Part 15💓

3.9K 333 17
                                        

unicode version

'Lisaက ငါတို့ဆီ သွားမယ် ပြောတာတဲ့"

Nayeonစကားကြောင့် အကုန်အံဩသွားကြသည်

ဟိုနေ့က မမက lisaကို ငြင်းပီးတဲ့ နေ့ကစပြီး သူငယ်ချင်းတွေကို အဆက်အသွယ် မလုပ်တော့ပေ။

အဲ့နေ့က lisaအရမ်းခံစားရမယ်ဆိုတာ niniတို့အကုန်သိပါတ သူ မမကို အရမ်းချစ်တာသိပါတယ် မမကိုပေးဖိုဆို သူ့မှာ မရှိရှိတဲ့ပိုက်ဆံလေးတွေကို စုပြီး မမကို လက်ဆောင်ပေးရတာပါ

မမကို ဖွင့်ပြောဖို့ကြောက်လို့ niniတို့ဝိုင်းတွန်းအားပေးလို့ သူအရမ်းအားတင်းပီး ပြောခဲ့ရတာ မမက အာ့ကို လူအများကြီးရှေမှာ ငြင်းလိုက်တယ်ဆိုတော့ သူရှက်လည်းရှက် ဝမ်းလည်းနည်းသွားမှာပေါ့

လူအများကြီး သူ့ကို ဝိုင်းကြည့်နေတာဆိုတော့ သူရှက်သွားမှာပေါ့ မမက သူ့ကိုချစ်မယ်ထင်ပီး ဖွင့်ပြောလိုက်တော့ ငြင်းတာခံလိုက်ရတော့ ဝမ်းနည်းသွားမှာပေါ့

မနေ့က ကျောင်းမတက်တာကို niniတို့နားလည်ပါသည် သူငိုနေမှာပေါ့ ဝမ်းနည်းနေမှာပေါ့

ဒီနေ့တော့ သူကျောင်းလာမယ် ထင်ထားတာ သူက ကျောင်းလည်းမလာ ဖုန်းလည်းမဆက်တော့ ဒီက သူငယ်ချင်းတွေက စိတ်ပူကြပါလေရော

သူတို့က jennieအိမ်မှာစာလုပ်နေကြတာပင် lisaက ဘာမှ အဆက်အသွယ် မလုပ်လို့ပါ

သူ့အဖေဆီ ဖုန်းဆက်ကြည့်တော့ ပိုစိတ်ပူသွားရလေပြီ

Lisaက niniတို့ဆီက စာကူးဖို့ သွားတယ်တဲ့
Lisaအဖေက သူ့သမီးကို မတွေ့ဘူးလား ပြန်မေးတော့ nayeonနဲအတူ ပါသွားတာ မေ့သွားလို့ ဖေဖေ့ဆီ ဖုန်းဆက်လိုက်တာ ဆိုပီး လိမ်လိုက်ရလေသည်

တကယ်က lisaက နှစ်ရက်တောင် ကျောင်းလဲမလာ ဖုန်းလည်းမဆက်လို့ဘာများဖစ်တာလဲဆိုပီး ဖုန်းဆက်မေးကြတာပါ

"ဟဲ့ lisaဆီ ဖုန်းဆက်ကြည့်ဦး"

Jihyoက ပြောလိုက်တော့ nayeonက ဖုန်းဆက်တော့ ခေါင်းခါပြသည်

"ဟင့်အင်း ဖုန်းပိတ်ထားတယ်"

အဲ့လိုပြောတောာ့

Jeongyeon-lisa ဘယ်ရောက်နေတာလဲ မသိဘုး ကျောင်းလဲ မတက် ငါတို့ကိုလဲ အဆက်အသွယ်မလုပ် အခု ငါတို့ဆီကိုလဲ မလာဘူးဆိုတော့ ဘယ်များသဝေထိုးနေတာလဲ

မမ💓 (Lisoo)Место, где живут истории. Откройте их для себя