Part 18💓

3.6K 300 11
                                        

unicode version

"မမ"

"အင်း ပြောလေ ကလေး"

"မမက lisaကို မမသူငယ်ချင်းကို ဘာလို့မိတ်ဆက်ပေးတာလဲဟင်"

" ဘာလို့မေးတာလဲ ကလေး"

"မမက မမိတ်ဆက်ပေးလောက်ဘူး lisaကထင်လို့ "

"ဘာလို့မမိတ်ဆက်ပေးရမှာလဲ ကလေးက တို့ချစ်သူပဲဟာ"

မမပြောသောစကားကို lisaသဘောကျ နှစ်သက်မိပါသည်

ကလေးအကြောင်း တို့ကိုပြောပြလေ တို့လည်းသိချင်တယ်"

"Lisaအကြောင်းက ပြောစရာသိပ်မရှိပါဘူး ဖေဖေက ကုမ္ပဏီအသေးလေးပိုင်တယ် မေမေက ကျောင်းဆရာမ lisaက တစ်ဦးတည်းသောသမီး lisaလုပ်ချင်တာ အကုန်လုပ်ပေးတယ် တခုပဲ ဖေဖေ့စကားဆို နားထောင်ရတယ်"

"ဟုတ်လား သမီးအလိမ္မာတုန်းလေးပေါ့"

"Lisaက လိမ္မာပြီးသားနော် မမသိပြီးသားမလား"

"ဟာ..သိတာပေါ့ သိလို့ ဒီလို ကလေးအလိမ္မာလေးကို မမက သိပ်ချစ်နေရတာပေါ့"

"တကယ်လား.. "

"တကယ်ပေါ့ lisaကို မမ အရမ်းချစ်တာ"

Lisaက ပြောပီး မမပါးကိုဖျက်ခနဲနမ်းလိုက်ပါသည်
မမကလည်း lisaကို ပြန်နမ်းလိုက်ပြီး ချိုမြိန်သော အနမ်းတွေပေးပါသည် ထို့နောက်

"မမ "

"အင်း"

"Lisaက မမကို lisaအကြောင်း ပြောပီးပီဆိုတော့ lisaကို မမမိသားစုအကြောင်း ပြန်ပြောပြပါလား"

"ကလေးကသိချင်လို့လား"

"အင်း သိချင်လို့ ပြောပြ"

မမက lisaကို သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းပါသည်
ပြီးနောက် မမက အနောက်ကနေ lisaကို ဖက်ထားသည် lisaက မမပေါင်ပေါ်မှာ ထိုင်နေရင်း မမရဲ့လက်လေးတွေကို ဆုပ်ကိုင်ထားပါသည်

"အင်းး...မမအဖေနဲ့အမေက အရင်ကတော့ အရမ်းချစ်ကြတဲ့လူတွေပေါ့လေ မေမေ့မိသားစုက ဆင်းရဲတော့ မေမေက အထောက်အပံပေးရတာပေါ့...အထောက်အပံပေးရတာများတော့ ဖေဖေနဲ့ နောက်ပိုင်းကျ ငြိလာတာပေါ့...."

မမပြောတာကို lisa တိတ်တဆိတ်နားထောင်ဖြစ်ပါသညိ

"နောက်ပိုင်းကျ ဖေဖေနဲ့မေမေ ပြသနာတွေတက်လာတယ် ဖေဖေက မေမေ့အမျိုးတွေရဲ့ ဒဏ်ကို မခံနိုင်တော့ဘူး...တို့မှတ်မိသလောက်ဆို တို့၁၀ နှစ်သမီးမှာ ဖေဖေနဲ့ မေမေ ကွာရှင်းလိုက်ကြတာပဲ မေမေ့အမျိုး ပြသနာကြောင့်ပဲပေါ့..."

မမ💓 (Lisoo)Donde viven las historias. Descúbrelo ahora