Part 17💓

3.8K 313 8
                                    


unicode versions

"ကလေး ထတော့"

မမအသံကြောင့် lisaမျက်ဝန်းလေးတွေ မပွင့်ချင် ပွင့်ချင်နဲ့ ပွင့်လာပါသည်

Lisaမထချင်သေးဘူး အပျင်းထူချင်သေးပါတယ်

"ကလေး ထမယ်လေ"

"မမ ခဏကွာ ၅မိနစ်ကွာ"

Lisaaရဲ့ အတင်းချွဲပျစ်တဲ့အသံကြောင့်

"အင်း ငါးမိနစ်ပဲနော်ကလေး"

မျက်လုံးကမပွင့်သေးဘဲ မမကို ခေါင်းညိတ်လိုက်ပြသည်

Lisaက ကုတင်ပေါ်မှာ လှဲအိပ်နေတုန်း နိုးနေပြီဆိုပေမယ့် မထသေးချင်သေးပါဘူး ဒီတော့ ကုတင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ပင်။

ငါးမိနစ်ပြည့်တော့ မမရဲ့ သီချင်းသံလို ညိမ့်ညောင်းတဲ့အသံကို ထပ်ကြားပြန်ရပါတယ်

"ကလေးရေ ထမယ်လေ ကျောင်းသွားရမယ်လေ"

"မမကလဲ ခဏပဲ"

"ခဏမရဘူး ထ ကျောင်းသွားရမယ်"

မမက အတင်းဆွဲထူနေသည်

"အင်း အင်း ထ ပြီ ထပြီ"

Lisaက ပျင်းရိစွာ ထလာလေသည် မမက lisaကို ထူလိုက်ပြီး

"သွား ရေချိူး"

"ဟုတ်"

Lisaခေါင်းညိတ်ကာ ရေချိူးခန်းထဲ ဝင်ကာ ရေချိုးရလေသည် ပြီးတော့ အဝတ်အစားလဲကာ အခန်းထဲမှ ထွက်လာလေသည်

မမက ထမင်းကြော်ကို ကြက်ဥနဲ့ ပြင်ဆင်ပေးထားပါသည်

"ကလေး coffeeက အချိုပဲမလား"

"အင်း မမကရော အခါးပဲမလား"

Lisaက မေးတော့ မမက ခေါင်းညိတ်ပြသည်

"မမ အခါးသိပ်မသောက်နဲ့နော် ရင်တွေတုန်နေဦးမယ်"

"အင်းပါ အင်းပါ"

မမက ကော်ဖီခွက်၂ခွက်ကို စားပွဲပေါ်တင်ကာ lisaမျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပါသည်

Lisaက မမပြင်ပေးထားတဲ့ မနက်စာကို ခေါငတောင် မဖော်ဘဲ စားနေတော့

"ဖြည်းဖြည်းစားလေ ကလေးရဲ့ နင်နေဦးမယ်"

မမက ပြောတော့ lisaကရယ်ပါသည်

မမ💓 (Lisoo)Where stories live. Discover now