Part 28💓

3.1K 249 25
                                        


unicode version

Eunjung နဲ့ chaeyoung ပြောသော စကားသိပ်မှန်ပါသည် သူတို့စကားက မဖြစ်နိုင်ခဲ့ဘူးလို့ သူထင်ခဲ့ပေမယ့်လဲ ဖစ်လာခဲ့ပါပြီ

ဟိုတနေ့က သူနဲ့တွေ့ဆုံပြီး နေ့ကတည်းက minaက အမြဲ သူ့ဆီ ဖုန်းဆက်ခဲ့သည်

သူ့ရဲ့စာဖတ်ပရိသတ်မို့ အစကတော့ ဒီအတိုင်း သူ့ဘက်က ဆက်ဆံရင်းနဲ့ သူတို့၂ယောက်ရဲ့ relationship က ပိုပိုပီး ကောင်းလာခဲ့သည်

တဖြည်းဖြည်းနဲ့ ခင်လာတာလည်း ၆လကျော်ပြီဆိူတော့ တယောက်နဲ့တယောက် သိလာသည် သူ့ထက်စာရင် minaက သူ့အကြောင်းကို ပိုသိမယ်ထင်ပါရဲ့ minaက သူ့အကြိုက်တွေကအစ သိပါသည် သူကတော့ Minaအကြောင်းသိပ်မသိ သိတာက minaက ဂျပန်လူမျိုးဆိူတာပင် mi မှာအကိုတယောက်ရှိတယ် ဒါပါပဲ

Miက သူ့အိမ်လဲ ခဏခဏ လာတယ်

"Sooစားဖို့ မုန့်"

"Sooစားဖို့ ခေါက်ဆွဲကြော်"

Miက သူ့ကိုsooလို့ခေါ်တယ် sooလို့ခေါ်ရတာ သဘောကျလို့တဲ့

သူက စာရေးပြီဆို ညစာတောင်မေ့တဲ့သူဆိုတာ miက သိပါသည် ဒါကြောင့် ညဘကရောက်တိုင်း မုန့်တခုခု နဲ့ သူ့အိမ်ရောက်လာတယ် maကတနေ့တမျိုး အကြောင်းပြချက်အမျိုးမျိုး ပေးကာ သူ့အိမ်ကိုလာတတ်တယ်

"Soo ဘယ်အချိန်ကတည်းက စာစရေးဖစ်ခဲ့တာလဲ"

စာရေးနေတဲ့သူ့ကို စာဖတ်နေတဲ့ miက မေးတယ်

"အင်း uniပြီးကတည်းကပဲ"

"ဘယ်လိုကနေ စာရေးဖစ်သွားတာလဲ unnie"

"လူတယောက်ကြောင့် စာရေးဖြစ်သွားတာ.."

"ဘယ်သူလဲဟင်.."

"တို့ချစ်သူကြောင့်လေ.."

သူပြောလိုက်တဲ့စကားကြောင့် miမျက်နှာပျက်သွားမယ်ဆိုတာ သူသိပါသည်

ဒီကောင်မလေးက ဒီလို သူ့ဆီအကြောင်းမရှိ အကြောင်းရှာပြီး လာတတ်တာ ဘာလို့လဲဆိုတာ သူသိပါသည်
တစ်ခါတည်း ပြောထားရမှာပေါ့ သူ့မှာ ချစ်တဲ့သူရှိတယ်ဆိုတာ...

ကလေးနဲ့သူက ပြတ်သွားပီဆိုပေမယ့်လည်း အခုအချိန်ထိ ကလေးက သူ့ချစ်သူလို့ သူသတ်မှတ်ပါသည်

မမ💓 (Lisoo)Место, где живут истории. Откройте их для себя