင်ချင် အကုန်လုပ်ပေးတယ်

"ကလေး"

Lisaတို့ လမ်းလျှောက်နေရင်းနဲ့ မမက Lisaလက်ကလေးကို သူ့လက်လေးနဲ့ကိုင်ထားပြီး ပြောသည်

"ပြောလေ မမ"

မမက ဘာမှဆက်မပြောဘဲ lisaကို ကြည့်နေပါသည်

"ဘာပြောမလို့လဲ မမ ပြောလေ"

Lisaက မမမျက်နှာကို ကြည့်ကာမေးလိုက်ပါသည်

"ကလေး ခုနက ကြားသွားတယ်မလား"

မမက lisaမျက်နှာကို စိတ်မကောင်းဖြစ်စွာ မေးတယ်

မမမေးတာ lisaသိပါသည် မမတို့ပြောနေတဲ့စကားတွေကိုပြောတာမလား

မမ💓 (Lisoo)Onde histórias criam vida. Descubra agora