Part 37💓

3.6K 297 16
                                        

unicode version

Lisa အိမ်ပေါ်မှ ဆင်းလာပြီး အခု မမအိမ်မှာ၊ မမနဲ့အတူတူနေဖြစ်တယ်

ချစ်ရသူနဲ့ အတူနေရတာမို့လားမသိ အိမ်ကိုလည်း မလွမ်း မိဘတွေကိုလည်း မလွမ်း။

အိမ်အကြောင်း ဘာမှမသိတော့။ လမ်းခွဲလိုက်တဲ့ seunghoအကြောင်းလည်း မသိချင်တော့။

အလုပ်ကလည်း မလုပ်ဖြစ် အိမ်မှာပျင်းရိနေလဲ မမမျက်နှာကို မြင်ရတာမို့ အဆင်ပြေပါသည်

Lisa အလုပ်မလုပ်တာမို့ မမကို အားနာပါသည် မမလုပ်စာတွေနဲ့ပဲ lisaက စားလိုက် သောက်လိုက်ပင်။

မမကပြောတယ်

"တို့ရှာထားတဲ့ ပိုက်ဆံတွေအကုန်လုံးက ကလေးအတွက်ပဲ ကလေးကြိုက်သလောက်သုံးလို့ရတယ် စားချင်တာစား ဝယ်ချင်တာဝယ် သုံးချင်တာသုံး"

အဲ့လိုပြောလေ အားနာလေပါပဲ ဒါပေမယ့် lisaက အလုပ်မရှိတာမို့ မမပိုက်ဆံတွေနဲ့ပဲ သုံးရပါသည်

မမက lisaလိုချင်တဲ့ အဝတ်အစားအကုန် လိုက်ဝယ်ပေးပါသည် စားချင်တဲ့အစားအသောက် လိုက်ကျွေးပါသည် lisaမျက်နှာကို တချက်အညှိုုးမခံ lisa ဖြစ်ချင်တာအကုန် လိုက်ပို့ပေးပါသည်

မမက သူစာရေးနေတဲ့အချိန် နှောင့်ယှက်ရင် မကြိုက်ဘူး မမစာရေးနေရင် lisaမှာ ပျင်းတာအသေပါပဲ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်တာပါ

စာရေးတာကြာပီဆိုရင် lisaနှောင့်ယှက်ပြီး အပြင်သွားမယ် မုန့်စားမယ် စသဖြင့် အမျိုးစုံ နှောင့်ယှက်တတ်သည်

ဒီလိုမျိုးဆို မမက စိတ်မဆိုးဘဲ lisa ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ အကုန်လိုက်လုပ်ပေးပါသည်

Lisaမျက်နှာ နည်းနည်းပျက်သွားတာနဲ့ ကလေးဘာဖြစ်တာလဲ နေမကောင်းလို့လား စသဖြင့် မေးခွန်းပေါင်းစုံ။

မမက အခုတလော အချစ်ဝတ္ထုရေးနေတာတဲ့ တခါမှ အချစ်ဝတ္ထူမရေးတဲ့ သူက အခုတော့ အချစ်ဝတ္ထုရေးလို့ lisaစွမ်းအားကြောင့်ထင်ပါရဲ့

ဝတ္ထုထဲက အကြောင်းအရာကို သိချင်လို့ ဘေးနားကနေ ဟိုဘက်ကကြည့်လိုက် ဒီဘက်က ကြည့်လိုက် လုပ်လည်း လုံးဝမပြ။ စာအုပ်ထွက်မှ ဖတ်တဲ့

မမ💓 (Lisoo)Où les histoires vivent. Découvrez maintenant